
Posted on






credit.(uptodatemm.com)

အရွယ်နဲ့မမျှသောအသိကလေး

ဒေါ်လာ $ 5000.ဆုရ သူရဲကောင်းလေး မာအင်း။

31.3.2019. ညဉ့်ဒါကာမြို့ရှိ.. မိုးပျံတိုက်ကြီး မီးလောင်နေစဉ် လူများမှာ ဖုန်းကိုယ်စီဖြင့် ဗွီဒီယို၊ဓာတ်ပုံရိုက်ကာအလုပ်များနေကြသော်လည်း ပေါက်ပြဲနေသော မီးသတ်ပိုက်၏ ယိုပေါက်ကိုလက်လှမ်းမှီရာ ပလက်စတစ်စများကိုကောက်ကာသူ့ဒူးလေးဖြင်ဖိထားကာကြိုးစား၍မိမိအသိတရားဖြင့်ပိတ်ထားနေသည့် ဆင်းရဲသော ကလေးငယ် မာအင်း၏ဓာတ်ပုံတပုံမှာ သတင်းမီဒီယာသို့ တမဟုတ်ချင်း ဖြန့်နှံ့သွားရာလန်ဒန်မြို့နေ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတဦးက အမှတ်မထင်တွေ့ရှိ
သွားပြီးတင်လိုက်ရာကြည့်ရှု့သူများရင်ဝယ်စိတ်ထိခိုက်ခံစားရလေသည်။

၎င်းသူရဲကောင်းလေး အတွက် ဒေါ်လာ ၅၀၀၀.ဆု ချီးမြင့်လိုက်ပြီး တက္ကသိုလ်အထိ ပညာသင်ကြားရေး တာဝန်ယူလိုက်သည်။

သူရဲကောင်းလေး မာအင်းမှာ ဆင်းရဲသော်လည်း ၎င်းငွေကို မိမိဘာအလုပ်မလုပ်ပဲမယူလိုကြောင်းပြောကာဆင်းရဲသားရပ်ကွက်ထဲရှိ မိဘမဲ့ကလေးကျောင်းသို့ တဆင့် ပေးလှူလိုက်ကြောင်း သိရသည်။

credit.(uptodatemm.com)

Facebook Comments