အီတ လီ မှာ ကိုရို နာကြောင့် (၁) ရက် တည်း လူ (၅၀၀) နီးပါး စံ ချိန် တင် သေဆုံး

ကို ရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမှာ တစ်ရက်တည်း လူပေါင်း ၄၇၅ ဦး သေဆုံးတာကြောင့် ဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်က စလို့ တကမ္ဘာလုံးမှာ တစ်ရက်တည်း အများဆုံး သေဆုံးမှုဖြစ်ခဲ့ပါတယ်။ဒီ တစ်ရက်တည်း စံချိန်တင် သေဆုံးမှု အပါအဝင် နိုင်ငံမှာ ကိုရိုနာကြောင့် သေဆုံးသူဦးရေဟာ ၃၀၀၀ နီးပါးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ အီတလီနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၃၅၇၁၃ ဦး ရှိပြီး လူ ၄၀၀၀ နီးပါးကတော့ ပြန်လည်ကျန်းမာရေး ကောင်းမွန်ခဲ့ပါ တ ယ်။

ဗိုင်း ရပ်စ်ရဲ့ ဘေးကို အဆိုးဆုံး ကြုံရတဲ့ လွမ်ဘာဒီပြည်နယ်မှာတင် တစ်ရက်တည်း လူပေါင်း ၃၁၉ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံပြီးရင် အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးဝါးဆုံး ဖြစ်ပွားနေသော နိုင်ငံပါ။ တရုတ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၈၇၅၈ ဦး သေဆုံးထားပါတ ယ်။

ကိုရိုဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ တစ်ကမ္ဘာလုံးမှာ နှစ်သိန်းကျော်ထက်မနည်း ရှိရာ အများစု ပမာဏ ၈၀ ရာခိုင်နှုန်းကတော့ ဥရောပနဲ့ အနောက်ပစိဖိတ်ဒေသတွေအပြင် အာရှရဲ့ နယ်မြေများစွာလည်း အပါအဝင် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြော ပါတယ်။

နိုင်ငံအများစုက လူစုဝေးခြင်း မပြုအောင်၊ ကူးစက်မှု နှေးကွေးစေဖို့ အဓိက လူစုလူဝေးပွဲတွေကို ပယ်ဖျက်တာနဲ့ ကျန်းမာရေးစနစ်က ဖိအားများကို လျှော့ချတာတွေ အပါအဝင် ပြင်းထန်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ကာ ဗိုင်းရပ်စ်ဘေးကို ကာကွယ်တားဆီးေ နရပါတယ်။

“ဗိုင်းရပ်စ်ကို မတွန်းလှန်နိုင်၊ မထိန်းချုပ်နိုင်သေးပေမယ့် နိုင်ငံတွေအနေနဲ့ သီးခြားခွဲနေတာ၊ စမ်းသပ်တာ၊ ကုသတာနဲ့ ခြေရာခံတာတွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်။”လို့ WHO အကြီးအကဲ တီဒရို့စ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါ တယ်။

အီတလီ အာဏာပိုင်တွေဟာ ဗိုင်းရပ်စ် ကူးစက်မှု ရပ်တန့်အောင် ကြိုးစားပြီး နိုင်ငံကို အဝင်အထွက်တွေ ပိတ် ထားတာ သီတင်းနှစ်ပတ်နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။

Rf; BBC
Credit-Writer_ မောင်သံဆင့်(XYZ News)

Facebook Comments