Zawgyicode
ကာကြယ္ေရး၀န္ႀကီးနဲ႔ ရဲတပ္ဖဲြ႔အႀကီးအကဲကုိ ရာထူးက ႏုတ္ထြက္ခုိ္င္းလုိက္တဲ့ သီရိလကၤာ သမၼတ
သီရိလကၤာႏုိင္ငံမွာ လူေပါင္း ၃၅၉ ေယာက္အထိ ေသဆုံးခဲ့ရတဲ့ အီစတာပဲြေတာ္အတြင္း အေသခံဗုံးခဲြ တုိက္ခုိက္မႈေတြ ႀကံဳခဲ့ရၿပီးေနာက္ ကာကြယ္ေရး၀န္ႀကီးနဲ႔ ရဲတပ္ဖဲြ႔အႀကီးအကဲ တုိ႔ကုိ ႏုတ္ထြက္ဖုိ႔ သမၼတ Maithripala Sirisena က ေတာင္းဆုိလုိက္ပါတယ္။
ကာကြယ္ေရး၀န္ႀကီး Hemasiri Fernando နဲ႔ ရဲခ်ဳပ္ Pujith Jayasundara တုိ႔ ႏုတ္ထြက္ဖုိ႔ သမၼတ႐ုံးက ဒီေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္တာပါ။ တုိက္ခုိက္ခံရမယ့္ အေျခအေနနဲ႔ ပတ္သက္လုိ႔ ရရွိထားတဲ့ ေထာက္လွမ္းေရး သတင္းေတြကုိ အစီရင္ခံဖုိ႔ ပ်က္ကြက္ခဲ့တဲ့ တာ၀န္ရွိသူေတြကုိ ရက္ပုိင္းအတြင္း အေရးယူမယ့္အေၾကာင္း သမၼတက ႐ုပ္ျမင္သံၾကား မိန္႔ခြန္းမွာ ေျပာၾကားလုိက္ၿပီး ေနာက္တေန႔မွာပဲ ႏုတ္ထြက္ဖုိ႔ ေတာင္းဆုိလုိက္တာလည္း ျဖစ္ပါတယ္။
ဒါေပမဲ့လည္း ဘယ္သူေတြနဲ႔ အစားထုိးမလဲ ဆုိတာကေတာ့ လတ္တေလာ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ သတင္းတခ်ဳိ႕မွာေတာ့ တုိက္ခုိက္ခံရမယ့္ အႏၱရာယ္နဲ႔ ပတ္သက္လုိ႔ အိႏၵိယေထာက္လွမ္းေရး အဖဲြ႔ေတြက သီရိလကၤာႏုိင္ငံကုိ အႀကိမ္ႀကိမ္ သတိေပးခဲ့သလုိ၊ တုိက္ခုိက္မႈ က်ဳးလြန္ခဲ့တဲ့အဖဲြ႔အျဖစ္ မသကၤာတဲ့ စစ္ေသြးၾကြအဖဲြ႔ NT,J နဲ႔ ပတ္သက္လုိ႔ အေသးစိတ္ အခ်က္အလက္ေတြ စုေဆာင္းထားေၾကာင္းလည္း ေဖာ္ျပခဲ့ၾကပါတယ္။
သမၼတနဲ႔ ၀န္ႀကီးခ်ဳပ္တုိ႔ၾကား ႏုိင္ငံေရး အားၿပိဳင္မႈေတြေၾကာင့္ တုိက္ခုိက္ခံရမယ့္ သတိေပးခ်က္ေတြကုိ အေရးယူကုိင္တြယ္ဖုိ႔ ပ်က္ကြက္ခဲ့တာလားဆုိတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚေနတာပါ။
၀န္ႀကီးခ်ဳပ္ကေတာ့ ဆက္သြယ္ေဆာင္ရြက္မႈေတြမွာ ပ်က္ကြက္တာေတြ ရွိခဲ့ေၾကာင္း မေန႔ကပဲ ၀န္ခံေျပာဆုိခဲ့ေပမဲ့ သမၼတနဲ႔ သေဘာထားကဲြလဲြမႈေတြကုိ ညွိႏႈိင္းေျဖရွင္းႏုိင္ခဲ့ေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ေဖာက္ခဲြေရးပစၥည္းေတြနဲ႔ ထြက္ေျပးလြတ္ေျမာက္ေနသူေတြ ရွိေနဆဲ ျဖစ္ေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္က ေျပာဆုိခဲ့တာပါ။
ႏုိင္ငံကာကြယ္ေရး တာ၀န္ယူထားတဲ့ သမၼတက လုံၿခံဳေရးဆုိင္ရာ အစည္းအေ၀းပဲြေတြမွာ ၀န္ႀကီးခ်ဳပ္ကုိ တက္ခြင့္မေပးတာေတြ ရွိခဲ့ေၾကာင္းလည္း တုိက္ခုိက္မႈေနာက္ပုိင္းမွာ တာ၀န္ရွိသူတခ်ဳိ႕က ေထာက္ျပၾကပါတယ္။
အေမရိကန္ သံအမတ္ႀကီး Alaina Teplitz ကလည္း အီစတာပဲြေတာ္ တုိက္ခုိက္မႈမတုိင္ခင္မွာ သီရိလကၤာႏုိင္ငံရဲ႕ ေထာက္လွမ္းေရးစနစ္မွာ အားနည္းခ်က္ေတြ ရွိခဲ့ေၾကာင္း ကုိလံဘုိၿမိဳ႕ေတာ္မွာ ႏုိင္ငံျခားသတင္းေထာက္ေတြကုိ ေျပာဆုိခဲ့တာပါ။
