အသားေရာင္းသူ တစ္ဦးမွ ပြင့္ပြင့္လင္းလင္း ေျပာဆိုဝန္ခံ ထားတာေလးပါ…

Posted on

အသားေရာင္းသူ တစ္ဦးမွ ပြင့္ပြင့္လင္းလင္း ေျပာဆိုဝန္ခံ ထားတာေလးပါ…

အသားေရာင္းသူ တစ္ဦးမွာ ပြင့္ပြင့္လင္းလင္း ၀န္ခံေျပာဆိုထားတာေလးပါ။ ဒီပံုမွာေတြ႕ရတာကေတာ့ ၀က္သားထဲမွာ ကင္ဆာျဖစ္ေနတဲ့အပိုင္းေလးပါ။ သူ အသားေရာင္းခဲ့တာ ႏွစ္ေပါင္း ၃၀ ရွိပါၿပီတဲ့… အသားထဲမွာ ဒီလို ကင္ဆာျဖစ္ေနတဲ့အပိုုင္းေတြ႕ေပါင္းလဲ မ်ားေနၿပီတဲ့…

ေတြ႕ရင္လဲ ကင္ဆာ ျဖစ္ေနတဲ့အပိုင္းကိုဘဲ ျဖတ္ထုတ္လိုက္ၿပီး ေရာင္းလိုက္ပါသတဲ့… ဒီလို ျဖစ္ေနတာကို မေရာင္းသင့္ဘူးဆိုတဲ့ ဥပေဒေတြ ဘာမွမရွိပါဘူးတဲ့…က်ေနာ္လဲ စဥ္းစားမိပါတယ္… လူေတြမွာေတာင္ ကင္ဆာ ျဖစ္ႏႈန္းက ဒီေလာက္ထိမ်ားေနတာ ကင္ဆာျဖစ္ေစတဲ့ အစားအစာ အကုန္စားေနတဲ့…

က်န္းမာေရးနဲ႔ မညီညြတ္ေအာင္ ေကၽြးသမွ် အကုန္စားေနတဲ့… အသားတိုးေဆးေတြ ဓာတုေဗဒ ေဆးပစၥည္းေတြ အစံုပါေနတဲ့ အစားအစာကို စားေနတဲ့ ၀က္​ေတြမွာေတာ့ ကင္ဆာ ျဖစ္ႏႈန္းက လူေတြထက္ ပိုမ်ားလိမ့္မယ္…  ဒီႏိုင္ငံမွာဆိုလဲ အစားအေသာက္ စံခ်ိန္စံညႊန္းကို ထိန္းေပးတဲ့စနစ္ကလဲ ေကာင္းေကာင္းမရွိေတာ့ ကိုယ္စားေနတဲ့ အသားေတြ အစားအေသာက္ေတြက အႏ ၱရာယ္ကင္းရဲ႕လားဆိုတာေတာ့ ဘယ္သူမွ မသိႏိုင္ပါဘူး… ဟိုတစ္ေန႔ကလဲ ေတြ႕လိုက္ပါတယ္… တိရစာၦန္ေတြမွာ ကင္ဆာျဖစ္တာ တင္မကဘဲ တီဘီေရာဂါ ျဖစ္ေနတာေတြပါရွိပါတယ္…

ဒါေတြကိုလဲ ဒီလိုဘဲ ေရာင္းေနၾကပါသတဲ့…ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ ကင္ဆာ ျဖစ္ပြားမႈအမ်ားဆံုး ႏိုင္ငံေတြထဲမွာ ပါေနတာလဲ မဆန္းပါဘူး… စားေသာက္ဆိုင္ေတြၾကည့္လိုက္ပါ… အကင္ေရာင္းတဲ့ဆိုင္က လူေတြ အမ်ားဆံုးပါ… မာလာဟင္းနဲ႔တြဲတဲ့ တရုတ္အကင္ဆိုင္… ယိုးဒယားအကင္ဆိုင္…

ကိုးရီးယားအကင္ဆိုင္… လမ္းေဘးအကင္ဆိုင္ စတာေတြ စံုစိေနပါတယ္… ကင္ဆာနဲ႔ ဆက္စပ္မႈရွိေနတဲ့ အသားေတြထဲမွာ အဆိုးဆံုးက အသားအနီေတြပါ… အသားအနီေတြကေတာ့ ႏို႔တိုက္ သတၱ၀ါေတြရဲ႕ ၾကြက္သားအနီပါ၀င္တဲ့ အမဲသား၊ ၀က္သား၊ သိုးသား၊ ဆိတ္သား၊ ျမင္းသား စတာေတြပါ၀င္ပါတယ္…

