ျမန္မာျပည္က ၾကက္ဥ စကၤာပူကို ယူသြားလိုက္ေသာအခါ……

817

စကၤာပူကို ၾကက္​ဥ​ ၊ ဘဲဥ​ေတြ ယူမိရင္​ ဒဏ္​​ေငြ အျပင္​ ​ေထာင္​ဒဏ္​ပါ က်ႏိုင္​​ေၾကာင္​း သတင္း​ကို​ေတြ႔​ေတာ့ မခ်ိျပံဳး ျပံဳးမိတယ္​..။

စိုက္​ပ်ိဳး​ေရး ​ေဆး ​ေရာင္​းသူကြၽန္​​ေတာ္​ဟာ ပရဟိတအလုပ္​​ေတြနဲ႔ တစ္​ႏိုင္​ငံလံုး ​ေျခဆန္​႔မိတဲ့အခါ ​ေဒသ​ေပါင္​းစံုက စိုက္​ပ်ိဳး​ေရးအ​ေျခအ​ေန​ေလး​ေတြကို ဂ႐ုစိုက္​ၿပီး ၾကည္​့မိတယ္​..။

ကယန္​း​ေဒသ​မွာ အဓိကထြက္​ကုန္​ဟာ င႐ုတ္​သီးျဖစ္​ပါတယ္​။

ဘ၀တစ္​​ေလွ်ာက္​ စားဖူးသမွ် င႐ုတ္​သီး​ေတြထဲ ကယန္​းင႐ုတ္​သီး​ေလာက္​စပ္​တာ မ​ေတြ႔ဖူးပါ.. ဒါ့အျပင္​ ကယန္​းင႐ုတ္​သီးရဲ႕ ထူးျခားခ်က္​က “ဘယ္​​ေလာက္​စားစား ပါးစပ္​ကသာစပ္​တာ ၀မ္​းထဲ မပူပါဘူး..” တဲ့..

အဟုတ္​ပါပဲ.. င႐ုတ္​သီး အစားမ်ားလို႔ ဗိုက္​ထဲ ပူ​ေနတာတို႔ မစင္​စြန္​႔တဲ့အခါ ပူ​ေနတာတို႔ မ႐ွိပါဘူး..

ဒီ​ေလာက္​စပါယ္​႐ွယ္​​ေကာင္​းတဲ့င႐ုတ္​သီးကို ဘယ္​ကို​ေရာင္​းတာလဲဆို​ေတာ့ ထိုင္​းကိုတင္​ပို႔တာပါတဲ့.. ျပည္​တြင္​းမွာက သာမန္​င႐ုတ္​သီးထက္​ ​ေစ်းႀကီးလို႔ဆိုၿပီး ကယန္း​င႐ုတ္​သီးကို သိပ္​မ၀ယ္နိုင္​​ၾကဘူးတဲ့..။

( င႐ုပ္​ဆံုႀကီး ေထာင္​းကာ​ေထာင္​းကာနဲ႔ ပင္​လယ္​စာ​ေတြကို င႐ုတ္​သီးႏိုင္​းခ်င္​းထည္​့ၿပီးတ႐ူး႐ူးတ႐ွဲ႐ွဲစားျပတဲ့ ထိုင္​းဆယ္​လီကို​ေတာင္​မ်က္​လံုးထဲျမင္​​ေယာင္​မိၿပီး သူစား​ေနတာ ငါတို႔​ျမန္​မာျပည္​က ကယန္​း င႐ုတ္​သီး​မ်ားလားရယ္​လို႔ ​​ေတြးမိ​ေသးတယ္​..)

“အခု​ေတာ့ ကယန္​း​ေဒသက င႐ုတ္​သီးကို ထိုင္​းကမ၀ယ္​​ေတာ့ဘူး အကို​ေရ..”တဲ့..

“​ေဟ ..ဘာျဖစ္​လို႔လဲ..”

“ကယန္​း င႐ုတ္​သီးမ်ိဳးကို ထိုင္​းမွာစိုက္​ပ်ိဳးတာ ​​ေအာင္​ျမင္​သြားၿပီ​ေလ..”

