“ကမ္ဘာအနှံ့က သတိထားမိသွားပြီး ကိုရီးယားသတင်းမှာတောင် ပါလာတဲ့ နေမင်းရဲ့ ဗီဒီယို”

1187

အခုတလော အွန်လိုင်းပေါ်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေတဲ့ Video တစ်ခုရှိပါတယ်။ အဲ့ဒီVideo လေးကတော့ သရုပ်ဆောင်မင်းသား နေမင်းတို့ လိုက်ပါစီးနင်းလာတဲ့ လေယဉ်က ရှေ့ဘီးထုတ်မရတဲ့ မတော်ဆမှုဖြစ်ပြီး အရေးပေါ်အခြေအနေနဲ့ဆင်းသက်ခဲ့ရပုံတွေကိုရိုက်ကူးထားတဲ့သတင်းလေးပဲဖြစ်ပါတယ်။

အဲ့ဒီလေယဉ်ကို ဦးဆောင်မောင်းနှင်လာတဲ့ ပိုင်းလော့ ကိုလည်း ဒီဖြစ်စဉ်နောက်ပိုင်းရဲ့ကျွမ်းကျင်မှုကိုလည်း လူအများက ဝိုင်းဝန်းချီးကျူးခဲ့ကြသလို ကိုယ်တိုင်လိုက်ပါစီးနင်းခဲ့တဲ့ လူတွေကိုယ်တိုင်ကလည်း ပိုင်းလော့ကြီးကို ဂုဏ်ပြုပွဲလုပ်ပေးမယ်လို့ ကြားသိထားရပါတယ်။

အဲ့ဒီလေယဉ်မတော်ဆမှုမှာ လိုက်ပါစီနင်းသူတစ်ယောက်ဖြစ်ခဲ့တဲ့ နေမင်းက လေယဉ်ဆင်းသက်ပြီးချိန်က လေယဉ် တွင်းအခြေအနေကို ဗီဒီယိုမှတ်တမ်းတင်ခဲ့တာကို လည်းအားလုံးကြားသိပြီးသားဖြစ်ပါတယ်။ သူရိုက်ကူးထားတဲ့Video ဟာ လူမှု့ကွန်ရက်တွေပေါ်မှာပျံ့နှံ့သွားခဲ့ပြီး အခုဆိုရင်ကိုရီးယား ရုပ်သံသတင်းဌာနတစ်ခုဖြစ်တဲ့ YTNက ပါသတင်းအဖြစ်တင်ဆက်သွားပြီဖြစ်ပါတယ်။

အဲ့ဒီသတင်းရုပ်သံကိုတော့နေမင်းက “ကိုရီးယာရုပ်သံ YTN သတင်းဌာန ကလည်းကျွန်တော့်ရဲ့ video clips လေးတွေနဲ့သတင်းတင်ပြနေကျွန်တော် တာဝန်ကျေတယ်လို့ခံစားမိလာသည်။” ဆိုပြီးPostရေးသားပြီး သူရဲ့Facebook အကောင့်မှာ ပြန်လည်မျှဝေထားပါတယ်

အခုကျနော်တို့ပြောချင်လွန်းလို့ မိတ်ဆွေတွေကို ဖော်ပြပေးသွားတဲ့ သတင်းအပေါ်မှာ မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းပြန်လည်မျှဝေပေးသွားကြပြီးဒီလို အဖြစ်ပျက်ဖြစ်နေကြတဲ့ အချိန်မှVideoမှတ်တမ်းတင်ပြီး အွန်လိုက်းပေါ်ကို တင်ခဲ့တဲ့ နေမင်းရဲ့ပြုမူမှုအပေါ်မှာရှိတဲ့ မိတ်ဆွေတို့ရဲ့အမြင်တွေကိုပါ ပြောပြပေးသွားပါ့ဦးခင်ဗျာ။

Can’t Wait To Say

unicode




Can’t Wait To Say

Facebook Comments