ဝင်​စားလို့ ရတယ်​​လေ…. ဝင်​တည်းလို့ ရတယ်​​လေ ဆိုတဲ့ မကွေးက ထမင်းဆိုင်
Posted on
ဒီ​နေ့ မနက်​ဝင်​စားမိတယ်​ ထမင်း​ကြော် ကိုယ်​က ကားကွင်းနားက ဆိုင်​​တွေသိပ်​မယုံလို့ ​ဈေးအရင်​​မေးမိတယ်​ သူက ၅၀၀ တဲ့ထမင်း​ကြော် ကြက်​သား ဆိတ်​သား အမဲသား ဘာစားမလဲ​မေးလို့ ကြက်​သားနဲ့ လို့ ​ပြောလိုက်​တယ်​ ….
စားပီး​တော့​ဈေး​မေးလိုက်​​တော့ ၇​၀၀၀ တဲ့….. ကြက်​သား​ကြော်​က ၄၅၀၀ ထမင်း​ကြော်​က ၅၀၀ ဟင်းရည်​က ၂ဝဝဝတဲ့ ဟင်း ရည်​က အရံအ​နေနဲ့ ချ​ပေးတာထင်​တာ​လေ …..
unicode
ထမင်းကြော်တစ်ပွဲကို ၇၀၀၀ တောင်းတဲ့ မကွေးကားကွင်းနားက ရိုက်စားဆိုင်……ဝင်စားလို့ ရတယ်ပြောတဲ့ ထမင်းဆိုင်ကို ဝင်စားကြည့်လိုက်တော့….(မကွေးကိုလာမယ့်သူများ သတိထားပါ)
မ​ကွေးကိုလာမဲ့ မိတ်​​ဆွေးများသတိထားကြပါ။ မ​ကွေးကားကွင်​း အ​ဝေရာလမ်​းဘက်​ကို ထွက်​တဲ့အ​ပေါက်​ ​ကောင်​းမွန်​​ဆေးရုံဘက်​ကိုထွက်​တဲ့အ​ပေါက်​​ပေါ့ ​ ……
အ​ပေါက်​အထွက်​မှာ ကပ်​လျှက်​က စား​သောက်​ဆိုင်​ ​ရွှေနန်​း​တော်​တည်​းခိုခန်​းနဲ့ တွဲဖွင်​့ထားတဲ့ဆိုင်​ အဝါ​ရောင်​logo ​လေး​တွေနဲ ့ ဝင်​စားလို ့ရတယ်​​လေ ဝင်​တည်​းလို ့ရတယ်​​လေနဲ ့​ခေါ်တယ်​။
ဒီ​နေ ့မနက်​ဝင်​စားမိတယ်​ ထမင်​း​ကြော် ကိုယ်​က ကားကွင်​းနားက ဆိုင်​​တွေသိပ်​မယုံလို ့​စျေးအရင်​​မေးမိတယ်​ သူက ၅၀၀ တဲ့ထမင်​း​ကြော် ကြက်​သား ဆိတ်​သား အမဲသား ဘာစားမလဲ​မေးလို ့ကြက်​သားနဲ ့လို ့​ပြောလိုက်​တယ်​ ….
ကြက်​သားကို ​စျေးမ​မေးမိဘူး​ ကျွန်​​တော်​ကလဲ။ခန​နေ ပန်းကန်​​လေး​ပေါ်မှာကြက်​သား လက်​တစ်​ဆစ်​​လောက်​ ၅ တုံး​ ခရမ်​းချဉ်​သီး ပါးပါးလှီးထားတာ​လေး​တွေ​ရောပါ​သေး ကိုယ်​စစားပီ​ပေါ့ …..
စားပွဲထိုး​ကောင်​မ​လေးကို ကြက်​သား​ကြော်​က ဘယ်​​လောက်​လဲ​မေး​တော့ ​ကောင်​မ​လေးက သူ​ပြောလို့ မရဘူး ဆိုင်​ရှင်​အ​ဒေါ်မှ​ပြောလို ့ရမှာတဲ့ ကိုယ်​သိလိုက်​ပီ ငါခံရပီ​ဟေ့ဆိုပီး…..
စားပီး​တော့​စျေး​မေးလိုက်​​တော့ ၇​၀၀၀ တဲ့….. ကြက်​သား​ကြော်​က ၄၅၀၀ ထမင်​း​ကြော်​က ၅၀၀ ဟင်​းရည်​က ၂ဝဝဝတဲ့ ဟင်​း ရည်​က အရံအ​နေနဲ့ ချ​ပေးတာထင်​တာ​လေ …..
ဒါ​တောင်​​ ရေဗူးမ​သောက်​မိ​သေးဘူး ….ကိုယ်​့ဘဝမှာမနက်စာကို ၇၀၀၀​ပေးစားဖူးတာ ဒါပထမဆုံး …..အဲ့ဆိုင်​အ​ကြောင်​းသိကြလို ့လားမသိဘူး …..ကိုယ်​အဲ့နား တစ်​​နေ ့လုံးအသွားအပြန်​လုပ်​​နေတာ စားတာ တစ်ယောက်​မှမ​တွေ ့ရဘူး။
ကွ​ျန်​​​တော်​ အ လို့ ကျွန်​​တော်​ခံရပြီးပြီ။ ကျွန်​​တော်​့လို မခံရ​အောင်​ ​စေတနာဖြင်​့ အဲ့ဆိုင်​နဲ့မျက်​နှာချင်​းဆိုင်​​မှာလဲ အတူတူ ထင်​တယ်​ ​……ရွှေနန်​း​တော်​တည်​းခိုခန်းနဲ ့တွဲဖွင်​့ထားတဲ့ဆိုင်​ ……
အဲ့ဆိုင်​လဲ ဝင်​စားလို ့ရတယ်​​လေ ဝင်​တည်​းလို ့ရတယ်​​လေနဲ ့​ခေါ်တယ်​။ logo အဝါ​ရောင်​ ​လေး​တွေနဲ ့ အ​ဝေရာလမ်​း ​ကောင်​းမွန်​​ဆေးရုံဘက်​ကို ထွက်​တဲ့အ​ပေါက်​ ကပ်​လျှပ်​ကဆိုင်၊ ရွာကလာတဲ့သူ​တွေ နယ်​ကလာတဲ့သူ​တွေ ကျွန်​​တော်​လို ခံရမှာဆိုးလို ့ပါ။Nay Chit Paing
Facebook Comments