လွိုင်ကော် အားကာသိပံ္ပ ကျောင်းအုပ်ဆရာကြီးကို ဝေဖန်လိုက်တဲ့ ကျောင်းနည်းပြတဦး

106

လွိုင်ကော် အားကာသိပံ္ပ ကျောင်းအုပ်ဆရာကြီးကို ဝေဖန်လိုက်တဲ့ ကျောင်းနည်းပြတဦး

သို့ … အားကာသိပ္ပံ လွိုင်ကော်ကျောင်းအုပ်ကြီး နည်းပြတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ အလေးမထားတဲ့ ဖြစ်စဉ်တွေ အားလုံးကို facebook ပေါ်တင်လိုက်တယ်နော် … ဟော့ဒီ ကျောင်းမှာ ပထမဦးစားပေးဟာ ကျောင်းသားတွေပါ ဒုတိယ ဦးစားပေးတွေက နည်းပြတွေပါ အဲ့ဒီ Role နှစ်ခု မရှိရင် ခင်ဗျားဆိုတာ ဟော့ဒီ ကျောင်းမှာ ကျောင်းအုပ်ဆိုတဲ့ ရာထူးမရှိ လာလောက်ဘူး …

အစားအသောက်တွေမကောင်းမှန်းခင်ဗျားသိလျက်နဲ့ ဒီအတိုင်းလွှတ်ထားပေးတယ် တခြားရန်ကုန် မန္တလေး တောင်ကြီး မော်လမြိုင် မှုံရွာ စတဲ့ အားကာသိပ္ပံ တွေက ဘူဖေးစနစ် ကျွေးနေကြချိန်မှာ ကျွန်တော်တို့ကျောင်းတွေက scale နဲ့ကျွေးနေတုန်း ဖွင့်တာလည်း ၃ နှစ်ပြည့်တော့မယ် ဒီကြားထဲ စားရိပ်သာဝန်ထမ်းတွေက ကျွန်တော်တို့ နည်းပြတွေကို ပြန်တောင်ဟောက်လိုက်သေးတယ်။

ဟင်းတွေက နပ်လည်းမနပ်ဘူး ဒီကြားထဲ နိုင်ငံတော်က ချပေးတဲ့Budget တွေကိုလည်း ပြည့်ဝစွာမသုံး စွဲဘူး အမဲသား တစ်ပိဿာ မှ 16000 တည်းရယ် လူအယောက်207 ယောက်စာ ဗျာတစ်ရက်ကို 517500 ရမယ် ဒါကို ချက်ထားတဲ့ ဟင်းတုံးလေးတွေက သေးသေးလေးတွေ ဝက်သားချက်တဲ့ရက်ဟာ အဆီတုံးတွေချည်းပဲ အမဲသားချက်တဲ့ရက်က အတုံးသေးသေးလေးတွေ ပဲဟင်းကလည်းဂျိုးတူးသေးတယ် ညကကျန်တဲ့ ကြက်ဥကြော်တွေကိုလည်း ကလေးတွေကို ပြန်ချကျွေးတယ်။

ဒါတင်ပဲလားဆိုတော့လည်း ကလေးတွေ လက်ဆေးဖို့ ဆပ်ပြာရည်တွေကလည်း ရေချည်းသက်သက် ဒီမနက်ဆိုလည်း မြေပဲဆံတွေက မကျက်ဘူး ကျွန်တော်တို့ ဒီ ကျွေးနှုန်းနဲ့ ဘယ်လိုပြိုင်ပွဲဝင်ဖို့ training မောင်းရမှာလည်း ကလေးတွေက သနားပါတယ်။ ဒီကြားထဲ တချို့နည်းပြတွေက ရိုးအတဲ့ ကလေးမ တွေကို ဟိုကိုင်ဒီကိုင်တွေပါ ရှိသေးတယ် ပြောတော့ ဘူဖေးကျွေးမယ်ဆို ခင်ဗျားမချစ်ပေမဲ့ ဒီကလေးတွေကိုကျွန်တော်တို့ချစ်တယ် အကယ်၍များ ဒါတွေကို ကလေးမိဘတွေ သာ သိရင် ဘယ်လိုပြောကြမလည်း မင်းတို့ ကျောင်းက ဒါပဲလား ဒီလိုလားဆိုပြီးပြော ကြမယ် ။

ဒီအတိုင်းဆိုရင် ကျွန်တော်တို့ အားကစားကို သွေးသစ်လောင်းမဲ့ ကလေးတွေ ဘယ်ပေါ်ထွန်းမှာလည်း ဒါထက် ခင်ဗျား က Sport science တွေကိုလည်းနားမလည် ခင်ဗျားဘေးနားကလူတွေကလည်း ဦးနှောက်မရှိ ကျွန်တော်တို့ ဘယ်လို ရှေ့ဆက်ရမှာလည်း ဒီလောက်ပါပဲ ဘယ်လိုမှ သဘောမထားပါနဲ့ ကျွန်တော် သည်းမခံနိုင်တဲ့အဆုံးတော့ စာတွေကော ပုံတွေနဲ့ကောတင်တင်ပေးလိုက်တယ်နော်။

Aung Khin Sitt (လေးစားစွာဖြင့် ခရက်ဒစ်)

Facebook Comments