” ဆင္းရဲတြင္းနက္ နက္သည္ထက္နက္”ၾကအံုးမယ္….

28659

တကယ္စစ္ရင္ တႏိုင္ငံလုံး အႏွံ႔အျပားပါပဲ

” ဆင္းရဲတြင္းနက္ နက္သည္ထက္နက္”

၁၃၈၁-ခု၊ နယုန္လျပည့္ေက်ာ္(၁)ရက္၊(၁၈-၆-၂၀၁၉)ေန႔၊ ေန႔လည္(၂)နာရီအခ်ိန္တြင္ မႏၲေလး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသနာထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕သည္ အေၾကာင္းကိစၥတစ္ခုုျဖင့္ လွည့္လည္ၾကစဥ္ ၃၀-၃၁-လမ္းၾကား၊ ၇၈-လမ္းအေရွ႕ဘက္ျခမ္းတြင္ အမ်ိဳးသမီး(၆)ေယာက္ အလွဴခံဖလားမ်ားျဖင့္ ေတြ႕ရွိတာေၾကာင့္ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ရံုးတြင္ ေခၚေဆာင္ၿပီး စစ္ေဆးၾကပါသည္။

” လိမ္ညာအလွဴခံဖြဲ႕ျဖစ္ေန”

စတင္ေတြ႕ရွိစဥ္ အမ်ိဳးသမီး(၃)ေယာက္မွာ ထြက္ေျပးသြားသျဖင့္အဖြဲ႕မွ ဆရာေတာ္မ်ားက ေနာက္ကေန အျမန္လိုက္ၿပီး ေခၚေဆာင္စဥ္ကတဲက မ႐ိုးသားတဲ့ အလွဴခံအဖြဲ႕မွန္း သိရွိခဲ့ပါသည္။

အဘယ္တြက္ အလွဴခံရတာလဲလို႔ စစ္ေဆးေမးျမန္းရာ ဘံုဆြမ္းေလာင္းအသင္းအတြက္ ျဖစ္ပါသတဲ့။ 

ဘယ္ရပ္ကြက္၊ ဘယ္ဘံုဆြမ္းေလာင္းအသင္းကလဲ ေမးျမန္းရာ မေျဖဆိုႏိုင္ၾကေတာ့ေပ။

အမည္၊ ေနရပ္၊ အလုပ္အကိုင္းမ်ား စစ္ေဆးေမးျမန္းရာ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာရပ္ကြက္မွ အမ်ားစုျဖစ္ၾကၿပီး အခ်ိဳ႕မွာ က်ဴးတဲမွာ ေနသူမ်ားျဖစ္ၾကၿပီး –

အလုပ္အကိုင္းမ်ားမွာ အခ်ိဳ႕က နားနတ္သီးစိပ္ေရာင္း၊ အခ်ိဳ႕က အေၾကာ္ေရာင္း၊ မုန္႔ပ်ားသလက္ေရာင္း၊ အခ်ိဳ႕က ဆံပင္လိုက္လွန္ဝယ္ဝယ္သူမ်ားျဖစ္ေနၾကေၾကာင္း စစ္ေဆးေတြ႕ရွိရပါသည္။

ဗုဒၶဘာသာဝင္မ်ား ဘံုဆြမ္းေလာင္းအသင္းအတြက္လို႔ ဆိုၾကေပမယ့္ ဘုန္းေတာ္ႀကီးမ်ားႏွင့္ စကားပင္ ေကာင္းစြာ မေျပာတတ္ၾကေပ။

ယခင္အလွဴခံအဖြဲ႕မ်ား ေတြ႕ရွိလို႔ စစ္ေဆးခဲ့စဥ္က ေထာက္ခံစာအတုမ်ား၊ ရက္လြန္ ခြင့္ျပဳခ်က္စာမ်ား ပါရွိၾကေပမယ့္ ယခု အလွဴခံအဖြဲ႕မွာ မည္သည့္ စာရြက္စာတမ္းမွ် မပါရွိၾကေပ။

” ကယ္တင္ဆံုးမ ”

အဖြဲ႕မွ ဆရာေတာ္မ်ားကမူ – မလုပ္သင့္ မလုပ္ထိုက္သည့္ ဘံုဆြမ္းေလာင္းအေၾကာင္းျပ လိမ္လည္အလွဴခံမႈသည္ ပစၥဳပၸန္ဘဝမွာလည္း ဆင္းရဲတြင္းနက္သည္ထက္ နက္မွာျဖစ္ၿပီး ေနာင္သံသရာဘဝမွာလည္း အပါယ္ဆင္းရဲတြင္း နက္သည္ထက္ နက္ေစေၾကာင္း မေကာင္းမႈ လုပ္ငန္းျဖစ္ေၾကာင္း ေနာင္လံုးဝ ေရွာင္ၾကဥ္ၾကရန္ အဆံုးအမ ၾသဝါဒမ်ားေပးၿပီး ေနာင္တစ္ႀကိမ္ ေတြ႕ရွိခဲ့ပါက ဥပေဒ-အရ အေရးယူျခင္း ခံရမည္ကို သိရွိပါေၾကာင္း ဝန္ခံကတိျပဳေစၿပီး ဆံုးမ၍ ျပန္လႊတ္လိုက္ပါသည္။(သာသနာထိန္းသိမ္းေရးအဖြဲ႕ ခ်မ္းေအးသာစံ၊ မႏၲေလး။)

credit . uptodatemm.com

unicode version

တကယ်စစ်ရင် တနိုင်ငံလုံး အနှံ့အပြားပါပဲ

” ဆင်းရဲတွင်းနက် နက်သည်ထက်နက်”

