ဗစ္တိုရီးယားအမႈမွာ သူမဟုတ္ေၾကာင္း ေအာင္ၾကီးက ထြက္ဆိုခဲ့တယ္လို႔ မိဘေတြေျပာျပီ

Posted on

Zawgyi

“သားမွမဟုတ္တာ၊ အမွန္အတိုင္းပဲ သားကေျပာတာေပါ့၊ စီအိုင္ဒီကေမးတယ္၊ စခန္းကေမးတယ္၊ သူ႔ကို ၃ခါစစ္တယ္၊ ဒီအတိုင္းပဲ ထြက္ဆိုတယ္” လို႔ ဗစ္တိုးရီယားအမႈမွာ ဖမ္းဆီးခံထားရတဲ့ ေအာင္ေက်ာ္မ်ဳိး (ခ) ေအာင္ၾကီးရဲ႔ မိဘေတြက ဒီဗြီဘီကို ေျပာပါတယ္။

ေနျပည္ေတာ္ Wisdom Hill မူၾကဳိေက်ာင္းမွာ အသက္၂ႏွစ္ ၁၁လအရြယ္ မူၾကဳိေက်ာင္းသူတစ္ေယာက္ မဖြယ္မရာျပဳက်င့္ခံရမႈနဲ႔ ပတ္သက္ၿပီး အဲဒီ့ေက်ာင္းက ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴးရဲ႔ ယာဥ္ေမာင္း ေအာင္ေက်ာ္မ်ဳိး (ခ) ေအာင္ၾကီးကို ပုဒ္မ ၃၇၆ ရဲတပ္ဖြဲ႔က ဖမ္းဆီးတရားစြဲဆိုလိုက္တယ္လို႔ ဒကၡိဏခ႐ိုင္ တရား႐ံုး၊ ဒုတိယတရားသူႀကီး ဦးညိဳေဌးက ဇူလိုင္(၄)ရက္ေန႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ေနျပည္ေတာ္ အက်ဥ္းေထာင္မွာ ဖမ္းဆီး ခ်ဳပ္ရက္ရမန္ယူထားၿပီး ဇူလိုင္ (၁၅)ရက္ေန႔ကို ရုံးခ်ိန္းရွိတယ္လို႔ ဆိုပါတယ္။ ဗစ္တိုးရီးယားအမႈလို႔ ရည္ညႊန္းေျပာဆိုေနၾကတဲ့ ဒီအမႈဟာ အမ်ားျပည္သူ စိတ္၀င္စားမႈ ေဝဖန္မႈေတြ ျမင့္တက္ေနတဲ့အမႈ ျဖစ္ပါတယ္။ ဗစ္တိုးရီးယားအမႈမွာ ဖမ္းဆီးခံထားရသူ ေအာင္ၾကီးရဲ႔ မိဘမ်ားျဖစ္တဲ့ ဦးျမသိန္းနဲ႔ ေဒၚရီတို႔ကို ဒီဗြီဘီက ေတြ႔ဆုံေမးျမန္းထားပါတယ္။

Credit – dvb

Unicode ျဖင့္ဖတ္ရန္

“သားမှမဟုတ်တာ၊ အမှန်အတိုင်းပဲ သားကပြောတာပေါ့၊ စီအိုင်ဒီကမေးတယ်၊ စခန်းကမေးတယ်၊ သူ့ကို ၃ခါစစ်တယ်၊ ဒီအတိုင်းပဲ ထွက်ဆိုတယ်” လို့ ဗစ်တိုးရီယားအမှုမှာ ဖမ်းဆီးခံထားရတဲ့ အောင်ကျော်မျိုး (ခ) အောင်ကြီးရဲ့ မိဘတွေက ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ အသက်၂နှစ် ၁၁လအရွယ် မူကြိုကျောင်းသူတစ်ယောက် မဖွယ်မရာပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီ့ကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ ၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက ဇူလိုင်(၄)ရက်နေ့ အတည်ပြု ပြောကြားခဲ့ပါတယ်။ လက်ရှိ နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီး ချုပ်ရက်ရမန်ယူထားပြီး ဇူလိုင် (၁၅)ရက်နေ့ကို ရုံးချိန်းရှိတယ်လို့ ဆိုပါတယ်။

ဗစ်တိုးရီးယားအမှုလို့ ရည်ညွှန်းပြောဆိုနေကြတဲ့ ဒီအမှုဟာ အများပြည်သူ စိတ်ဝင်စားမှု ဝေဖန်မှုတွေ မြင့်တက်နေတဲ့အမှု ဖြစ်ပါတယ်။ ဗစ်တိုးရီးယားအမှုမှာ ဖမ်းဆီးခံထားရသူ အောင်ကြီးရဲ့ မိဘများဖြစ်တဲ့ ဦးမြသိန်းနဲ့ ဒေါ်ရီတို့ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

Credit – dvb

Facebook Comments