ၿပိဳင္ဘက္ေဟာင္းကို ပထမအခ်ီမွာ ပြဲသိမ္းမည္ဟု ေအာင္လအန္ဆန္း ေျပာ

Posted on

လာမည့္ မတ္လ ၃၁ ရက္ေန႔မွာေတာ့ ONE Championship ရဲ႕ ခ်ံပီယံဆု ၂ ခုပိုင္ရွင္ “ေအာင္လအန္ဆန္း (ျမန္မာ့စပါးအုံး)” ကို ၿပိဳင္ဘက္ေဟာင္းျဖစ္ခဲ့ဖူးသူ “ကန္ဟက္ဆီဂါဝါ” က ဒုတိယအႀကိမ္ စိန္ေခၚထိုးသတ္သြားမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၉) ရက္ေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ Sprit Of Warrior ပြဲစဥ္မွာ “ေအာင္လအန္ဆန္း” နဲ႔ “ကန္ဟက္ဆီဂါဝါ” တို႔ရဲ႕ ပြဲက တစ္ႏွစ္တာအတြက္ အေကာင္းဆုံးပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ေအာင္လအန္ဆန္းက ၅ ခ်ီမွာ လက္သီးခ်က္မ်ားနဲ႔ ကန္ဟက္ဆီဂါဝါကို အလဲထိုးအႏိုင္ယူခဲ့ကာ ခ်ံပီယံခါးပတ္ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

လာမယ့္ ၂၀၁၉ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ ျပဳလုပ္မယ့္ “ONE: A New Era” ပြဲမွာ “ကန္ဟက္ဆီဂါဝါ” က “ေအာင္လအန္ဆန္း” ကို မေၾကပြဲျပန္လည္ စိန္ေခၚထိုးသတ္မွာျဖစ္ပါတယ္။ ဒီပြဲအတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီး ပထမအခ်ီမွာတင္ ပြဲသိမ္းေအာင္ ႀကိဳးစားသြားမယ္လို႔ “ေအာင္လအန္ဆန္း” က ေျပာဆိုခဲ့ပါတယ္။

ဒီပြဲဟာ ဂ်ပန္ႏိုင္ငံ တိုက်ိဳမွာ ျပဳလုပ္မွာျဖစ္တဲ့အတြက္ ပရိသတ္အားေပးမႈအေနနဲ႔ “ကန္ဟက္ဆီဂါဝါ” ဘက္က အသာရႏိုင္ေပမယ့္ ပထမတစ္ႀကိမ္ ရင္ဆိုင္ႀကဳံးေတြ႕ဖူးသူျဖစ္လို႔ သူဘာလုပ္မယ္ဆိုတာ ေအာင္လအန္ဆန္းအေနနဲ႔ သိၿပီးသားျဖစ္သလို “ကန္ဟက္ဆီဂါဝါ” ရဲ႕ ပြဲေတြကိုလည္း ၾကည့္ရႈေလ့လာထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ေအာင္လအေနနဲ႔ ႏိုင္ငံျခားတိုင္းျပည္မ်ားမွာ ယွဥ္ၿပိဳင္ဖူးတဲ့ ပြဲအေတြအႀကဳံ မ်ားသူတစ္ေယာက္အေနနဲ႔ ပရိသတ္အားေပးမႈ အသာစီးမရသည့္တိုင္ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္အျပည့္နဲ႔ ျမန္မာႏိုင္ငံအတြက္ အေကာင္းဆုံး ႀကိဳးစားအႏိုင္ယူသြားမည္ျဖစ္ေၾကာင္း ႐ုပ္သံမွတစ္ဆင့္ ပရိသတ္မ်ားအား အသိေပးေျပာၾကားလိုက္သည္။

မတ္လ (၈) ရက္ေန႔မွာလည္း ONE Championship ရဲ႕ Reign Of Valor ကို ရန္ကုန္ၿမိဳ႕ သုဝဏၰမွာ က်င္းပျပဳလုပ္မွာျဖစ္ၿပီး “ဖိုးေသာ္” “တီရယ္ထန္” နဲ႔ “ဘိုဇန္နာ အန္တိုနီယာ” တို႔က ျမန္မာကိုယ္စားျပဳအေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္သြားၾကမွာျဖစ္ပါတယ္။