ေနာက္တစ္ခုက ျပဳျပင္ေျပာင္းလဲထားတဲ့ အသားေတြပါ… ဥပမာ ဆားနဲ႔ နယ္ထားတဲ့၀က္ေပါင္ေျခာက္ေတြ… မီးခိုး မိႈင္းတိုက္ထားတဲ့အသားေျခာက္ေတြ… ၀က္အူေခ်ာင္းေတြ… စည္သြတ္ဘူးထဲပါတဲ့အသားေတြ စတာေတြကလဲ ကင္ဆာျဖစ္ပြားမႈႏႈန္းကို တိုးေစပါတယ္…

အသားေတြကို ခ်က္လုပ္တဲ့ ပံုစံေၾကာင့္လဲ ကင္ဆာ ျဖစ္ေစတဲ့ႏႈန္းကို ပိုၿပီး တိုးသြားေစပါတယ္… မီးအပူခ်ိန္ျမင့္ျမင့္နဲ႔ ခ်က္လုပ္တာေတြ ဥပမာ မီးနဲ႔ တိုက္ရိုက္ကင္တာ… သံျပားပူေပၚမွာ ကင္တာ စတာေတြဟာ Polycyclic aromatic hydrocarbons နဲ႔ Heterocyclic aromatic amines ဆိုတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓာတုေဗဒပစၥည္းေတြ ပိုထြက္လာေစလို႔ ကင္ဆာ ျဖစ္ႏိုင္ေျခကို ပိုမ်ားေစပါတယ္…

ဒီဟာေတြက အူမႀကီးကင္ဆာနဲ႔ အစာအိမ္ကင္ဆာေတြနဲ႔ ဆက္စပ္မႈ အမ်ားဆံုးရွိေနပါတယ္…ဒီလိုမ်ိဳးေလ့လာေတြ႕ရွိခ်က္ေတြ ထြက္လာလို႔ဘဲ တိုးတက္ၿပီးတဲ့ ႏိုင္ငံေတြမွာေတာ့ အသားစားသံုးမႈေတြကို ေလွ်ာ့ခ်ၿပီး သက္သတ္လြတ္စားသံုးသူေတြ ပိုမိုမ်ားလာတာေတြ႕ရပါတယ္…

ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံေတြမွာေတာ့ လူအမ်ားစုဟာ အစားအေသာက္ရဲ႕ အရသာကို ဦးစားေပးၿပီး က်န္းမာေရးနဲ႔ ညီညြတ္မႈကိုေတာ့ သိပ္အေလးမထားၾကေသးပါဘူး… အသားစားသည္ျဖစ္ေစ မစားသည္ျဖစ္ေစ အာဟာရဓာတ္မွ်တဖို႔နဲ႔ က်န္းမာတဲ့လူေနမႈပံုစံေျပာင္းလဲေပးဖို႔က အေရးႀကီးဆံုးျဖစ္ပါတယ္…

Zane

unicode version

အသားရောင်းသူ တစ်ဦးမှာ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုထားတာလေးပါ။ ဒီပုံမှာတွေ့ရတာကတော့ ဝက်သားထဲမှာ ကင်ဆာဖြစ်နေတဲ့အပိုင်းလေးပါ။ သူ အသားရောင်းခဲ့တာ နှစ်ပေါင်း ၃၀ ရှိပါပြီတဲ့… အသားထဲမှာ ဒီလို ကင်ဆာဖြစ်နေတဲ့အပိုုင်းတွေ့ပေါင်းလဲ များနေပြီတဲ့…

တွေ့ရင်လဲ ကင်ဆာ ဖြစ်နေတဲ့အပိုင်းကိုဘဲ ဖြတ်ထုတ်လိုက်ပြီး ရောင်းလိုက်ပါသတဲ့… ဒီလို ဖြစ်နေတာကို မရောင်းသင့်ဘူးဆိုတဲ့ ဥပဒေတွေ ဘာမှမရှိပါဘူးတဲ့…ကျနော်လဲ စဉ်းစားမိပါတယ်… လူတွေမှာတောင် ကင်ဆာ ဖြစ်နှုန်းက ဒီလောက်ထိများနေတာ ကင်ဆာဖြစ်စေတဲ့ အစားအစာ အကုန်စားနေတဲ့…

