ေဒသ ၁၂ ခု မုန္တိုင္းငယ္အရွိန္ေၾကာင့္မိုးႀကီးနိုင္မည္

73

ေဒသ ၁၂ ခု မုန္တိုင္းငယ္အရွိန္ေၾကာင့္မိုးႀကီးနိုင္မည္

ဘဂၤလားပင္လယ္ေအာ္ ရွိ မုန္တိုင္းငယ္သည္ ပိုမိုအားေကာင္းလာနိုင္ၿပီး ျမန္မာနိုင္ငံတြင္ မိုးႀကီးမည့္ အေျခအေနေၾကာင့္ ေျမၿပိဳမႈေဘးႏွင့္ ေရႀကီးေရလၽွံမႈ သတိျပဳ ေနထိုင္ရန္ မိုးေလဝသႏွင့္ ဇလ ေဗဒညႊန္ၾကားမႈ ဦးစီးဌာနက သတိေပးသည္။

ေလဖိအားနည္း ရပ္ဝန္းမွတစ္ဆင့္ ၾသဂုတ္ ၆ ရက္တြင္ မုန္တိုင္းငယ္ ျဖစ္လာၿပီး ဆက္လက္အားေကာင္းနိုင္သည္ဟု မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက ခန႔္မွန္းထားသည္။ ျမန္မာနိုင္ငံဘက္သို႔ ဦးတည္ေရြ႕လ်ားျခင္း မရွိ္ေသာ္လည္း မုန္တို္င္းငယ္ အရွိန္ေၾကာင့္

ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီတိုင္းေဒသႀကီး၊ ခ်င္း၊ ရခိုင္၊ ကရင္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးႀကီးနို္င္ၿပီး ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚနိုင္ေၾကာင္း သတိေပး ထားသည္။

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္ (Depression)သည္ အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး၊ အိႏၵိယနိုင္ငံ၊ ဒီဂါၿမိဳ႕ (Digha)၏ ေတာင္-အေရွ႕ေတာင္ဘက္မိုင္ (၅၀)ခန႔္ႏွင့္ ဘလာေဆာၿမိဳ႕ (Blasore)၏ အေရွ႕ေတာင္ဘက္ (၅၅)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။ အဆိုပါ မုန္တိုင္းငယ္ (Depression) သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ ေရြ႕လ်ားလ်က္ ရွိပါသည္။

မုန္တိုင္းငယ္(Depression)၏ လက္ရွိအေျခအေနမွာ ျမန္မာနိုင္ငံဘက္သို႔ ဦးတည္ေရြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

အထက္ပါ ေဒသမ်ားတြင္ လၽွပ္တစ္ျပက္ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚနိုင္သျဖင့္ ကုန္းျမင့္ေဒသႏွင့္ ျမစ္ေခ်ာင္းမ်ားအ နီးတြင္ ေနထိုင္သူမ်ား ေျမၿပိဳမႈႏွင့္ ေရႀကီးေရလၽွံမႈအႏၲရာယ္ကို ႀကိဳတင္သတိျပဳေနထိုင္ရန္ မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီး ဌာနက သတိေပးသည္။

လက္ရွိကာလ၌ ကရင္ႏွင့္မြန္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး တို႔တြင္ ၿမိဳ႕နယ္ ၁၀ ခုခန႔္၌ ေရႀကီးနစ္ျမဳပ္မႈ ျဖစ္ေပၚေနၿပီး လူဦးေရ ၆,၀၀၀ ခန႔္ ေရေဘးၾကဳံေတြ႕ ေနသည္။

မုန္တိုင္းငယ္သည္ အိႏၵိယကမ္းရိုးတန္းသို႔ ျဖတ္ေက်ာ္ဝင္ ေရာက္ႏု္ိင္ေၾကာင္း မိုးေလဝသ ပညာရွင္ ေဒါက္တာထြန္းလြင္က ၾသဂုတ္ ၅ ရက္တြင္ ႀကိဳတင္ခန႔္ မွန္းထားသည္။

Source; မိုးဇလ

Credit to thelifestylemyanmar

Unicode

ဒေသ ၁၂ ခု မုန်တိုင်းငယ်အရှိန်ကြောင့်မိုးကြီးနိုင်မည်

ဘင်္ဂလားပင်လယ်အော် ရှိ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ပြီး မြန်မာနိုင်ငံတွင် မိုးကြီးမည့် အခြေအနေကြောင့် မြေပြိုမှုဘေးနှင့် ရေကြီးရေလျှံမှု သတိပြု နေထိုင်ရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။

လေဖိအားနည်း ရပ်ဝန်းမှတစ်ဆင့် သြဂုတ် ၆ ရက်တွင် မုန်တိုင်းငယ် ဖြစ်လာပြီး ဆက်လက်အားကောင်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်း မရှိ်သော်လည်း မုန်တို်င်းငယ် အရှိန်ကြောင့်

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနို်င်ပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး ထားသည်။

ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ (Digha)၏ တောင်-အရှေ့တောင်ဘက်မိုင် (၅၀)ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် (၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက် ရှိပါသည်။

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အထက်ပါ ဒေသများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းများအ နီးတွင် နေထိုင်သူများ မြေပြိုမှုနှင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက သတိပေးသည်။

လက်ရှိကာလ၌ ကရင်နှင့်မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး တို့တွင် မြို့နယ် ၁၀ ခုခန့်၌ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေပြီး လူဦးရေ ၆,၀၀၀ ခန့် ရေဘေးကြုံတွေ့ နေသည်။

မုန်တိုင်းငယ်သည် အိန္ဒိယကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင် ရောက်နု်ိင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သြဂုတ် ၅ ရက်တွင် ကြိုတင်ခန့် မှန်းထားသည်။

Source; မိုးဇလ

Credit to thelifestylemyanmar

Facebook Comments