ယုတ္မာသူေတြအတြက္ တကယ့္တုိက္ပြဲမွာ က်ည္ကုန္ပစ္ဖုိ႔ စုထားတယ္ဆုိတဲ့ ဆရာသကၠမုိးညဳိ

Posted on

ယုတ္မာသူေတြအတြက္ တကယ့္တုိက္ပြဲမွာ က်ည္ကုန္ပစ္ဖုိ႔ စုထားတယ္ဆုိတဲ့ ဆရာသကၠမုိးညဳိ

Zawgyi

ယုတ္မာသူေတြအတြက္ တကယ့္တုိက္ပြဲမွာ က်ည္ကုန္ပစ္ဖုိ႔ စုထားတယ္ဆုိတဲ့ ဆရာသကၠမုိးညဳိ

ရဲတပ္ဖြဲ႕

ရဲသည္ ေအာင္ႀကီးကို ဆြဲထုတ္လာတယ္။ အင္မတန္ အားနည္းတဲ့ အေၾကာင္းျပခ်က္ေတြ ျပတယ္။ ျဖစ္ႏိုင္တာသည္ ရဲတပ္ဖြဲ႕အေပၚမွာ တင္ေနတဲ့ ၀န္ထုတ္၀န္ပိုးကို တရားရံုးေပၚမွာ တင္ေပးလိုက္တာပဲ။ ေနာက္ၿပီးေတာ့ ရဲတပ္ဖြဲ႕ကို လက္မွတ္ထိုးေပးလိုက္တဲ့ ဗီဒီယိုဖိုင္သည္ အြန္လိုင္းမွာ ပ်ံ႕သြားတယ္။ သံသယ ျဖစ္ဖို႕ ေကာင္းတယ္။ ကေလးမိဘ ေတြကေတာ့ ျဖန္႕တာ မျဖစ္ႏိုင္။

ေက်ာင္း

ေက်ာင္းမွာ ျဖစ္တယ္ ဆိုတဲ့ ရဲတပ္ဖြဲ႕ရဲ႕ မက္ေဆ့ခ်္ေၾကာင့္ ေက်ာင္းသည္ ႏွင္းႏုနဲ႕ ဆရာမေတြကို ထုတ္သံုးလာတယ္။ (ဘီဘီစီ အင္တာဗ်ဴးေတြ) သူတို႕ ထြက္မယ့္ အခ်က္ေတြသည္ ဗစ္တိုးရီးယားေလးသည္ သူတို႕နဲ႕ ရင္အုပ္မကြာ ရိွေနပါတယ္ ဆိုၿပီးေတာ့ပဲ။ ဒီေတာ့ ရဲတပ္ဖြဲ႕ရဲ႕ နဂိုက အားနည္းခ်က္သည္ ဆရာမေတြရဲ႕ (ဘူးခံ) ေနတဲ့ သက္ေသနဲ႕ ေတြ႕တဲ့အခါမွာ ေက်ာင္းလည္း လြတ္၊ ေအာင္ႀကီးလည္း လြတ္ ျဖစ္သြားႏိုင္တယ္။ ဒါနဲ႕အတူ အမွဳသည္လည္း ပ်က္ပယ္သြားမယ္။ ရဲကလည္း တရားခံ အသစ္ရွာေပးမွာ မဟုတ္ဘူး။

ျပည္သူ

သူတို႕ ထည့္မတြက္ခဲ့တာ ျပည္သူပါပဲ။ ျပည္သူသည္ တရားခံ အစစ္ကို ျမင္ခ်င္တယ္။ (ေအာင္ႀကီး ဟုတ္ခ်င္ ဟုတ္မယ္၊ မဟုတ္ခ်င္ မဟုတ္ဘူး) ဒီေတာ့ ရင္အုပ္မကြာ ရိွပါတယ္ ဆိုတဲ့ ႏွင္းႏုတို႕ လိမ္ေနသလား၊ အမွန္ေျပာေနသလားကိုေတာင္မွ ေပၚေအာင္ မစစ္ႏိုင္ပဲ တရားရံုးကို တင္ပို႕ဖို႕ ႀကိဳစားတဲ့ ရဲတပ္ဖြဲ႕ကို ေမးခြန္းထ

