484
CRD-Nanmalgyi
Unicode ဖြင့်ဖတ်ရန်
အမေရှိတုန်းလေးကျေးဇူးဆပ်ချင်လို့ ကျောင်းထွက်လိုက်တဲ့အကြောင်းပြောပြတဲ့ ဇွန်ပြည့်
မိဘရဲ့ကျေးဇူးကိုဆပ်ဖို့အခွင့်အရေးဆိုတာက လူတိုင်းရဖို့လွယ်ကူလှတဲ့အခွင့်အရေးဖြစ်သလို ၊ သား၊သမီးတိုင်းလုပ်နိုင်တဲ့အရာတွေလေးမဟုတ်ပါဘူး ။အခြေနေနဲ့ကံအကြောင်းတရားရဲ့ တိုက်ဆိုင်မှုကြောင့်သာ ဒီလိုအခွင့်ရေးမျိုးရှိကြတာပါ ။ တချို့ကျတော့ပျော်ရွှင်ဖွယ်ရာအကြောင်းအရာတွေနဲ့ မိဘကျေးဇူးဆပ်ခွင့်ရခဲ့သလို တချို့ကျရင်လည်း ပူဆွေးသောကတွေနဲ့ မိဘအတွက် တစ်ခုခုကိုစတေးပြီး မိဘကျေးဇူးကိုဆပ်ကြရပါတယ်။ အဲ့ဒီလိုဆိုအခြေနေတွေထဲမှာတော့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့သမီးလေး ဇွန်ပြည့်လည်းပါပါတယ်။ အခုဇွန်ပြည့်နဲ့ 8Daysမီဒီယာနဲ့အင်တာဗျူးမှာ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေကိုသိအောင်ပြောပြပေးလိုက်ပါတယ်။
ဇွန်ပြည့်က “ အမေ့အခြေနေက အခုတော်တော်လေးတော့ကောင်းလာပါပြီ။ အရင်ကထက်စာရင်မောလည်းမမောတော့ဘူး ၊ အသံကလည်းတော်တော်လေးမာလာပြီဆိုတော့ အကောင်းဘက်ကိုရောက်သွားပြီလိုတော့ပြောရမှာပေါ့။ အမေဆုံးပြီဆိုတဲ့ သတင်းတွေကို စတွေ့တွေ့ချင်းမှာတော့ ညကလည်းတစ်ညလုံးကောင်းကောင်းမအိပ်ရဘူး ငိုရတယ်။ မနက်ကျတော့ ဟုတ်ပမလားပေါ့ အစ်ကိုနဲ့အဒေါ်ကိုဖုန်းဆက်ကြည့်လိုက်တော့ မှ မဟုတ်ဘူးတဲ့အကောင်းအတိုင်းရှိသေးတယ်။ ဆေးရုံမှာပဲရှိသေးတယ်။ ကိုယ်တိုင်လည်းမယုံလို့လာကြည့်လိုက်တော့ အမေကကောင်းသေးတယ်ဆိုမှာ အဲ့ဒီအလုံးကြီးကကျသွားတာပေါ့နော် ။လူတွေကဘယ်လိုပြောရမလဲ အကြောင်းကိစ္စတစ်စုံတရာကို ဂဃနဏမသိပဲနဲ့ရှောက်တင်တာတွေဘာတွေဆိုတာက ဘာပဲဖြစ်ဖြစ်တစ်ဖက်သား သူတွေကိုဒုက္ခရောက်စေချင်တယ် ။ အဲ့ဒီလိုမျိုးမလုပ်စေချင်ဘူး။
စိတ်မကောင်းဘူးပေါ့ သူဒီတောင်ကိုကျော်နိုင်ပါ့မလား ကျော်နိုင်ပါ့မလားလို့အမြဲတမ်းစိုးရိမ်ရတယ်။ဒါပေမယ့် ဘယ်လိုပြောမလဲ ဘုရားတရားနဲ့လည်းဆိုင်တာပေါ့နော် ။ဘုရားတရားလည်းအမေကအမြဲတမ်းလုပ်တယ်။ သမီးလည်း လုပ်တယ်ဆိုတော့ သူဒီကျန်းမာရေးအခြေအနေကိုတစ်ခုပြီးတစ်ခုကျော်နိုင်ခဲ့တာပေါ့။စိတ်ထဲမှာဝမ်းလည်းဝမ်းနည်းတယ် စိတ်ထဲလည်းမကောင်းဘူး ။ ရှေ့လျှောက်အမေ့ကို TVထဲမှာပြန်မြင်ချင်တာပေါ့ ။ သမီးရဲ့ခံယူချက်ကိုပြောရမှာပေါ့ ။ သူများတွေကတော့ အမေနေမကောင်းတဲ့အချိန်မှာ အနားနာမှာနေပေါ့ အခုသမီးအသက်က ၁၇ကျော်ပြီဆိုတော့ အလုပ်ကမဖြစ်မနေလုပ်ရမယ့်အရွယ်လည်းရောက်ပြီ။ နောက်ပြီးတော့ အမေ့ကိုသမီးရဲ့လုပ်အားခ နဲ့ချေွးနဲ့စာတွေနဲ့ ဘာပဲဖြစ်ဖြစ် အမေဒီလောကကထွက်မသွားခင်လေးတော့ သမီးလုပ်စာလေးနဲ့ရှာကျေွးချင်တယ်။ အဲ့ဒီတော့ သမီးမဖြစ်မနေအလုပ်ကိုထွက်လုပ်ရတာ ။ ပညာရေးကတော့ အမေ့အတွက်စွန့်လွှတ်ရတယ်ဆိုတော့ မနှမြောပါဘူး”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
CRD-Nanmalgy
Facebook Comments