ကျန်းမာရေးနဲ့ မညီညွတ်အောင် ကျွေးသမျှ အကုန်စားနေတဲ့… အသားတိုးဆေးတွေ ဓာတုဗေဒ ဆေးပစ္စည်းတွေ အစုံပါနေတဲ့ အစားအစာကို စားနေတဲ့ ဝက်​တွေမှာတော့ ကင်ဆာ ဖြစ်နှုန်းက လူတွေထက် ပိုများလိမ့်မယ်…

ဒီနိုင်ငံမှာဆိုလဲ အစားအသောက် စံချိန်စံညွှန်းကို ထိန်းပေးတဲ့စနစ်ကလဲ ကောင်းကောင်းမရှိတော့ ကိုယ်စားနေတဲ့ အသားတွေ အစားအသောက်တွေက အန ္တရာယ်ကင်းရဲ့လားဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး… ဟိုတစ်နေ့ကလဲ တွေ့လိုက်ပါတယ်… တိရစ္ဆာန်တွေမှာ ကင်ဆာဖြစ်တာ တင်မကဘဲ တီဘီရောဂါ ဖြစ်နေတာတွေပါရှိပါတယ်…

ဒါတွေကိုလဲ ဒီလိုဘဲ ရောင်းနေကြပါသတဲ့…မြန်မာနိုင်ငံအနေနဲ့တော့ ကင်ဆာ ဖြစ်ပွားမှုအများဆုံး နိုင်ငံတွေထဲမှာ ပါနေတာလဲ မဆန်းပါဘူး… စားသောက်ဆိုင်တွေကြည့်လိုက်ပါ… အကင်ရောင်းတဲ့ဆိုင်က လူတွေ အများဆုံးပါ… မာလာဟင်းနဲ့တွဲတဲ့ တရုတ်အကင်ဆိုင်… ယိုးဒယားအကင်ဆိုင်…

ကိုးရီးယားအကင်ဆိုင်… လမ်းဘေးအကင်ဆိုင် စတာတွေ စုံစိနေပါတယ်… ကင်ဆာနဲ့ ဆက်စပ်မှုရှိနေတဲ့ အသားတွေထဲမှာ အဆိုးဆုံးက အသားအနီတွေပါ… အသားအနီတွေကတော့ နို့တိုက် သတ္တဝါတွေရဲ့ ကြွက်သားအနီပါဝင်တဲ့ အမဲသား၊ ဝက်သား၊ သိုးသား၊ ဆိတ်သား၊ မြင်းသား စတာတွေပါဝင်ပါတယ်…

နောက်တစ်ခုက ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေပါ… ဥပမာ ဆားနဲ့ နယ်ထားတဲ့ဝက်ပေါင်ခြောက်တွေ… မီးခိုး မှိုင်းတိုက်ထားတဲ့အသားခြောက်တွေ… ဝက်အူချောင်းတွေ… စည်သွတ်ဘူးထဲပါတဲ့အသားတွေ စတာတွေကလဲ ကင်ဆာဖြစ်ပွားမှုနှုန်းကို တိုးစေပါတယ်…

အသားတွေကို ချက်လုပ်တဲ့ ပုံစံကြောင့်လဲ ကင်ဆာ ဖြစ်စေတဲ့နှုန်းကို ပိုပြီး တိုးသွားစေပါတယ်… မီးအပူချိန်မြင့်မြင့်နဲ့ ချက်လုပ်တာတွေ ဥပမာ မီးနဲ့ တိုက်ရိုက်ကင်တာ… သံပြားပူပေါ်မှာ ကင်တာ စတာတွေဟာ Polycyclic aromatic hydrocarbons နဲ့ Heterocyclic aromatic amines ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ပိုထွက်လာစေလို့ ကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေပါတယ်…

ဒီဟာတွေက အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေနဲ့ ဆက်စပ်မှု အများဆုံးရှိနေပါတယ်…ဒီလိုမျိုးလေ့လာတွေ့ရှိချက်တွေ ထွက်လာလို့ဘဲ တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာတော့ အသားစားသုံးမှုတွေကို လျှော့ချပြီး သက်သတ်လွတ်စားသုံးသူတွေ ပိုမိုများလာတာတွေ့ရပါတယ်…

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ လူအများစုဟာ အစားအသောက်ရဲ့ အရသာကို ဦးစားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုကိုတော့ သိပ်အလေးမထားကြသေးပါဘူး… အသားစားသည်ဖြစ်စေ မစားသည်ဖြစ်စေ အာဟာရဓာတ်မျှတဖို့နဲ့ ကျန်းမာတဲ့လူနေမှုပုံစံပြောင်းလဲပေးဖို့က အရေးကြီးဆုံးဖြစ်ပါတယ်…

Zane

Facebook Comments