“​ေအာ္​…”

မ​ေန႔က ညီမ​ေလးခင္​ႏွင္​းၾကည္​သာနဲ႔ အဲဒီအ​ေၾကာင္​း​ေတြ ​ေျပာမိတဲ့အခါ သူကလည္​းျပန္​​ေျပာတယ္​..။

“စိန္​တစ္​လံုးသရက္​သီးကို အရင္​က တ႐ုတ္​က အရမ္​း၀ယ္​တာ​ေလ..အခု​ေတာ့ မ၀ယ္​​ေတာ့ဘူး တ႐ုတ္​မွာ စိုက္​လို႔ုျဖစ္​သြားၿပီအကိုရ..”

ကိုယ္​့​ႏိုင္​ငံက အဖိုးတန္​တဲ့အရာ​ေတြကို တျခားႏိုင္​ငံက​ေန အသာ​ေလးယူၿပီး မ်ိဳးပြား​ေအာင္​ျမင္​​ေနတဲ့ အခ်ိန္​မွာ ကြၽန္​​ေတာ္​တို႔က​ေရာ သူတို႔ႏိုင္​ငံက​ေန ဘာ​ေတြ ျပန္​မ်ိဳးပြားႏိုင္​ၿပီလဲ..

ငယ္​ငယ္​ကၾကားဖူးတဲ့ အ​ေၾကာင္​းအရာ​ေလး..။

အစၥ​ေရးက စိုက္​ပ်ိဳး​ေရး ပညာ႐ွင္​ႀကီးကို ျမန္​မာႏိုင္​ငံက ငွါးတဲ့အခါ သူလာၾကည္​့ၿပီးစိတ္​ဆိုးၿပီးျပန္​သြားတယ္​တဲ့…..

မင္​းတို႔ႏိုင္​ငံက ဘာစိုက္​စိုက္​ျဖစ္​တဲ့ဟာကိုငါ့ကိုဘာျဖစ္​လို႔​ေခၚတာလဲ..တဲ့..

ဂ်င္​း​ေတြ ..ဂ်င္​း​ေတြ..ကိုယ္​​တို႔ ျမန္​မာ​ေတြ မာန္​​ေတြတက္​​ေနၾကတာ..။

အခုကြၽန္​​ေတာ္​တို႔ႏိုင္​ငံက​ေနျပည္​ပကို ဂုဏ္​႐ွိ႐ွိပို႔ႏိုင္​တဲ့ အသီးအႏွံက ဘာ႐ွိလို႔လဲ..။

ပို႔ႏိုင္​လည္​း ခဏပဲ..ဟိုက စမ္​းသပ္​ၿပီး မ်ိဳးယူသြားၾကတာပဲ..

သူတို႔ႏိုင္​ငံက သီးႏွံ​ေတြက်​ေတာ့ အဆင္​့ျမင္​့နည္​းပညာ​ေတြသံုးၿပီး တျခားႏိုင္​ငံကပံုတူကူးမရ​ေအာင္​ ကာကြယ္​ထားၾကတယ္​..။

ထိုင္​းက ကမာၻ​ေက်ာ္​အုန္​းသီးအပါအ၀င္​ သီးႏွံ​ေတြရဲ႕ မ်ိဳး​ေတြကို သူမ်ားႏိုင္​ငံက ယူမရ​ေအာင္​အထူးစီမံထားၾကတယ္​..။

ပညာနိမ္​့သြားတဲ့အခါ ပတ္​၀န္​းက်င္​ႏိုင္​ငံကအစစ အရာရာ အႏိုင္​က်င္​့သမွ် ခံရ​ေတာ့တာပဲ..ဘယ္​​ေလာက္​ နာက်င္​ဖို႔​ေကာင္​းလဲ..။

ကြၽန္​​ေတာ္​့တပည္​့ လယ္​သမား တစ္​​ေယာက္​ကိုရီးယားကိုသြားတယ္​..။သူ႔မွာလယ္​ပိုင္​ ၁၀ ဧက႐ွိပါတယ္​..။

အဲဒါကို အငွါးခ်ၿပီး ကိုရီးယားသြား​ေတာ့လည္​းဟိုမွာ စိုက္​ပ်ိဳး​ေရးပဲ လုပ္​ရတာတဲ့..။

တစ္​လကို သိန္​း ၂၀ ​ေက်ာ္​ အိမ္​ျပန္​ပို႔​ေနတဲ့သူ႔ကိုကြၽန္​​ေတာ္​က ဖုန္​းဆက္​တဲ့အခါ စပ္​စုတယ္​..