ONE Championship ပြဲလက္မွတ္မ်ားကို စတင္ေရာင္းခ်ေနၿပီျဖစ္ၿပီး ေအာက္ပါေနရာတြင္ စုံစမ္းဝယ္ယူႏိုင္ပါသည္။My AsiaTicket : အခန္း ၇၀၃၊ ေ႐ႊသံလြင္ကြန္ဒို၊ တကၠသိုလ္ရိပ္သာလမ္းသစ္၊ ေအးရိပ္သာ (၁) လမ္း၊ ဗဟန္းၿမိဳ႕နယ္။ဖုန္း − ၀၁ ၅၄ ၉၂ ၉၇

unicode

လာမည့် မတ်လ ၃၁ ရက်နေ့မှာတော့ ONE Championship ရဲ့ ချံပီယံဆု ၂ ခုပိုင်ရှင် “အောင်လအန်ဆန်း (မြန်မာ့စပါးအုံး)” ကို ပြိုင်ဘက်ဟောင်းဖြစ်ခဲ့ဖူးသူ “ကန်ဟက်ဆီဂါဝါ” က ဒုတိယအကြိမ် စိန်ခေါ်ထိုးသတ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ (၂၉) ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ Sprit Of Warrior ပွဲစဉ်မှာ “အောင်လအန်ဆန်း” နဲ့ “ကန်ဟက်ဆီဂါဝါ” တို့ရဲ့ ပွဲက တစ်နှစ်တာအတွက် အကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပြီး အောင်လအန်ဆန်းက ၅ ချီမှာ လက်သီးချက်များနဲ့ ကန်ဟက်ဆီဂါဝါကို အလဲထိုးအနိုင်ယူခဲ့ကာ ချံပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

လာမယ့် ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်မယ့် “ONE: A New Era” ပွဲမှာ “ကန်ဟက်ဆီဂါဝါ” က “အောင်လအန်ဆန်း” ကို မကြေပွဲပြန်လည် စိန်ခေါ်ထိုးသတ်မှာဖြစ်ပါတယ်။ ဒီပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပထမအချီမှာတင် ပွဲသိမ်းအောင် ကြိုးစားသွားမယ်လို့ “အောင်လအန်ဆန်း” က ပြောဆိုခဲ့ပါတယ်။

ဒီပွဲဟာ ဂျပန်နိုင်ငံ တိုကျိုမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအနေနဲ့ “ကန်ဟက်ဆီဂါဝါ” ဘက်က အသာရနိုင်ပေမယ့် ပထမတစ်ကြိမ် ရင်ဆိုင်ကြုံးတွေ့ဖူးသူဖြစ်လို့ သူဘာလုပ်မယ်ဆိုတာ အောင်လအန်ဆန်းအနေနဲ့ သိပြီးသားဖြစ်သလို “ကန်ဟက်ဆီဂါဝါ” ရဲ့ ပွဲတွေကိုလည်း ကြည့်ရှုလေ့လာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အောင်လအနေနဲ့ နိုင်ငံခြားတိုင်းပြည်များမှာ ယှဉ်ပြိုင်ဖူးတဲ့ ပွဲအတွေအကြုံ များသူတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှု အသာစီးမရသည့်တိုင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ကြိုးစားအနိုင်ယူသွားမည်ဖြစ်ကြောင်း ရုပ်သံမှတစ်ဆင့် ပရိသတ်များအား အသိပေးပြောကြားလိုက်သည်။

မတ်လ (၈) ရက်နေ့မှာလည်း ONE Championship ရဲ့ Reign Of Valor ကို ရန်ကုန်မြို့ သုဝဏ္ဏမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး “ဖိုးသော်” “တီရယ်ထန်” နဲ့ “ဘိုဇန်နာ အန်တိုနီယာ” တို့က မြန်မာကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

ONE Championship ပွဲလက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး အောက်ပါနေရာတွင် စုံစမ်းဝယ်ယူနိုင်ပါသည်။My AsiaTicket : အခန်း ၇၀၃၊ ရွှေသံလွင်ကွန်ဒို၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အေးရိပ်သာ (၁) လမ်း၊ ဗဟန်းမြို့နယ်။ ဖုန္း − ၀၁ ၅၄ ၉၂ ၉၇

Facebook Comments