(၁၈)နွစ္အရြယ္မိန္းကေလးကို ကိုယ္ဝန္(၃)လရသည္အထိအၾကိမ္ၾကိမ္အဓမၼျပဳက်င့္မႈ

2028

ငါ႕ . ရည္ကိုအျပင္ထုတ္ပစ္တာဟုေျပာျပီးကိုယ္ဝန္(၃)လရသည္အထိအၾကိမ္ၾကိမ္အဓမၼျပဳက်င့္မႈ

(၇-၄-၂၀၁၉)ရက္ေန႔(၈:၀၀)နာရီ အခ်ိန္ခန္႔ေက်ာက္တံခါးျမိဳ႔ ကြင္းေျမာက္ရပ္ကြက္နွင္းဆီလမ္းေနသူ ဦးထြန္းေဝ(ဘ)ဦးေက်ာ္စိန္(၅၈)နွစ္မွတစ္ရပ္ကြက္တည္းေနသူအိမ္ခ်င္းကပ္လ်က္မ×××××××(ဘ)ဦးေဇာ္မိုး(၁၈)နွစ္အားကာမ ရာဂစိတ္အား ထိန္းခ်ဳပ္နိုင္ျခင္းမရွိေသာေၾကာင့္သတ္ပစ္မည္ဟု ျခိမ္းေျခာက္ေျပာဆိုကာ

အလိုမတူပဲကိုယ္ဝန္(၃)လ ရသည္အထိ အၾကိမ္ၾကိမ္အဓမၼ ျပဳက်င့္ခဲ႔ပါေသာေၾကာင့္ ေက်ာက္တံခါးျမိဳ႕မရဲစခန္းတြင္ အေဒၚျဖစ္သူနွင့္ အစ္ကိုျဖစ္သူတို႔နွင့္အတူမxxxxxမွ အမႈဖြင့္တိုင္ၾကားခဲ႔ပါသည္။

ျဖစ္စဥ္မွာ မ×××××သည္ လြန္ခဲ႔ေသာ၁၉၉၉ခုနွစ္ခန္႔မွစ၍အတူေန အမျဖစ္သူ မယမင္းေဇာ္မိုးနွင့္အတူျခံျခင္း ကပ္လ်က္ေန ဦးထြန္းေဝပိုင္ဆိုင္ေသာေရြွလဝန္း အထည္ဆိုင္တြင္ အလုပ္လုပ္ကာေစ်းသိမ္းျပီးေနာက္ ဦးထြန္းေဝ၏ ေနအိမ္တြင္ အိမ္အကူလုပ္ငန္းအားည(၉:၀၀)နာရီ အခ်ိန္ထိ အလုပ္ လုပ္ကိုင္ရျပီးျခံျခင္းကပ္လ်က္ ၎၏ ေနအိမ္သို႔ ျပန္လည္ အိပ္စက္ခဲ႔ပါသည္။

ထိုသို႔ လုပ္ကိုင္ေနစဥ္ ($-၁၂-၂၀၁၈)ရက္ေန႔တြင္ဦးထြန္းေဝ၏ အတူေန ဇနီးျဖစ္သူ မခင္မူေအးနွင့္မယမင္းေဇာ္မိုးတို႔မွာ ရန္ကုန္သို႕ေစ်းဝယ္ရန္သြားေရာက္ျပီးဦးထြန္းေဝ၏အတူေနသားျဖစ္သူရာဇာလဝန္း(ခ)ေအာင္ခန္႔ပိုင္(ခ)ေရြွလဝန္းမွာကားေအာ္ဒါလိုက္ပါသြားသျဖင့္ ေနအိမ္တြင္ဦးထြန္းေဝနွင့္မxxxxxxတို႔ နွစ္ဦးသာက်န္ရွိခ်ိန္ ည(၆:၀၀)နာရီ အခ်ိန္ခန္႔ မxxxxxမွမီးပူတိုက္ေနစဥ္ ဦးထြန္းေဝ ေရာက္ရွိလာျပီး…

