ေတာင္ႀကီးၿမိဳ႕၊ ေဈးဆုိင္အတြင္းသို႔ ကားတစ္စီး အရွိန္လြန္ကာ ဝင္ေရာက္မွဳျဖစ္ပြားျခင္း

64

ေတာင္ႀကီးၿမိဳ႕၊ (၂၁၂) ဆက္သြယ္ေရးတပ္အနီး ေဈးဆုိင္အတြင္းသို႔ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္လြန္ကာ ဝင္ေရာက္တိုက္မိမႈ ျဖစ္ပြား

10-5-2019

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ အေနာက္ၿမိဳ႕ပတ္လမ္း၊ အမွတ္ (၂၁၂) ဆက္သြယ္ေရးတပ္ေပါက္ အနီးရွိ လက္ဖက္ရည္ဆုိင္ႏွင့္ ကုန္စံုဆိုင္အတြင္းသို႔ ယေန႔ ေမလ ၁၀ ရက္၊ နံနက္ပိုင္းက ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္လြန္ကာ ဝင္ေရာက္တိုက္မိမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ဖရဲေငြေတာင္အတက္လမ္းမွ အေနာက္ၿမိဳ႕ပတ္လမ္းသို႔ ေမာင္းႏွင္လာေသာ Isuzu Bighoon အမ်ိဳးအစား ေမာ္ေတာ္ယာဥ္သည္ အရွိန္မထိန္းႏုိင္ဘဲ (၂၁၂) ဆက္သြယ္ေရးတပ္ရင္း ဂိတ္ေပါက္ေဘးရွိ ကုန္စံုဆုိင္ႏွင့္ လက္ဖက္ရည္ဆိုင္အတြင္းသို႔ ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ အခုမွ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ေတြ သြားေနပါတယ္။ ဘာမွေတာ့ မသိရေသးပါဘူး” ဟု အမွတ္ (၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးမ်ိဳးေဇာ္ေအာင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ လက္ဖက္ရည္ဆုိင္မွ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဆိုင္အတြင္းမွ ပစၥည္းမ်ား ထိခိုက္ပ်က္စီးခဲ့ကာ ယာဥ္ေမာင္းသူမွာ ထြက္ေျပးတိမ္းေရွာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။Kanbawza tai news

တောင်ကြီးမြို့၊ (၂၁၂) ဆက်သွယ်ရေးတပ်အနီး ဈေးဆိုင်အတွင်းသို့ မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ဝင်ရောက်တိုက်မိမှု ဖြစ်ပွား

10-5-2019

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ပေါက် အနီးရှိ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင်အတွင်းသို့ ယနေ့ မေလ ၁၀ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်အတက်လမ်းမှ အနောက်မြို့ပတ်လမ်းသို့ မောင်းနှင်လာသော Isuzu Bighoon အမျိုးအစား မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ (၂၁၂) ဆက်သွယ်ရေးတပ်ရင်း ဂိတ်ပေါက်ဘေးရှိ ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

“ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ သွားနေပါတယ်။ ဘာမှတော့ မသိရသေးပါဘူး” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်

အဆိုပါ ယာဉ်တိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်အတွင်းမှ ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကာ ယာဉ်မောင်းသူမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်

Kanbawza tai news

Facebook Comments