ုတ္ရမယ္။ သက္ေသအေနနဲ႕ သူေျဖခ်င္မွ ေျဖမယ္ဆိုၿပီး ေပါ့တီးေပါ့ဆေျပာခဲ့တဲ့ တရား၀င္ သတင္းစာရွင္းလင္းပြဲက စကားကို တာ၀န္ခံမွဳ ေတာင္းရမယ္။ ဒီေကာင္လို႕လည္း စြဲခ်က္တင္တယ္။ ႏွင္းႏုတို႕ကိုလည္း ေပၚေအာင္ မစစ္ဘူး ဆိုတာ ေတာ္ေတာ္ အဓိပၸါယ္မရိွတာ။
ကေလးကို ေဆးေသာက္ေနရလို႕ မစစ္ခဲ့ဘူးဆိုရင္လည္း စစ္ခြင့္ ရိွတဲ့ ႏွင္းႏုကို သူမေျဖခ်င္ ေနပါေစေလဆိုၿပီးေတာ့ စခန္းေခၚ၊ လက္ဖက္ရည္ေလး တိုက္ၿပီး ျပန္လႊတ္ေနတာလား။

ေနာက္တခ်က္၊ ရဲတပ္ဖြဲ႕ကို သမီေလး ေျဖထားတဲ့ ဗီဒီယိုဖိုင္ကို လက္မွတ္ထိုး ေပးလိုက္တာ မေန႕ညက ပ်ံ႕လာတယ္။ ဒီဖိုင္သည္ ကေလးမိဘနဲ႕ ရဲမွာပဲ ရိွတာ။ ကိုယ့္သမီးေလး စကားသံပါတဲ့ ဖိုင္ကို (လူသိမွာစိုးလို႕ ပုန္းေနတဲ့) မိဘက ျဖန္႕ပစ္ဖို႕ ျဖစ္ႏိုင္မလား။ ဒါဆို ဒီဖိုင္ျဖန္႕တဲ့ တရားခံ ဘယ္သူလဲ။ ဒါကိုလည္း သမၼတႀကီးအေနနဲ႕ စိတ္၀င္စားသင့္တယ္။

ကၽြန္ေတ္ာတို႕အတြက္ကေတာ့ တရား၀င္ ေျဖထားတဲ့ သတင္းစာရွင္းလင္းပြဲကေန ရလိုက္တာေတြ အမ်ားႀကီးပဲ။ တစ္ခုပဲ။ ကၽြန္ေတ္ာတို႕သည္ အစ္မ ေဒၚရြက္ႏုေအာင္ကို ေခါင္းေဆာင္တင္ထားၿပီး သူ႕ဦးေဆာင္မွဳေအာက္က အလုပ္လုပ္ေနတာ ျဖစ္တဲ့အတြက္ တကယ့္တိုက္ပြဲမွာ က်ည္ကုန္ပစ္ဖို႕ စုထားတယ္ဆိုတဲ့ သတင္းစကား (ယုတ္မာသူေတြကို) ပါးပါရေစ

သကၠမုိးညဳိ fb မွ ကူးယူေဖာ္ျပပါသည္။ (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

ယုတ်မာသူတွေအတွက် တကယ့်တိုက်ပွဲမှာ ကျည်ကုန်ပစ်ဖို့ စုထားတယ်ဆိုတဲ့ ဆရာသက္ကမိုးညို

ရဲတပ်ဖွဲ့

ရဲသည် အောင်ကြီးကို ဆွဲထုတ်လာတယ်။ အင်မတန် အားနည်းတဲ့ အကြောင်းပြချက်တွေ ပြတယ်။ ဖြစ်နိုင်တာသည် ရဲတပ်ဖွဲ့အပေါ်မှာ တင်နေတဲ့ ၀န်ထုတ်ဝန်ပိုးကို တရားရုံးပေါ်မှာ တင်ပေးလိုက်တာပဲ။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ကို လက်မှတ်ထိုးပေးလိုက်တဲ့ ဗီဒီယိုဖိုင်သည် အွန်လိုင်းမှာ ပျံ့သွားတယ်။ သံသယ ဖြစ်ဖို့ ကောင်းတယ်။ ကလေးမိဘ တွေကတော့ ဖြန့်တာ မဖြစ်နိုင်။