Source_VOA
Unicode
သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၃၅၉ ယောက်အထိ သေဆုံးခဲ့ရတဲ့ အီစတာပွဲတော်အတွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် ကာကွယ်ရေး၀န်ကြီးနဲ့ ရဲတပ်ဖွဲ့အကြီးအကဲ တို့ကို နုတ်ထွက်ဖို့ သမ္မတ Maithripala Sirisena က တောင်းဆိုလိုက်ပါတယ်။ကာကွယ်ရေး၀န်ကြီး Hemasiri Fernando နဲ့ ရဲချုပ် Pujith Jayasundara တို့ နုတ်ထွက်ဖို့ သမ္မတရုံးက ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
တိုက်ခိုက်ခံရမယ့် အခြေအနေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းတွေကို အစီရင်ခံဖို့ ပျက်ကွက်ခဲ့တဲ့ တာ၀န်ရှိသူတွေကို ရက်ပိုင်းအတွင်း အရေးယူမယ့်အကြောင်း သမ္မတက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားလိုက်ပြီး နောက်တနေ့မှာပဲ နုတ်ထွက်ဖို့ တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဘယ်သူတွေနဲ့ အစားထိုးမလဲ ဆိုတာကတော့ လတ်တလော ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သတင်းတချို့မှာတော့ တိုက်ခိုက်ခံရမယ့် အန္တရာယ်နဲ့ ပတ်သက်လို့ အိန္ဒိယထောက်လှမ်းရေး အဖွဲ့တွေက သီရိလင်္ကာနိုင်ငံကို အကြိမ်ကြိမ် သတိပေးခဲ့သလို၊ တိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့အဖွဲ့အဖြစ် မသင်္ကာတဲ့ စစ်သွေးကြွအဖွဲ့ NT,J နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ စုဆောင်းထားကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။
သမ္မတနဲ့ ၀န်ကြီးချုပ်တို့ကြား နိုင်ငံရေး အားပြိုင်မှုတွေကြောင့် တိုက်ခိုက်ခံရမယ့် သတိပေးချက်တွေကို အရေးယူကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာပါ။
၀န်ကြီးချုပ်ကတော့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာ ပျက်ကွက်တာတွေ ရှိခဲ့ကြောင်း မနေ့ကပဲ ၀န်ခံပြောဆိုခဲ့ပေမဲ့ သမ္မတနဲ့ သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထွက်ပြေးလွတ်မြောက်နေသူတွေ ရှိနေဆဲ ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
နိုင်ငံကာကွယ်ရေး တာ၀န်ယူထားတဲ့ သမ္မတက လုံခြုံရေးဆိုင်ရာ အစည်းအေ၀းပွဲတွေမှာ ၀န်ကြီးချုပ်ကို တက်ခွင့်မပေးတာတွေ ရှိခဲ့ကြောင်းလည်း တိုက်ခိုက်မှုနောက်ပိုင်းမှာ တာ၀န်ရှိသူတချို့က ထောက်ပြကြပါတယ်။ အမေရိကန် သံအမတ်ကြီး Alaina Teplitz ကလည်း အီစတာပွဲတော် တိုက်ခိုက်မှုမတိုင်ခင်မှာ သီရိလင်္ကာနိုင်ငံရဲ့ ထောက်လှမ်းရေးစနစ်မှာ အားနည်းချက်တွေ ရှိခဲ့ကြောင်း ကိုလံဘိုမြို့တော်မှာ နိုင်ငံခြားသတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
Source_VOA