“​မင္​း အဲဒီမွာ လယ္​လုပ္​ရတာ ပင္​ပန္​းလားကြ..”

“မပင္​ပန္​းပါဘူး အကို..ခ်မ္​းတာပဲ ႐ွိတယ္​..”

“မင္​းတို႔သူ​ေဌးက လယ္​ဘယ္​ႏွစ္​ဧက႐ွိလဲ..”

“ငါး ဧက​ေလာက္​႐ွိမယ္​..”

“​ေဟ..လယ္​​ေလး ၅ ဧကနဲ႔ မင္​းကို တစ္​လ သိန္း၃၀ ​ေလာက္​​ေပးႏိုင္​တယ္​​ေနာ္​..”

“ဟာ..အကိုကလည္​း ကြၽန္​​ေတာ္​တစ္​​ေယာက္​ထဲ​ေတာင္​မဟုတ္​ဘူး..အလုပ္​သမား ၆ ​ေယာက္​​ေလာက္​႐ွိ​ေသးတယ္​ဗ်..”

“​ေဟ..”

တ႐ုတ္​ႏိုင္​ငံက​ေန လွလို႔ဆိုၿပီး ယူလာခဲ့တဲ့​ေရႊ​ေရာင္​ ခ႐ုမ်ိဳးစိတ္​ဟာ ျမန္​မာျပည္​မွာ စပါးပင္​ကို အႀကီးအက်ယ္​ဖ်က္​စီးတဲ့ခ႐ု ကပ္​​ေရာဂါတစ္​ခုျဖစ္​သြားတယ္​.။

ဂ်ပန္​ကို ျမန္​မာျပည္​က သစ္​သီး​ေတြ ကုန္​ကူးခြင္​့ မ႐ွိဘူး..ဘာျဖစ္​လို႔လည္​းဆို​ေတာ့ ဂ်ပန္​မွာ သီးလံုး​ေဖာက္​ပိုးမ႐ွိလို႔..ျမန္​မာျပည္​ကသစ္​သီး​ေတြမွာ သီးလံုး​ေဖာက္​ပိုးပါလာရင္​သူတို႔တိုင္​းျပည္​က တစ္​ျခားသီးႏွံ​ေတြကို မ်ိဳးပြားကုန္​မွာစိုးလို႔..။

အခုလည္​း စကၤာပူမွာ ျမန္​မာျပည္​က ၾကက္​ဥ ဘဲဥ​ေတြယူလို႔မရ..။

ကိုယ္​့ဆီက အဆီအႏွစ္​​ေတြ လုပ္​အား​ေတြ ​ေကာင္​း​ေပ့ဆိုတဲ့အရာ​ေတြကိုက်​ေတာ့​ေပၚတင္​တစ္​မ်ိဳး ၊ ခိုးၿပီးတစ္​သြယ္​ ယူသြားၾကလိုက္​တာ..

သူတို႔ဆီက ​ေကာင္​းတဲ့အရာ​ေတြက်ကိုယ္​​ေတြက ျပန္​ယူခြင္​့မ႐ွိ..။

သူတို႔ဆီက မ​ေကာင္​းမကန္​း​ေတြက် ကိုယ္​့ဆီ ဒလ​ေဟာ၀င္​လာလိုက္​တာ..ကိုယ္​့ဆီက မ​ေကာင္​းတာ​ေတြက် သူတို႔ဆီ၀င္​လာမွာ အ​ေသအလဲကာကြယ္​..။