မxxxxxာ္အား လက္ကိုဆြဲ၍ ေနအိမ္ေနာက္ေဖးရွိ အဝတ္ေလ်ွာ္စက္ေရွ့ အေရာက္တြင္အလိုမတူပဲ သားမယားအျဖစ္(၅)မိနစ္ခန္႔ အလိုမတူပဲ သား မယားအျဖစ္တစ္ၾကိမ္ ျပဳက်င့္ခဲ႔ျပီးီဦးထြန္းေဝမွ “နင္ ဘာမွမျဖစ္ဘူး” ငါ သုတ္ရည္ကိုအျပင္ထုတ္ပစ္တာဟုေျပာဆိုျပီးအဆိုပါကိစၥအား ဘယ္သူ႔မွ မေျပာရန္ေျပာရင္ သတ္ပစ္မည္ဟု ျခိမ္းေျခာက္ေျပာဆိုေသာေၾကာင့္ မ××××မွမည္သူ႔ကိုမွ မေျပာပဲေနခဲ႔ပါသည္။

ေနာက္(၇)ရက္ခန္႔အၾကာ ဦးထြန္းေဝ၏ ေနအိမ္တြင္မ×××××နွင့္ နွစ္ဦးတည္းရွိေနစဥ္ေနအိမ္ေရွ့ခန္းတြင္ သားမယားအျဖစ္ (၂)ၾကိမ္ခန့္ျပဳက်င့္ျပီး ေနာက္ (၂)ရက္အၾကာတြင္အိမ္ေရွ့ ဧည့္ခန္းတြင္ တစ္ၾကိမ္ အလိုမတူပဲသားမယားအျဖစ္ ျပဳက်င့္ခဲ႔ပါသည္။

(၃၀-၃-၂၀၁၉)ရက္ေန႔တြင္မ×××××မွမိန္းမရာသီမလာေၾကာင္း အေဒၚျဖစ္သူ ေဒၚစန္းေဌးအားေျပာျပသျဖင့္ စစ္ေဆးရာ ကိုယ္ဝန္(၃)လ ရွိေၾကာင္း၎ ကိုယ္ဝန္အား ဦးထြန္းေဝျဖင့္ရ ႐ွိေၾကာင္းေျပာျပသျဖင့္ ေဒၚစန္းေဌးနွင့္အစ္ကိုျဖစ္သူခိုင္မင္းသူတို႔မွေက်ာက္တံခါးျမိဳ႕မ ရဲစခန္းသို႕ေခၚေဆာက္လာျပီးျခိမ္းေျခာက္ေျပာဆို အလိုမတူပဲ သားမယားအျဖစ္ျပဳက်င့္သူ ဦးထြန္းေဝအား ဥပေဒအရအေရးယူေပးပါရန္ မ××××မွတိုင္ၾကားခဲ႔ပါသည္။

အမႈအား ေက်ာက္တံခါးျမိဳ႕မ ရဲစခန္း( ပ)၂၉၂/၂၀၁၉ရာဇသတ္ၾကီးပုဒ္မ ၃၇၆ အရ ရဲ၅၆၃၅ ဒုရဲမွဴးေဇာ္ထြန္း(စခန္းမွဴး)မွ စစ္ေဆးလ်က္ရွိျပီး ျပစ္မႈက်ဴးလြန္သူအားအျမန္ဆုံး ဖမ္းဆီးနိုင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိပါသည္။ကိုသက္ ေက်ာက္တံခါး

unicode

ငါ့ . ရည်ကိုအပြင်ထုတ်ပစ်တာဟုပြောပြီးကိုယ်ဝန်(၃)လရသည်အထိအကြိမ်ကြိမ်အဓမ္မပြုကျင့်မှု

(၇-၄-၂၀၁၉)ရက်နေ့(၈:၀၀)နာရီ အချိန်ခန့်ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်နှင်းဆီလမ်းနေသူ ဦးထွန်းဝေ(ဘ)ဦးကျော်စိန်(၅၈)နှစ်မှတစ်ရပ်ကွက်တည်းနေသူအိမ်ချင်းကပ်လျက်မ×××××××(ဘ)ဦးဇော်မိုး(၁၈)နှစ်အားကာမ ရာဂစိတ်အား ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့်သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ

အလိုမတူပဲကိုယ်ဝန်(၃)လ ရသည်အထိ အကြိမ်ကြိမ်အဓမ္မ ပြုကျင့်ခဲ့ပါသောကြောင့် ကျောက်တံခါးမြို့မရဲစခန်းတွင် အဒေါ်ဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့နှင့်အတူမxxxxxမှ အမှုဖွင့်တိုင်ကြားခဲ့ပါသည်။