ကျောင်း

ကျောင်းမှာ ဖြစ်တယ် ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ မက်ဆေ့ချ်ကြောင့် ကျောင်းသည် နှင်းနုနဲ့ ဆရာမတွေကို ထုတ်သုံးလာတယ်။ (ဘီဘီစီ အင်တာဗျူးတွေ) သူတို့ ထွက်မယ့် အချက်တွေသည် ဗစ်တိုးရီးယားလေးသည် သူတို့နဲ့ ရင်အုပ်မကွာ ရှိနေပါတယ် ဆိုပြီးတော့ပဲ။ ဒီတော့ ရဲတပ်ဖွဲ့ရဲ့ နဂိုက အားနည်းချက်သည် ဆရာမတွေရဲ့ (ဘူးခံ) နေတဲ့ သက်သေနဲ့ တွေ့တဲ့အခါမှာ ကျောင်းလည်း လွတ်၊ အောင်ကြီးလည်း လွတ် ဖြစ်သွားနိုင်တယ်။ ဒါနဲ့အတူ အမှုသည်လည်း ပျက်ပယ်သွားမယ်။ ရဲကလည်း တရားခံ အသစ်ရှာပေးမှာ မဟုတ်ဘူး။

ပြည်သူ

သူတို့ ထည့်မတွက်ခဲ့တာ ပြည်သူပါပဲ။ ပြည်သူသည် တရားခံ အစစ်ကို မြင်ချင်တယ်။ (အောင်ကြီး ဟုတ်ချင် ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူး) ဒီတော့ ရင်အုပ်မကွာ ရှိပါတယ် ဆိုတဲ့ နှင်းနုတို့ လိမ်နေသလား၊ အမှန်ပြောနေသလားကိုတောင်မှ ပေါ်အောင် မစစ်နိုင်ပဲ တရားရုံးကို တင်ပို့ဖို့ ကြိုစားတဲ့ ရဲတပ်ဖွဲ့ကို မေးခွန်းထုတ်ရမယ်။

သက်သေအနေနဲ့ သူဖြေချင်မှ ဖြေမယ်ဆိုပြီး ပေါ့တီးပေါ့ဆပြောခဲ့တဲ့ တရားဝင် သတင်းစာရှင်းလင်းပွဲက စကားကို တာဝန်ခံမှု တောင်းရမယ်။ ဒီကောင်လို့လည်း စွဲချက်တင်တယ်။ နှင်းနုတို့ကိုလည်း ပေါ်အောင် မစစ်ဘူး ဆိုတာ တော်တော် အဓိပ္ပါယ်မရှိတာ။

ကလေးကို ဆေးသောက်နေရလို့ မစစ်ခဲ့ဘူးဆိုရင်လည်း စစ်ခွင့် ရှိတဲ့ နှင်းနုကို သူမဖြေချင် နေပါစေလေဆိုပြီးတော့ စခန်းခေါ်၊ လက်ဖက်ရည်လေး တိုက်ပြီး ပြန်လွှတ်နေတာလား။

နောက်တချက်၊ ရဲတပ်ဖွဲ့ကို သမီလေး ဖြေထားတဲ့ ဗီဒီယိုဖိုင်ကို လက်မှတ်ထိုး ပေးလိုက်တာ မနေ့ညက ပျံ့လာတယ်။ ဒီဖိုင်သည် ကလေးမိဘနဲ့ ရဲမှာပဲ ရှိတာ။ ကိုယ့်သမီးလေး စကားသံပါတဲ့ ဖိုင်ကို (လူသိမှာစိုးလို့ ပုန်းနေတဲ့) မိဘက ဖြန့်ပစ်ဖို့ ဖြစ်နိုင်မလား။ ဒါဆို ဒီဖိုင်ဖြန့်တဲ့ တရားခံ ဘယ်သူလဲ။ ဒါကိုလည်း သမ္မတကြီးအနေနဲ့ စိတ်ဝင်စားသင့်တယ်။

ကျွန်တေ်ာတို့အတွက်ကတော့ တရားဝင် ဖြေထားတဲ့ သတင်းစာရှင်းလင်းပွဲကနေ ရလိုက်တာတွေ အများကြီးပဲ။ တစ်ခုပဲ။ ကျွန်တေ်ာတို့သည် အစ်မ ဒေါ်ရွက်နုအောင်ကို ခေါင်းဆောင်တင်ထားပြီး သူ့ဦးဆောင်မှုအောက်က အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် တကယ့်တိုက်ပွဲမှာ ကျည်ကုန်ပစ်ဖို့ စုထားတယ်ဆိုတဲ့ သတင်းစကား (ယုတ်မာသူတွေကို) ပါးပါရစေ

သက္ကမိုးညို fb မှ ကူးယူဖော်ပြပါသည်။ (လေးစားမှုဖြင့် ခရက်ဒစ်)

Facebook Comments