ဟား……….ဆက္​မ​ေရးခ်င္​…​ေရး​ေနရင္​း ရင္​နာရပါတယ္​..။

အဖက္​ဖက္​က နိမ္​့ၿပီးက်န္​ခဲ့တဲ့ ကြၽန္​​ေတာ္​တို႔ႏိုင္​ငံေ႐ွ႕လည္​း တိုးတက္​ဖို႔ရာလည္​း လမ္​းမျမင္​​ေသး..။

သူမ်ား အႏိုင္​က်င္​့သမွ်သာ လူးလိမ္​့​ေန​ေအာင္​ ခံ​ေနရတယ္​

ကိုစိုးထိုက္​ (ဖဒို)

UNICODE

စင်္ကာပူကို ကြက်​ဥ​ ၊ ဘဲဥ​တွေ ယူမိရင်​ ဒဏ်​​ငွေ အပြင်​ ​ထောင်​ဒဏ်​ပါ ကျနိုင်​​ကြောင်​း သတင်း​ကို​တွေ့​တော့ မချိပြုံး ပြုံးမိတယ်​..။

စိုက်​ပျိုး​ရေး ​ဆေး ​ရောင်​းသူကျွန်​​တော်​ဟာ ပရဟိတအလုပ်​​တွေနဲ့ တစ်​နိုင်​ငံလုံး ​ခြေဆန်​့မိတဲ့အခါ ​ဒေသ​ပေါင်​းစုံက စိုက်​ပျိုး​ရေးအ​ခြေအ​နေ​လေး​တွေကို ဂရုစိုက်​ပြီး ကြည်​့မိတယ်​..။

ကယန်​း​ဒေသ​မှာ အဓိကထွက်​ကုန်​ဟာ ငရုတ်​သီးဖြစ်​ပါတယ်​။

ဘဝတစ်​​လျှောက်​ စားဖူးသမျှ ငရုတ်​သီး​တွေထဲ ကယန်​းငရုတ်​သီး​လောက်​စပ်​တာ မ​တွေ့ဖူးပါ.. ဒါ့အပြင်​ ကယန်​းငရုတ်​သီးရဲ့ ထူးခြားချက်​က “ဘယ်​​လောက်​စားစား ပါးစပ်​ကသာစပ်​တာ ဝမ်​းထဲ မပူပါဘူး..” တဲ့..

အဟုတ်​ပါပဲ.. ငရုတ်​သီး အစားများလို့ ဗိုက်​ထဲ ပူ​နေတာတို့ မစင်​စွန်​့တဲ့အခါ ပူ​နေတာတို့ မရှိပါဘူး..

ဒီ​လောက်​စပါယ်​ရှယ်​​ကောင်​းတဲ့ငရုတ်​သီးကို ဘယ်​ကို​ရောင်​းတာလဲဆို​တော့ ထိုင်​းကိုတင်​ပို့တာပါတဲ့.. ပြည်​တွင်​းမှာက သာမန်​ငရုတ်​သီးထက်​ ​စျေးကြီးလို့ဆိုပြီး ကယန်း​ငရုတ်​သီးကို သိပ်​မဝယ်နိုင်​​ကြဘူးတဲ့..။

( ငရုပ်​ဆုံကြီး ထောင်​းကာ​ထောင်​းကာနဲ့ ပင်​လယ်​စာ​တွေကို ငရုတ်​သီးနိုင်​းချင်​းထည်​့ပြီးတရူးရူးတရှဲရှဲစားပြတဲ့ ထိုင်​းဆယ်​လီကို​တောင်​မျက်​လုံးထဲမြင်​​ယောင်​မိပြီး သူစား​နေတာ ငါတို့​မြန်​မာပြည်​က ကယန်​း ငရုတ်​သီး​များလားရယ်​လို့ ​​တွေးမိ​သေးတယ်​..)

“အခု​တော့ ကယန်​း​ဒေသက ငရုတ်​သီးကို ထိုင်​းကမဝယ်​​တော့ဘူး အကို​ရေ..”တဲ့..

“​ဟေ ..ဘာဖြစ်​လို့လဲ..”

