ပင်စင်သွားထုတ်တာ ဘဏ်မှ ပိုက်ဆံ အစုတ်အပြဲများ ထည့်ပေးလိုက်သည့် ဖြစ်ရပ်

172

ကျွန်​မအ​ဖေအသက်​၇၅နှစ်​ရှိပါပြီ။ ဒီ​နေ့ပင်​စင်​သွားထုတ်​တာ မနက်​၈နာရီကသွားတာ ​နေ့လည်​၁၂နာရီခွဲမှပြန်​​ရောက်​ပါတယ်။

တစ်​​ထောင်​တန်​အုပ်​ထဲမှာ အစုတ်​အပြတ်​၁၀ရွက်​​လောက်​ပါတယ်​။ အခုပြထားတာအဆိုးဆုံး​တွေပါ။ ကျွန်​မတို့ဘဏ်​မှာပိုက်​ဆံသွင်းရင်​ စစ်​လိုက်​တာအပြန်​ပြန်​အလှန်​လှန်​ နည်းနည်း​လေးမဲရင်​နီရင်​ ဖားဥတက်​ရင်​မှိုတက်​ပြန်​လဲခိုင်းတယ်။ ဒီပိုက်​ဆံ​တွေကပိုက်​ဆံလာသွင်းတုန်းက ​သေ​သေချာချာမစစ်​ဘူးလား။

ပင်​စင်​စားပိုက်​ဆံဆိုတာအလကားရတာမဟုတ်​ဘူး။ အသက်​ကြီးအဖိုးအဖွား​တွေတုန်​တုန်​ ချိချိနဲ့လာထုတ်​ရတာပါ။ ဘဏ်​ဝန်​ထမ်း​တွေကိုယ်​ချင်းစာပါ။ ရှင်​တို့လည်းတစ်​​နေ့ပင်​စင်​ယူ​တော့ ဝဋ်​မလည်​ပါ​စေနဲ့။

Daw Ni Ni Aung

Facebook Comments