သင်္ကြန် ကားလက်မှတ်များ ဈေးတင်ရောင်းလျှင် စားသုံးသူရေးရာဦးစီးဌာသို့တိုင်ကြားနိုင်

80

၂၀၁၉ခုနှစ် သင်္ကြန်ကာလပိတ်ရက်တွေမှာ ကားလက်မှတ်တွေကို ပုံမှန်ဈေးနဲ့ မရောင်းချဘဲ ဈေးနှုန်းတွေ ပိုပေးရတယ်ဆိုရင် အရေးယူမှုတွေပြုလုပ်မယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက မတ်လ ၂၄ ရက်နေ့ က ကြေညာပါတယ်။

သင်္ကြန်ကာလအတွင်း ခရီးသွားလာသူတွေအတွက်လက်မှတ်ဝယ်ယူလို့မရတာတွေ နဲ့ လက်မှတ်ခဈေးနှုန်းများပိုမိုပေးဆောင်ရခြင်းတွေ မရှိစေဖို့အတွက် အဝေးပြေးဂိတ်တွေမှာ အသိပေးပြောကြားထားပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။

မနှစ်က ၂၀၁၈ ခုနှစ်သင်္ကြန်ကာလရုံးပိတ်ရက်တွေမှာ ခရီးသွားပြည်သူတွေဆီကနေ စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားလာတဲ့ ကိစ္စတွေမှာယာဉ်စီးနင်းခကို သတ်မှတ်နှုန်းများထက် ပိုမိုတောင်းခံခြင်း၊မူလဝယ်ယူထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေခြင်း၊ခရီးသည်များအား သတ်မှတ်နေရာသို့ရောက်ရှိ အောင် ပိုဆောင်ပေးမှုမရှိခြင်း၊ ခရီးစဉ်အားအချိန်နှင့်တပြေးညီထွက်ခွာမှုမရှိခြင်းလက်မှတ်ဝယ်ယူရာတွင် ကြော်ငြာထားသည့် နေ့ရက်တွင် အမှန်တကယ်ဝယ်ယူရရှိမှု မရှိခြင်းတွေကို အများဆုံးလက်ခံဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက် ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း အထက်ဖော်ပြပါကိစ္စရပ်တွေကြုံတွေ့ရရင် စားသုံးသူရေးရာဦးစီးဌာနကို ဆက်သွယ် တိုင်ကြားနိုင်ပြီး စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Credit – Duwun

Facebook Comments