ဦးသာအေး-ဒေါ်ခင်ကြည် သမီး မြမြ (ခေါ်) သီတာအေး

1507

ဦးသာအေး-ဒေါ်ခင်ကြည် သမီး မြမြ ကိစ္စ လွှတ်တော်ကိုယ်စားလှယ် ပြောပြီ

အမျိုးသမီးငယ်ကဝိဥာဉ်ဘဝနှင့်ဝင်ပူးသည့်ဖြစ်စဉ်မှာလတ်တလော လွဲချော်နေသေးဟုဆို

“မြမြ”ဆိုသောအမျိုးသမီးငယ်ကဝိဥာဉ်ဘဝနှင့်ဝင်ပူးသည့်ဖြစ်စဉ်မှာလတ်တလောတွင်လွဲချော်နေသေးကြောင်းဒဂုံမြို့သစ်တောင်ပိုင်းမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောသည်။

အဆိုပါဖြစ်စဉ်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကလည်းစိတ်ဝင်တစားရှိနေပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေကြကြောင်းလည်း သိရသည်။

ဒါကတော့ဒီအကြောင်းအရာကတော့ဝန်ကြီးချုပ်တင်မဟုတ်ဘူးသိတဲ့လူမည်သူမဆို စိတ်ဝင်စားမှာအမှန်ပဲလေ။စိတ်ဝင်စားတာအပြင်ကို ဒီအပေါ်မှာ သက်ဆိုင်ရာရဲစခန်းတွေ ရဲတပ်ဖွဲ့တွေ အုပ်ချုပ်ရေးပိုင်းတွေကိုမေးတဲ့အခါမှာလည်း ဒီဖြစ်စဉ်မှာပါတဲ့မိန်းကလေးရဲ့အမည်ကစက်ရုံမှာမရှိဘူးဆိုတာသိထားရတယ်။

လက်ရှိလူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့နေတဲ့ကိစ္စကိုမှန်တယ်ဆိုလည်းအမှန်မှားတယ်ဆိုလည်းအမှားတစ်ခုခုကိုတော့အမြန်ဆုံးထုတ်ပြန်နိုင်ဖို့ ရဲတပ်ဖွဲ့တွေရောစက်ရုံနဲ့ပက်သက်တဲ့အလုပ်သမားအဖွဲ့တွေရော သူတို့တွေလည်း ဒီအပေါ်မှာကြိုးစားနေပါတယ်။

အခုအခြေအနေထိတော့ ဖြစ်စဉ်နဲ့လွဲနေတယ်လို့ သက်ဆိုင်ရာတွေပြောကြားထားတာကိုတော့ သိရှိထားတယ်” ဟု ယင်းကပြောသည်။

လက်ရှိအချိန်တွင်ကျောက်စိမ်းဖိနပ်စက်ရုံဘက်ကလည်း၎င်းတို့၏အလုပ်သမားစာရင်းနှင့်ရောက်လာသောအလုပ်သမားများစာရင်းကိုပိုက်စိပ်တိုက်စစ်ဆေးရှာဖွေနေကြေကြောင်း၊သို့သော်လည်း မြမြဟူသောအမည်နှင့် မိန်းကလေးမတွေ့ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့ကရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လိုင်စင်ရုံးအနီးတွင် အုပ်စုဖွဲ့၍မုဒိန်းကျင့်ကာအသတ်ခံခဲ့ရသည်ဆိုသောမိန်းကလေးငယ်တစ်ဦးကသူမအသတ်ခံခဲ့ရသည့်ဖြစ်စဉ်၊

သူမအမည်၊မွေးရပ်ဇာတိနှင့်မိဘအမည်များကိုနှစ်ဆန်းတစ်ရက်နေ့(ဧပြီလ ၁၇ ရက်)တွင် အခြားအမျိုးသမီးငယ်ထံ ၀င်ပူး၍ကာပြောကြားခဲ့သောရုပ်သံဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်များတွင် ပျံ့နှံ့နေသော်လည်းယင်းကိစ္စနှင့် ပတ်သက်၍ တိုင်တန်းထားခြင်းမရှိသေးကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းကသိရသည်။

ယင်းနောက်ဧပြီလ ၂၃ ရက်ကလည်း မြမြဆိုသော အမျိုးသမီးငယ်အလုပ်လုပ်သည်ဆိုသည့်​ကျောက်​စိမ်းဖိနပ်​စက်​ရုံမှအလုပ်​သမတစ်​ဦးအားထပ်​မံ၍ဝိဥာဉ်​ပူးကပ်​​ပြောကြားကြောင်း လူမှုကွန်ရက်တွင် ထပ်မံ ပျံ့နှံ့ခဲ့သည်။

အဆိုပါရုပ်သံVideo တွင် မြမြအမည်ရှိမိန်းကလေးငယ်​၀င်ပူးနေသည်ဆိုသော အမျိုးသမီးငယ်က မိမိ(မြမြ)မှာ ဧရာဝတီတိုင်းဒေသကြီးငါးသိုင်းချောင်းမှဖစ်ပြီးမိဘများမှာ ဦးသာအေးနှင့် ဒေါ်ခင်ကြည်ဖြစ်ကြောင်း၊လူသတ်သမားများမှာ အသားညိုကြောင်း၊အရပ်မြင့်သူတစ်ဦးပါပြီး စုစုပေါင်း သုံးဦးဖြစ်ကြောင်း၊

မီးမလင်းသည့်ဓာတ်တိုင်အောက်အနီးတွင်မိမိအားသတ်ခဲ့ကြကြောင်းပြောဆိုထားသည်ကိုတွေ့ရသည်။

စိုင်းမျိုးဟိန်းခန့်ပုံစာ-မြမြဝင်ပူးသည်ဟုပြောနေသည်ဆိုသည့် အမျိုးသမီးငယ်များအားတွေ့ရစဉ် Credit – Pyi Myanmar

Facebook Comments