Unicode
ဘာသာရပ်များရဲ့ရေကစားပွဲတော်တွေမှာ တက္ကသိုလ် ကျောင်းသား ကျင့်ဝတ်သိက္ခာနဲ့မညီတဲ့ ရန်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရန်ဖြစ်သည် သော လုပ်ရပ်ဟာ နိုင်ငံကြီးသား မပီသ ကြလို့ပါ။ တက္ကသိုလ်ကျောင်းသားတွေအတွက် ကျောင်းသင်္ကြန် လုပ်တယ်ဆိုတာ ပျော်ပျော်ပါးပါး ရေကစားရင်း နွေရာသီ ကျောင်းပိတ်ရင်ခွဲခွါရမယ့် သူငယ်ချင်းတွေ အတွက် အတာရေ နဲ့ နှုတ်ဆက်ခြင်းဖြစ်ပါတယ်။
လွတ်လွတ်လပ်လပ် အရက် ဘီယာ မူးပြီး ဓားကိုင် ရမ်းကားဖို့မဟုတ်ပါဘူး။ တက္ကသိုလ်ကျောင်းသားတွေက ဓားကိုင်ပြီး ဓားနဲ့ထိုးတယ်။ ဘီယာပုလင်း ကိုင်ပြီး လမ်းမပေါ်မှာ ပေါ်ပေါ်တင်တင် မော့သောက်တာဟာ ရှက်ဖွယ်လိလိ ကိစ္စရပ်ပါ ။ လက်တစ်ဖက်က အုပ်ခဲကျိုး နဲ့ လက်တစ်ဖက်က က နေတယ်။မေဂျာသင်္ကြန်ပွဲတွေမှာ လက်သီးနဲ့ထိုးတယ်ဆိုတာ ယဉ်ကျေးသောအပြုမူလို့တောင် ပြောရ မယ့် အနေအထားဖြစ်နေပါပြီ။ မေဂျာသင်္ကြန်ပွဲတွေကို အရုပ်ဆိုး အကျည်းတန်ေစသော ရန်ဖြစ်တဲ့သူတွေအားလုံးကို ရှုံ့ချပါသည်။ သူတပါးတစ်ဖက်သားကို ဒုက္ခပေးတဲ့ ပျော်ရွှင်မှု မျိုး။
ငြိမ်းချမ်းမှု မပါတဲ့ ပျော်ရွှင်မှုတွေလိုဘဲ။ အတာရေမဟုတ်တော့ဘူး ယမကာ ရေ နဲ့ ပျော် နေကြတာပဲ ဖြစ်ပါတယ်။ ရန်ဖြစ်တယ်ဆိုတာ အဖျက်သဘောနဲ့ ထင်ပေါ်ကျော်ဇောလိုတဲ့ စိတ်ကြောင့်ဆိုရင် မိဘ ဆရာသမားတွေရော ပညာသင်ကြားပေးနေသော မိခင်ဘာသာရပ်ဌာန၊မိခင်ကျောင်းတော်ကြီးရဲ့ ပုံရိပ်ကို ထိခိုက် သွားခဲ့ပါပြီ။
Souce:-ပခုက္ကူတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