မျက်နှာပေါ်က တင်းတိတ်တွေ ပျောက်ချင်လား ?

807

တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့  အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ ပါ ။အုန်းမုတ် ခွက်သာ သက်သေကြည့်တော့ ။

Credit – Aung Myo

သံပုရာသီးမသုံးပဲ အုန်းမုတ်ခွက်ပဲသွေးလူးပါကသုံးခါလောက်လူးပြီး မျက်နာပြင်ချောမွေ့လာမည်ကိုလက်တွေ့သိရပါလိမ့်မည် ။ ။

“လူသိနည်းသော အုန်းမုတ်ခွက်ဆေးနည်းများ “အောက်မှ link မှာဖိဖတ်ပေးပါ ။ ။

လူသိနည်းသော “အုန်းမှုတ်ခွက်ဆေးနည်းများ”

အခုပြောပြမယ့်ခွက်ကလေးက အုန်းမှုတ်ခွက်လေးအကြောင်းပါ ။

ဖတ်ဘူးသမျှနဲ့ကိုယ်တွေ့ဆေးဖက်ဝင် တဲ့အုန်းမှုတ်ခွက်အကြောင်းလေးပါ ။

အညာဒေသရဲ့ ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ ချစ့်စရာ့ ဓလေ့ တွေ ဟာ…ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ ။

ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမှုတ်ခွက် ပါ ။

အိုးမှုတ်ခွက် ကို အသေချာ အချော ကိုင် ၊ ခွက်နားစွန်း တဖက်တချက် မှာ အပေါက်ပြီး လက်ကိုင်ရိုးကို တတ်ထားပါ တယ် ။

အခွံမပါ၊အမွှေးမပါ ခွဲထားပြီး၊အသား၊အဆန်ထုတ်ထားပြီး၊လွှင့်ပစ်ထားသောအုန်းမှုတ်ခွက် အခွံကိုဆိုလိုပါသည်။

“ဆေးနည်းတစ်မျိုးကတော့”

အုန်းမှုတ်ခွက်တစ်ခုကိုရေဆေး နေလှမ်းပြီး ပါက မီးရှို့ပါ။

ထွက်လာသောအငွေ့ကို သန့်သော ဒန်၊သတ္ထု အဖုံးတစ်ခုခုဖြင့်မှိုင်းခံပါ။( တစ်ချို့ကတော့ဓါးမကြီးတစ်ချောင်းပေါ်မှာတင်ပြီးလုပ်ပါတယ် မြန်မာနည်းပေါ့ )

အညိုရောင် အဆီများကပ်လာပါမည်။

ပွေးကိုသန့်သော ပစ္စည်းတစ်ခုဖြင့်ခြစ်ပါ။

အပေါ်ယံအရေပြား ပွန်းသွားပါက၊အုန်းမှုတ်ခွက် အဆီကို ခြစ်ယူပြီးသုတ်ပေးပါ။

အနည်းငယ်စပ်ပြီး ပျောက်ပါသည်။( ပွေးရောဂါ လက်တွေ့ပျောက်ပါသည် )

“နောက်တစ်နည်းကတော့ ”

“တကယ်အသုံးဝင်တဲ့မိတ်ကပ်တစ်မျိုးပေါ့ ”

အပျိုဖော်ဝင်ကာစ လူပျိုအပျိုလေးတွေနဲ့ မျက်နှာမှာအဖုအထစ်တွေနဲ့လကမ္ဘာအလား အစက်အပြောက်တွေထူလပြစ်နဲ့ နဂိုရုပ်ခံကိုပျက်စီးစေတဲ့ ဝက်ခြံ တင်းတိတ် နေလောင်နာတွေအတွက် … …

ရက်တိုတိုအတွင်း ပျောက်ကင်းချောမွတ်နေစေဖို့ အုန်းမှုတ်ခွက် အရင့်တစ်လုံးကို သွေးပြီးသနပ်ခါးလိမ်းသလို ညတိုင်းလိမ်းအိပ်ပေးရမှာဖြစ်ပါတယ်

အုန်းမှုတ်ခွက် ဆိုပြီးလျှော့တော့မတွက်လိုက်ပါနဲ့ လိမ်းထားလို့ခြောက်သွားရင် သနပ်ခါးနဲ့မခြားပါဘူး လက်လေးနဲ့အသာပွတ်ကြည့်လိုက် ချောမွတ်နေတဲ့အထိအတွေ့က . . . ဆက်မပြောတော့ဘူး လိမ်းဘူးတဲ့သူတွေသာမေးကြည့်ပါတော့ ……👍

ကိုးကား ‘ ရွှေအိမ်စည်

Warazein Min

နန်း နီ လာ ထွန်း

Facebook Comments