အရက်မူးနေသည့် အမျိုးသမီးတဦး မင်္ဂလာတောင်ညွန့် ရွှေတောင်ကျောင်းတိုက်ဝင်းအတွင်းသို့ ဝင်ရောက်၍ အော်ဟစ်ငိုယိုနေ၍ ရဲတပ်ဖွဲ့က ကူညီပေးခဲ့ရ (ရုပ်သံ)

2246

အရက်မူးနေသည့် အမျိုးသမီးတဦး မင်္ဂလာတောင်ညွန့် ရွှေတောင်ကျောင်းတိုက်ဝင်းအတွင်းသို့ ဝင်ရောက်၍ အော်ဟစ်ငိုယိုနေ၍ ရဲတပ်ဖွဲ့က ကူညီပေးခဲ့ရ (ရုပ်သံ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောင်းလမ်းရှိ ရွှေတောင်ကျောင်းတိုက်(ရွှေဝါရောင်ပညာဌာနကျောင်း) ပရဝုဏ်ဝင်းအတွင်းသို့ မတ်လ ၄ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က သေရည်သောက်စားထားသည့် အမျိုးသမီးတဦး ဝင်ရောက်လာပြီး အော်ဟစ်ငိုယိုနေသဖြင့် ရဲတပ်ဖွဲ့က ကူညီပေးခဲ့ရသည်။

ယင်းအချိန်တွင် အဆိုပါကျောင်းတွင် ၁၀ တန်းဖြေမည့် ကျောင်းသားများ စာကျက်နေချိန်ဖြစ်၍ သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ မီးတန်းယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

 “အဲဒီအမျိုးသမီးက အရက်မူးနေတာ၊ ကျောင်းထဲဝင်လာပြီးတော့ အော်ငိုပြီးတော့ ကျောင်းတံခါးကိုလည်း ဆွဲလားရမ်းလားလုပ်တယ်။ သူက သူ့ထမီလည်း ချွတ်ချတာကို တွေ့ရတယ်။ ရဲတွေ ရောက်လာတဲ့အချိန် ဒီအမျိုးသမီးက ထမီချွတ်ချထားတာဆိုတော့ ရဲမေတဦးကို ထပ်ခေါ်ပြီး ထမီပြန်ဝတ်ပေးရတယ်။ နောက်တော့ အိမ်ပြန်မှာလား၊ လိုက်ပို့မယ်ဆိုပြီး ချော့မော့ပြီး ကျောင်းဝင်းထဲကနေ ခေါ်သွားပါတယ်”ဟု မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။

အဆိုပါအမျိုးသမီးမှာ အသက် ၃၅နှစ်ဝန်းကျင်ခန့်ရှိပြီး ည ၁၀ ခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ၄င်းအား ကျောင်းဝင်းအတွင်းမှ အပြင်သို့ ခေါ်ထုတ်သွား၍ နေအိမ်သို့ ပြန်ရန် ချော့မော့ပြောဆိုခဲ့ရကြောင်း သိရသည်။

ကျော်ကျော်

Facebook Comments