မြစ်ဆုံကို ပြန်ရွေးမယ့်ပွဲနဲ့ ပတ်သက်ပြီး မီမင်းသမီး ပိုင်ဖြိုးသု ဒဲ့ ရှင်းပြီ

Posted on

မြစ်ဆုံကို ပြန်ရွေးမယ့်ပွဲနဲ့ ပတ်သက်ပြီး မီမင်းသမီး ပိုင်ဖြိုးသု ဒဲ့ ရှင်းပြီ

ပွဲရဲ့ရည်ရွယ်ချက်က တကယ်တော့ ရှင်းရှင်းလေးပါ….ပိုက်ဆံကောက်ဖို့ဆိုတာထက် မြန်မာပြည်သူပြည်သားတွေ အားလုံးကညီညွတ်တယ် ဘယ်လောက်ပဲဆင်းရဲနေပါစေ ဧရာဝတီနဲ့ပက်သက်ရင်တော့အထိမခံဘူး….မရှိရှိတဲ့ ပိုက်ဆံနဲ့ ရွေးမှာပဲလို့ပြောကြတဲ့ အထိဧရာဝတီနဲ့ပက်သက်ရင်ညီကြတယ် ဆိုတဲ့သတင်းစကားလေးကို နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ပြည်ကိုသွားအစည်းအဝေးတက်တဲ့အချိန်မှာ အတူထည့်ပေးလိုက်ချင်တာပါ။

လုပ်တဲ့သူကြီးတွေလုပ်ပြီးပစ်ထားခဲ့ကြပြီးပြီ။ သူတို့ကလှည့်ကြည့်ပြင်ဆင်ပေးဖို့ကိုမျှော်လင့်နေရင်မျှော်လင့်တဲ့သူအရူးပဲ….

တကယ်တမ်းဒုက္ခရောက်နေတာက လက်ရှိအစိုးရ၊ နှစ်၅၀ကျော် လုပ်ချင်တာလုပ်ရှုပ်ချင်တာရှုပ်ပြီး ပစ်ချထားခဲ့တဲ့ ဂီလာန ဘဝရောက်နေတဲ့နိုင်ငံတော်ကို မနည်းကျားကန်ထူမနေရတာ…အရင်လိုအတိုက်အခံဘဝကလိုလဲမလွတ်လပ်တော့ဘူး….
အနှောင်အဖွဲ့တွေ ထောက်ထားရမယ့်အရာတွေကအများကြီး….

တခြားနိုင်ငံနဲ့ပတ်သက်တဲ့အရေးတွေမှာ အာဏာရအစိုးရအနေနဲ့ ခံစားချက်ကိုရှေ့တန်းတင်လို့မရဘူး…အထူးသဖြင့် တရုတ်အစိုးရနဲ့ပြသနာအဖြစ်ခံလို့မရဘူးဆိုတာ ကိုယ်လိုနလပိန်းတုံးတောင်သိတယ်….ဒါကြောင့် ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေမယ့်စကားတစ်ခွန်းမှ မပြောကြပဲနဲ့ ငြိမ်းချမ်းစွာပဲ အရေးဆိုကြမယ်….တို့ပြည်သူတွေ ညီညွတ်စွာနဲ့ ဒီလို စိတ်သဘောထားရှိတယ်ဆိုတာ တစ်ဖက်နိုင်ငံကိုသိစေမယ်….ဒါဆိုအမေစုလည်း သူတို့နဲ့ဆွေးနွေးတဲ့အခါ သူ့ပြည်သူတွေက ညီညွတ်စွာ သူ့နောက်မှာ ရှိနေတဲ့အတွက် အားရှိမယ်ပေါ့….

အဲဒီလိုရည်ရွယ်ချက်နဲ့ ဒီဆရာကြီးတွေဆရာမကြီးတွေက ဒီဆွေးနွေးပွဲကိုစီစဉ်ကြတာ…ကိုယ်တွေလို ပညာပိုင်းဆိုင်ရာ ဘာမှနားမလည်တဲ့ ချာတိတ်တွေကတော့ ဧရာဝတီနဲ့ပတ်သက်တဲ့ ခံစားချက်ကလေးတွေတော့ ဝင်ပြောပေး ဆိုပြီး ဆရာတွေကစီစဉ်ခဲ့တာ…အခုတကယ့်လက်တွေ့မှာတော့ ဟိုးအရင် အခန့်မသင့်ရင် ထောင်နန်းစံရကိန်းရှိတဲ့ အချိန် ကတည်းက ဒီမြစ်ဆုံကိစ္စကိုလှုပ်ရှားခဲ့တဲ့ဆရာကြီးတွေ ဆရာမကြီးတွေက တကယ်ရောင်းစားခဲ့တဲ့တရားခံတွေကို ကာကွယ်ဖို့ပဲ ဒီပွဲကိုစီစဉ်သလိုလို ဝေဖန်ပြောဆိုနေတဲ့သူတွေကအများအပြား….

ပွဲအစအဆုံး နားမထောင်ပဲ facebook ပေါ်ကနေ လေဖမ်းတရားနာပြီး စွပ်စွဲကြတာတွေကလည်း ကြောက်စရာကြီး ပါလား… Facebook ဆိုတာကြီးခေတ်စားလာကတည်းက စည်းလုံးညီညွတ်မှု ဆိုတာတွေမရှိတော့ပဲ ဂိုဏ်းဂနတွေကွဲ တစ်ခုခုဆိုဝေဖန် ပြစ်တင်တိုက်ခိုက်မယ်ဆိုတာချည်းပဲ…ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးဆောင်ဖို့ကြိုးစားကြတဲ့ ဒီလိုပုဂ္ဂိုလ်ကြီးတွေကိုတောင် ဒီလိုဝေဖန်တိုက်ခိုက်ကြတယ်ဆိုရင် ကိုယ်တွေလိုဘာမဟုတ်ညာမဟုတ်တွေ ပြောဆို ဝေဖန်တိုက်ခိုက်ခံရတာမျိုးကတော့ စာဖွဲ့မနေတော့ပါဘူးလေ….

မြန်မာပြည်သူတွေစည်းလုံးဖို့ အချင်းချင်း မေတ္တာထားတတ်ကြဖို့ အရေးကတော့ ရွှေပြည်တော်မျှော်တိုင်းဝေး……
သို့သော်လည်း သံယောဇဉ်က မပြတ်နိုင် စည်းလုံးလာလို စည်းလုံးငြား မျှော်လင့်ရင်းရူးမိနေဆဲ….

Credit – Paing Phyoe Thu

Facebook Comments