မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကနေ လှည့်ပြန်လာခဲ့တဲ့ သင်းသင်း

1756

လက်ရှိမှာအမူကိစ္စရင်ဆိုင်နေရပြီး ကိုယ်တိုင်လည်း အလှမယ်မော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေလာတဲ့ သင်းသင်း ဟာ ဖိတ်ကြားခံရတဲ့ အတွက် အကယ်ဒမီ ပေးပွဲကို တက်ရောက်လာခဲ့ပြီး ခဏကြာတဲ့အခါ .. သူမကို ဘယ်သူဖိတ်တာလဲ မေးမြန်းခဲ့ တာကြောင့် ပွဲမတက်ဘဲ ပြန်လာခဲ့တဲ့အကြောင်း သူမက ပြောကြားခဲ့ပါတယ်။  “လက်မှတ်ကို ၀ယ်တက်တာမဟုတ်ဘူးလို့ အစ်မတစ်ခွန်းတည်းပြောလိုက်ပါတယ်။ လူအများရှေ့မှာ အစ်မတစ်ယောက်တည်းကိုပဲ ဖိတ်စာက ဘယ်သူထုတ်ပေးတာလဲလို့ ဦးအောင်ခိုင်က မေးတော့ စိတ်တော့မဆိုးပါဘူး ကိုယ်တစ်ယောက်တည်း အမေးခံလိုက်ရတော့ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။

မနက်ဖြန်လည်း တာဝန်ရှီသူကို ရုပ်ရှင်အစည်းအရုံးမှာ သွားတွေ့မှာပါ ။ အခုလက်ရှိမှာ ဇာတ်လမ်းတွဲလည်း ရိုက်နေတာပါ” လို့ သူမက Sunday Journal ကို ဖြေဆိုသွားပါတယ်။

Source : Sunday Journal

Facebook Comments

Facebook Comments