ဖြစ်စဉ်မှာ မ×××××သည် လွန်ခဲ့သော၁၉၉၉ခုနှစ်ခန့်မှစ၍အတူနေ အမဖြစ်သူ မယမင်းဇော်မိုးနှင့်အတူခြံခြင်း ကပ်လျက်နေ ဦးထွန်းဝေပိုင်ဆိုင်သောရွှေလဝန်း အထည်ဆိုင်တွင် အလုပ်လုပ်ကာစျေးသိမ်းပြီးနောက် ဦးထွန်းဝေ၏ နေအိမ်တွင် အိမ်အကူလုပ်ငန်းအားည(၉:၀၀)နာရီ အချိန်ထိ အလုပ် လုပ်ကိုင်ရပြီးခြံခြင်းကပ်လျက် ၎င်း၏ နေအိမ်သို့ ပြန်လည် အိပ်စက်ခဲ့ပါသည်။

ထိုသို့ လုပ်ကိုင်နေစဉ် ($-၁၂-၂၀၁၈)ရက်နေ့တွင်ဦးထွန်းဝေ၏ အတူနေ ဇနီးဖြစ်သူ မခင်မူအေးနှင့်မယမင်းဇော်မိုးတို့မှာ ရန်ကုန်သို့စျေးဝယ်ရန်သွားရောက်ပြီးဦးထွန်းဝေ၏အတူနေသားဖြစ်သူရာဇာလဝန်း(ခ)အောင်ခန့်ပိုင်(ခ)ရွှေလဝန်းမှာကားအော်ဒါလိုက်ပါသွားသဖြင့် နေအိမ်တွင်ဦးထွန်းဝေနှင့်မxxxxxxတို့ နှစ်ဦးသာကျန်ရှိချိန် ည(၆:၀၀)နာရီ အချိန်ခန့် မxxxxxမှမီးပူတိုက်နေစဉ် ဦးထွန်းဝေ ရောက်ရှိလာပြီး

မxxxxxာ်အား လက်ကိုဆွဲ၍ နေအိမ်နောက်ဖေးရှိ အဝတ်လျှော်စက်ရှေ့ အရောက်တွင်အလိုမတူပဲ သားမယားအဖြစ်(၅)မိနစ်ခန့် အလိုမတူပဲ သား မယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ပြီးီဦးထွန်းဝေမှ “နင် ဘာမှမဖြစ်ဘူး” ငါ သုတ်ရည်ကိုအပြင်ထုတ်ပစ်တာဟုပြောဆိုပြီးအဆိုပါကိစ္စအား ဘယ်သူ့မှ မပြောရန်ပြောရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသောကြောင့် မ××××မှမည်သူ့ကိုမှ မပြောပဲနေခဲ့ပါသည်။

နောက်(၇)ရက်ခန့်အကြာ ဦးထွန်းဝေ၏ နေအိမ်တွင်မ×××××နှင့် နှစ်ဦးတည်းရှိနေစဉ်နေအိမ်ရှေ့ခန်းတွင် သားမယားအဖြစ် (၂)ကြိမ်ခန့်ပြုကျင့်ပြီး နောက် (၂)ရက်အကြာတွင်အိမ်ရှေ့ ဧည့်ခန်းတွင် တစ်ကြိမ် အလိုမတူပဲသားမယားအဖြစ် ပြုကျင့်ခဲ့ပါသည်။

(၃၀-၃-၂၀၁၉)ရက်နေ့တွင်မ×××××မှမိန်းမရာသီမလာကြောင်း အဒေါ်ဖြစ်သူ ဒေါ်စန်းဌေးအားပြောပြသဖြင့် စစ်ဆေးရာ ကိုယ်ဝန်(၃)လ ရှိကြောင်း၎င်း ကိုယ်ဝန်အား ဦးထွန်းဝေဖြင့်ရ ရှိကြောင်းပြောပြသဖြင့် ဒေါ်စန်းဌေးနှင့်အစ်ကိုဖြစ်သူခိုင်မင်းသူတို့မှကျောက်တံခါးမြို့မ ရဲစခန်းသို့ခေါ်ဆောက်လာပြီးခြိမ်းခြောက်ပြောဆို အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူ ဦးထွန်းဝေအား ဥပဒေအရအရေးယူပေးပါရန် မ××××မှတိုင်ကြားခဲ့ပါသည်။

အမှုအား ကျောက်တံခါးမြို့မ ရဲစခန်း( ပ)၂၉၂/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ရဲ၅၆၃၅ ဒုရဲမှူးဇော်ထွန်း(စခန်းမှူး)မှ စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူအားအမြန်ဆုံး ဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ကိုသက် ကျောက်တံခါး

Facebook Comments