ဒီည ၈ နာရီခန္႔မွာ အုတ္ဖိုရဲဲဲစခန္းႏွင့္ေညာင္ေခ်ာင္း ရဲစခန္းကို ၀င္ေရာက္ စီးနင္း တိုက္ခို္က္ေန ရဲတပ္ဖြဲ ့၀င္ ၄ ဦး က်ဆံုးဟု သတင္းထြက္

Posted on

အုတ္ဖိုရဲဲဲစခန္းႏွင့္ေညာင္ေခ်ာင္း ရဲစခန္းကို AA ၀င္စီး တိုက္ခို္က္ ေညာင္ေခ်ာင္း ရဲစခန္းမွ ရဲတပ္ဖြဲ ့၀င္ ၄ ဦး က်ဆံုးဟု သတင္းထြက္

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ ့က ယေန ့( မတ္ ၁၀ ) ည ၈ နာရီခန္ ့တြင္ ဘူးသီးေတာင္​ၿမိဳ႕နယ္​မွ အုတ္ဖိုရဲဲဲစခန္းႏွင့္ေညာင္ေခ်ာင္း ရဲစခန္းကို ၀င္ေရာက္ စီးနင္း တိုက္ခို္က္ေန သည္ဟု သတင္းမ်ားထြက္ေပၚလာသည္။

ေညာင္ေခ်ာင္း ရဲစခန္းမွ ရဲတပ္ဖြဲ ့၀င္ ၄ ဦး က်ဆံုးသြားျပီဟုလည္း သတင္းမ်ားၾကားသိရသည္။

အတည္ျပဳႏိုင္ေရးအတြက္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကို အၾကိမ္ၾကိမ္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရေပ။

ေညာင္ေခ်ာင္းရဲစခန္းနားတြင္ ေသနတ္ပစ္ခတ္သံမ်ား ၾကားေနရေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေအာင္ေသာင္းေရႊက The Ladies News သို့ေျပာၾကားသည္။

” ေညာင္ေခ်ာင္းနားမွာေတာ့ ေသနတ္သံေတြၾကား တယ္ဆိုၿပီး သတင္းၾကားတယ္။ အတိအက်ေတာ့ မသိဘူး” ဟုေျပာၾကားသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္အုပ္ေရးမွဴးဦးေက်ာ္ဝင္းထြန္း၏လက္ကိုင္ဖုန္းကိုဆက္သြယ္ေသာ္လည္း ဖုန္းကိုင္ေဆာင္ကာျပန္လည္ေျဖဆိုသူက ဆရာအျပင္သြားေနသည္ဟု ေျပာေသာေၾကာင့္ ေမးျမန္းခြင့္မရခဲ့ေပ။

AA အဖြဲ႔သည္ မတ္လ ၉ ရက္ေန႔ည ၁၁ နာရီေက်ာ္အခ်ိန္က ပုဏၰားကၽြန္းၿမိဳ႕နယ္ရွိ ယိုးတ႐ုပ္ေက်းရြာ ရဲကင္းစခန္းသို႔ဝင္ေရာက္တိုက္ခိုက္ခဲ့ေသာေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ ၉ဦးေသဆံုးကာ ၁ ဦး ဒဏ္ရာရၿပီး ၁ဦးေပ်ာက္ဆံုးေနသည္။

ေအာင္ရဲေနာင္ – The Ladies News

Unicode

အုတ်ဖိုရဲဲဲစခန်းနှင့်ညောင်ချောင်း ရဲစခန်းကို AA ဝင်စီး တိုက်ခို်က် ညောင်ချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ ့ဝင် ၄ ဦး ကျဆုံးဟု သတင်းထွက်

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ ့က ယနေ ့( မတ် ၁၀ ) ည ၈ နာရီခန် ့တွင် ဘူးသီးတောင်​မြို့နယ်​မှ အုတ်ဖိုရဲဲဲစခန်းနှင့်ညောင်ချောင်း ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခို်က်နေ သည်ဟု သတင်းများထွက်ပေါ်လာသည်။

ညောင်ချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ ့ဝင် ၄ ဦး ကျဆုံးသွားပြီဟုလည်း သတင်းများကြားသိရသည်။

အတည်ပြုနိုင်ရေးအတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ညောင်ချောင်းရဲစခန်းနားတွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သောင်းရွှေက The Ladies News သို့ပြောကြားသည်။

” ညောင်ချောင်းနားမှာတော့ သေနတ်သံတွေကြား တယ်ဆိုပြီး သတင်းကြားတယ်။ အတိအကျတော့ မသိဘူး” ဟုပြောကြားသည်။

ဘူးသီးတောင်မြို့နယ်အုပ်ရေးမှူးဦးကျော်ဝင်းထွန်း၏လက်ကိုင်ဖုန်းကိုဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင်ကာပြန်လည်ဖြေဆိုသူက ဆရာအပြင်သွားနေသည်ဟု ပြောသောကြောင့် မေးမြန်းခွင့်မရခဲ့ပေ။

AA အဖွဲ့သည် မတ်လ ၉ ရက်နေ့ည ၁၁ နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာ ရဲကင်းစခန်းသို့ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၉ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး ၁ဦးပျောက်ဆုံးနေသည်။

အောင်ရဲနောင် – The Ladies News

Facebook Comments