နည်းပြ၊ပရိသတ်တွေကပါချီးကျူးခံခဲ့ရတဲ့ အောင်သူ ခြေစွမ်းတွေက (ဗွီဒီယိုဖိုင်)

604

မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးအောင်သူကတော့ဒီနှစ်မှာထိုင်းပရီးမီးယားလိဒ်ကလပ်

မြောင်တောင်အသင်းမှာကစားနေပြီဖြစ်ပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ထိုင်းပရီးမီးယားလိဒ်မှာ

တော့အောင်သူအနေနဲ့ပွဲထွက်ခွင့်ရဖို့အတွက်အကောင်းဆုံးခြေစွမ်းတွေပြရတော့မှာဖြစ်ပါတယ်။

အောင်သူအနေနဲ့လည်းထိုင်းပရီးမီးယားလိဒ်နဲ့မစိမ်းတာကြောင့်ထိုင်းလိဒ်အကြောင်းကိုကောင်းကောင်းသိနေမှာဖြစ်ပါတယ်။

အောင်သူကတော့အသင်းကိုရောက်ရောက်လာခြင်းမှာပဲခြေစွမ်းတွေပြနိုင်ခဲ့တာကြောင့်

ပရိသတ်တွေနည်းပြတွေရဲ့အချစ်တော်ဖြစ်နေရတာပါ။ရာသီကြိုခြေစမ်းပွဲတွေလည်းတောက်လျောက်ကစားခဲ့ပြီး

အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။အသင်းမှာသူ့ရဲ့တစ်ကိုယ်တော်ခြေစွမ်းတွေနဲ့

သာကစားနေရတာကြောင့်ပရိသတ်တွေကသူအသင်းပြောင်းခဲ့တာအပေါ်ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဒ်ကတော့ပြီးခဲ့တဲ့အပတ်ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။မြောင်တောင်အသင်း

ကတော့အိမ်ကွင်းမှာအဖွင့်ပွဲကစားခဲ့ရပြီးPrachuapFCအသင်းကိုတစ်ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဒီပွဲမှာအောင်သူလည်းပွဲအစတည်းကပါဝင်ခဲ့ပြီးခြေစွမ်းပြကစားနိုင်ပေမယ့်ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဒီပွဲကိုထိုင်းပရိသတ်တွေနဲ့ထိုင်းရောက်မြန်မာပရိသတ်တွေကွင်းလုံးပြည့်လာကြည့်ခဲ့ပါတယ်။

ဒီပွဲကိုမကြည့်လိုက်ကတဲ့ပရိသတ်တွေအတွက်လည်းပွဲ highlights လေးကိုတင်ဆက်ပေးလိုက်ပါတယ်။

SOURCE:Aung Thu Fans Group

source Myanmar load

Facebook Comments