၁၃၈၁-ခု၊ နယုန်လပြည့်ကျော်(၁)ရက်၊(၁၈-၆-၂၀၁၉)နေ့၊ နေ့လည်(၂)နာရီအချိန်တွင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် အကြောင်းကိစ္စတစ်ခုုဖြင့် လှည့်လည်ကြစဉ် ၃၀-၃၁-လမ်းကြား၊ ၇၈-လမ်းအရှေ့ဘက်ခြမ်းတွင် အမျိုးသမီး(၆)ယောက် အလှူခံဖလားများဖြင့် တွေ့ရှိတာကြောင့် မြို့နယ်သံဃနာယကအဖွဲ့ရုံးတွင် ခေါ်ဆောင်ပြီး စစ်ဆေးကြပါသည်။

” လိမ်ညာအလှူခံဖွဲ့ဖြစ်နေ”

စတင်တွေ့ရှိစဉ် အမျိုးသမီး(၃)ယောက်မှာ ထွက်ပြေးသွားသဖြင့်အဖွဲ့မှ ဆရာတော်များက နောက်ကနေ အမြန်လိုက်ပြီး ခေါ်ဆောင်စဉ်ကတဲက မရိုးသားတဲ့ အလှူခံအဖွဲ့မှန်း သိရှိခဲ့ပါသည်။

အဘယ်တွက် အလှူခံရတာလဲလို့ စစ်ဆေးမေးမြန်းရာ ဘုံဆွမ်းလောင်းအသင်းအတွက် ဖြစ်ပါသတဲ့။

ဘယ်ရပ်ကွက်၊ ဘယ်ဘုံဆွမ်းလောင်းအသင်းကလဲ မေးမြန်းရာ မဖြေဆိုနိုင်ကြတော့ပေ။

အမည်၊ နေရပ်၊ အလုပ်အကိုင်းများ စစ်ဆေးမေးမြန်းရာ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှ အများစုဖြစ်ကြပြီး အချို့မှာ ကျူးတဲမှာ နေသူများဖြစ်ကြပြီး –

အလုပ်အကိုင်းများမှာ အချို့က နားနတ်သီးစိပ်ရောင်း၊ အချို့က အကြော်ရောင်း၊ မုန့်ပျားသလက်ရောင်း၊ အချို့က ဆံပင်လိုက်လှန်ဝယ်ဝယ်သူများဖြစ်နေကြကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ဗုဒ္ဓဘာသာဝင်များ ဘုံဆွမ်းလောင်းအသင်းအတွက်လို့ ဆိုကြပေမယ့် ဘုန်းတော်ကြီးများနှင့် စကားပင် ကောင်းစွာ မပြောတတ်ကြပေ။

ယခင်အလှူခံအဖွဲ့များ တွေ့ရှိလို့ စစ်ဆေးခဲ့စဉ်က ထောက်ခံစာအတုများ၊ ရက်လွန် ခွင့်ပြုချက်စာများ ပါရှိကြပေမယ့် ယခု အလှူခံအဖွဲ့မှာ မည်သည့် စာရွက်စာတမ်းမျှ မပါရှိကြပေ။

” ကယ်တင်ဆုံးမ ”

အဖွဲ့မှ ဆရာတော်များကမူ – မလုပ်သင့် မလုပ်ထိုက်သည့် ဘုံဆွမ်းလောင်းအကြောင်းပြ လိမ်လည်အလှူခံမှုသည် ပစ္စုပ္ပန်ဘဝမှာလည်း ဆင်းရဲတွင်းနက်သည်ထက် နက်မှာဖြစ်ပြီး နောင်သံသရာဘဝမှာလည်း အပါယ်ဆင်းရဲတွင်း နက်သည်ထက် နက်စေကြောင်း မကောင်းမှု လုပ်ငန်းဖြစ်ကြောင်း နောင်လုံးဝ ရှောင်ကြဉ်ကြရန် အဆုံးအမ သြဝါဒများပေးပြီး နောင်တစ်ကြိမ် တွေ့ရှိခဲ့ပါက ဥပဒေ-အရ အရေးယူခြင်း ခံရမည်ကို သိရှိပါကြောင်း ဝန်ခံကတိပြုစေပြီး ဆုံးမ၍ ပြန်လွှတ်လိုက်ပါသည်။(သာသနာထိန်းသိမ်းရေးအဖွဲ့ ချမ်းအေးသာစံ၊ မန္တလေး။)

credit .uptodatemm.com

Facebook Comments