“ကယန်​း ငရုတ်​သီးမျိုးကို ထိုင်​းမှာစိုက်​ပျိုးတာ ​​အောင်​မြင်​သွားပြီ​လေ..”

“​အော်​…”

မ​နေ့က ညီမ​လေးခင်​နှင်​းကြည်​သာနဲ့ အဲဒီအ​ကြောင်​း​တွေ ​ပြောမိတဲ့အခါ သူကလည်​းပြန်​​ပြောတယ်​..။

“စိန်​တစ်​လုံးသရက်​သီးကို အရင်​က တရုတ်​က အရမ်​းဝယ်​တာ​လေ..အခု​တော့ မဝယ်​​တော့ဘူး တရုတ်​မှာ စိုက်​လို့ုဖြစ်​သွားပြီအကိုရ..”

ကိုယ်​့​နိုင်​ငံက အဖိုးတန်​တဲ့အရာ​တွေကို တခြားနိုင်​ငံက​နေ အသာ​လေးယူပြီး မျိုးပွား​အောင်​မြင်​​နေတဲ့ အချိန်​မှာ ကျွန်​​တော်​တို့က​ရော သူတို့နိုင်​ငံက​နေ ဘာ​တွေ ပြန်​မျိုးပွားနိုင်​ပြီလဲ..

ငယ်​ငယ်​ကကြားဖူးတဲ့ အ​ကြောင်​းအရာ​လေး..။

အစ္စ​ရေးက စိုက်​ပျိုး​ရေး ပညာရှင်​ကြီးကို မြန်​မာနိုင်​ငံက ငှါးတဲ့အခါ သူလာကြည်​့ပြီးစိတ်​ဆိုးပြီးပြန်​သွားတယ်​တဲ့…..

မင်​းတို့နိုင်​ငံက ဘာစိုက်​စိုက်​ဖြစ်​တဲ့ဟာကိုငါ့ကိုဘာဖြစ်​လို့​ခေါ်တာလဲ..တဲ့..

ဂျင်​း​တွေ ..ဂျင်​း​တွေ..ကိုယ်​​တို့ မြန်​မာ​တွေ မာန်​​တွေတက်​​နေကြတာ..။

အခုကျွန်​​တော်​တို့နိုင်​ငံက​နေပြည်​ပကို ဂုဏ်​ရှိရှိပို့နိုင်​တဲ့ အသီးအနှံက ဘာရှိလို့လဲ..။

ပို့နိုင်​လည်​း ခဏပဲ..ဟိုက စမ်​းသပ်​ပြီး မျိုးယူသွားကြတာပဲ..

သူတို့နိုင်​ငံက သီးနှံ​တွေကျ​တော့ အဆင်​့မြင်​့နည်​းပညာ​တွေသုံးပြီး တခြားနိုင်​ငံကပုံတူကူးမရ​အောင်​ ကာကွယ်​ထားကြတယ်​..။

ထိုင်​းက ကမ္ဘာ​ကျော်​အုန်​းသီးအပါအဝင်​ သီးနှံ​တွေရဲ့ မျိုး​တွေကို သူများနိုင်​ငံက ယူမရ​အောင်​အထူးစီမံထားကြတယ်​..။

ပညာနိမ်​့သွားတဲ့အခါ ပတ်​ဝန်​းကျင်​နိုင်​ငံကအစစ အရာရာ အနိုင်​ကျင်​့သမျှ ခံရ​တော့တာပဲ..ဘယ်​​လောက်​ နာကျင်​ဖို့​ကောင်​းလဲ..။

ကျွန်​​တော်​့တပည်​့ လယ်​သမား တစ်​​ယောက်​ကိုရီးယားကိုသွားတယ်​..။သူ့မှာလယ်​ပိုင်​ ၁၀ ဧကရှိပါတယ်​..။

အဲဒါကို အငှါးချပြီး ကိုရီးယားသွား​တော့လည်​းဟိုမှာ စိုက်​ပျိုး​ရေးပဲ လုပ်​ရတာတဲ့..။

တစ်​လကို သိန်​း ၂၀ ​ကျော်​ အိမ်​ပြန်​ပို့​နေတဲ့သူ့ကိုကျွန်​​တော်​က ဖုန်​းဆက်​တဲ့အခါ စပ်​စုတယ်​..

