ဒီကိုရင်လေးကို တွေ့ရင် အထူးသတိထားကြပါရန်……

45177

ပုံပါကိုရင်လေးကိုတွေ့ရင် သတိထားကြပါ။

3-4-2019ရက်နေ့မနက်က ပြည်မြို့ထွေအုပ်ရုံးကို အသက် ၁၆/၁၇ အရွယ် ကိုရင်လေးကဗန်မော်ကလာသူ သူ့အဖေက ဒီ( ပြည်မြို့မှာ) နောက်မိန်းမနဲ့ နေ နေတာ အဲဒါတွေ့ဖို့လာတာ ဗန်မော်ကနေ ဖုံးဆက်တုံးက လာခဲ့ ဆိုလို့အခုလာတာ

ဒီ (ပြည်မြို့)ရောက်တော့ ဖုံးဆက်တော့ သူ့မိထွေးက ဖုံးကိုင်တယ် ဖုံးထဲမှာတော့ (နင်မှာ သိန်း ၅၀ ပါလား လို့မေးတယ့် ကိုရင်လေးက မပါဘူးလို့ဖြေတော့ ဒါဆိုရင် မလာနဲ့ဆိုပြီး ဖုံးချသွားတယ်) အဲဒါနဲ့ ကိုရင်လေးကို အဝေးပြေးဂိတ်က ကယ်ရီသမားတွေက အမှတ် ၃ ရဲစခန်းကို လိုက်ပို့လိုက်တယ် ၊   ရဲစခန်းက သူတို့အပိုင်မုတ်ဘူး ဆိုပြီး နောက် ထပ် အမှတ် ၁၊အမှတ် ၂ ရဲစခန်းတွေ့နေ နောက်ဆုံး ထွေအုပ်ရုံးကိုရောက်ရှိလာခဲ့တော့တာပေါ့၊ထွေအုပ်ရုံးကတော့ ၀န်ထမ်းအမျိုးသမီးတွေများတယ်လေ အဲဒိတော့ မြို့နယ်အုပ်ချုပ်ရေးမှုးကြီးကို သတင်းပို့ မြို့နယ်အုပ်ချုပ်ရေးမှုးကြီးက စတင်ပြီး ငွေ ၁၀၀၀၀ ကျပ်မတည်ပြီး အလှူငွေထည်

ဝန်ထမ်းတွေလဲ အားလုံးသနားကြပြီး ၀ိုင်းလှူလိုက်ကြတာ စုစုပေါင်း ကိုးသောင်းကျော်လောက်ရသွားတယ်၊အဲဒိမှာ ထွေအုပ်ရုံးကို ကိစ္စတခုနဲ့ရောက်လာတဲ့ သတင်းထောက်အစ်ကိုတွေက သူတို့တပ်ကျွမ်းတဲ့ ပညာနဲ့ ကိုရင်လေးအလျူရှင်တွေရရှိစေဖို့အတွက် သတင်းတင်ပေးမယ်လို့လုပ်တော့ ကိုရင်လေးက အကြောက်အကန်ငြင်းနေတယ်၊

အဲ့တာကြောင့်ဖေ့ဘုတ်ပေါ်ပဲ သတင်းထောက်အစ်ကိုတယောက် တင်လိုက်တော့တာပေါ့………..ဖေ့ဘုတ်ပေါ်တင်ပြီးသိပ်မကြာပါဘူး ၊ပြည်မြို့က RESCUE အဖွဲ့တဖွဲ့က ပိုစ်တင်တဲ့သတင်းထောက်အစ်ကို ကို ချက်ချင်းဖုံးဆက်တယ်

ဒီကိုရင်လေးက အရင်ကလဲ သူတို့အဖွဲ့ ထံကိုရောက်လာခဲ့လို့အခုလိုပဲ ငွေ ၁၅၀၀၀၀ လောက်နဲ့ ကားလက်မှတ်ဖြတ်ပြီး အကုန်စီစဉ်ပြီး အကူအညီပေးဘူးတယ်ဆိုပြီး ဖုံးဆက်လို့ ချက်ခြင်း သတင်းထောက်အစ်ကိုမှ ထွေအုပ်ကိုဖုံးဆက်လိုက်တယ် ဖုန်ဆက်ပြီးသိပ်မကြာခင် ၇ဲကိုခေါ်အပ်လိုက်တယ်

အဲဒိနောက်မှာသိလိုက်ရတာက သာသနာရေးဦးစီးဋ္ဌာနကလာပြီ လူဝတ်လဲတယ်၊ပြီးတော့ အမှတ် ၁ ရဲစခန်းကို အပ်လိုက်တယ် အရေးတော့မယူ ဘူးတဲ့ ခံဝမ် လက်မှတ်ထိုးပြီး ပြန်လွှတ်လိုက်တယ်လို့သိရပါတယ်

ထိုကိစ္စမျိုးအလားတူ မြို့နယ်နာမည်ကွဲလျှက် ပုံပါကိုရင်လေးဟာ 6-4-2019ရက် မနေ့ကလည်း မန္တလေးမှာ သွားရာက်လိမ်လည်အလှူခံသွားသည်ဟုသိရ၍ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ညီကိုမောင်နှစ်မများအား ကျွန်တော်တို့လို အလိမ်မခံရစေရန် ရည်ရွယ်၍ လေးစားစွာဖြင့် ဓာတ်ပုံများနှင့်အတူ တင်ပေးလိုက်ပါသည်။

ပြန်လည်ရှယ်ပေးခြင်းဖြင့် မျှဝေပေးကြပါ .. ပြည် သစ္စာ

Facebook Comments