“​မင်​း အဲဒီမှာ လယ်​လုပ်​ရတာ ပင်​ပန်​းလားကွ..”

“မပင်​ပန်​းပါဘူး အကို..ချမ်​းတာပဲ ရှိတယ်​..”

“မင်​းတို့သူ​ဌေးက လယ်​ဘယ်​နှစ်​ဧကရှိလဲ..”

“ငါး ဧက​လောက်​ရှိမယ်​..”

“​ဟေ..လယ်​​လေး ၅ ဧကနဲ့ မင်​းကို တစ်​လ သိန်း၃၀ ​လောက်​​ပေးနိုင်​တယ်​​နော်​..”

“ဟာ..အကိုကလည်​း ကျွန်​​တော်​တစ်​​ယောက်​ထဲ​တောင်​မဟုတ်​ဘူး..အလုပ်​သမား ၆ ​ယောက်​​လောက်​ရှိ​သေးတယ်​ဗျ..”

“​ဟေ..”

တရုတ်​နိုင်​ငံက​နေ လှလို့ဆိုပြီး ယူလာခဲ့တဲ့​ရွှေ​ရောင်​ ခရုမျိုးစိတ်​ဟာ မြန်​မာပြည်​မှာ စပါးပင်​ကို အကြီးအကျယ်​ဖျက်​စီးတဲ့ခရု ကပ်​​ရောဂါတစ်​ခုဖြစ်​သွားတယ်​.။

ဂျပန်​ကို မြန်​မာပြည်​က သစ်​သီး​တွေ ကုန်​ကူးခွင်​့ မရှိဘူး..ဘာဖြစ်​လို့လည်​းဆို​တော့ ဂျပန်​မှာ သီးလုံး​ဖောက်​ပိုးမရှိလို့..မြန်​မာပြည်​ကသစ်​သီး​တွေမှာ သီးလုံး​ဖောက်​ပိုးပါလာရင်​သူတို့တိုင်​းပြည်​က တစ်​ခြားသီးနှံ​တွေကို မျိုးပွားကုန်​မှာစိုးလို့..။

အခုလည်​း စင်္ကာပူမှာ မြန်​မာပြည်​က ကြက်​ဥ ဘဲဥ​တွေယူလို့မရ..။

ကိုယ်​့ဆီက အဆီအနှစ်​​တွေ လုပ်​အား​တွေ ​ကောင်​း​ပေ့ဆိုတဲ့အရာ​တွေကိုကျ​တော့​ပေါ်တင်​တစ်​မျိုး ၊ ခိုးပြီးတစ်​သွယ်​ ယူသွားကြလိုက်​တာ..

သူတို့ဆီက ​ကောင်​းတဲ့အရာ​တွေကျကိုယ်​​တွေက ပြန်​ယူခွင်​့မရှိ..။

သူတို့ဆီက မ​ကောင်​းမကန်​း​တွေကျ ကိုယ်​့ဆီ ဒလ​ဟောဝင်​လာလိုက်​တာ..ကိုယ်​့ဆီက မ​ကောင်​းတာ​တွေကျ သူတို့ဆီဝင်​လာမှာ အ​သေအလဲကာကွယ်​..။

ဟား……….ဆက်​မ​ရေးချင်​…​ရေး​နေရင်​း ရင်​နာရပါတယ်​..။

အဖက်​ဖက်​က နိမ်​့ပြီးကျန်​ခဲ့တဲ့ ကျွန်​​တော်​တို့နိုင်​ငံရှေ့လည်​း တိုးတက်​ဖို့ရာလည်​း လမ်​းမမြင်​​သေး..။

သူများ အနိုင်​ကျင်​့သမျှသာ လူးလိမ်​့​နေ​အောင်​ ခံ​နေရတယ်​

ကိုစိုးထိုက်​ (ဖဒို)

Facebook Comments