မေလအတွက် မီတာခ ယူနစ် ၁၅၀အထိ အခမဲ့သုံးခွင့် ထပ်ပေးမည် . . .

မေလအတွက် မီတာခ ယူနစ် ၁၅၀အထိ အခမဲ့သုံးခွင့် ထပ်ပေးမည်

အခု မေလအတွက် မီတာခတွေကို ယူနစ် ၁၅၀ အထိ အခမဲ့သုံးခွင့်ပေးမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို မေ ၃၁ အထိ တိုးမြှင့်ခဲ့တာကြောင့် ဒီကာလ အတွင်းမှာ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေရဲ့ အိမ်သုံးမီတာအမျိုးအစားအတွက် လျှပ်စစ်သုံးစွဲတာ ၁ ယူနစ်ကနေ ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပေးမယ်လို့ ထပ်မံ ကြေညာလိုက်တာပါ။

ဒီထဲမှာတော့ သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမပါဘဲ နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်းအိမ်သုံး၊ စီးပွားရေးလုပ်ငန်းမပါတဲ့ ဘာသာ သာသနာ အဆောက်အအုံတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက်ပဲ ကင်းလွတ်ခွင့်ပေးတာပါ။

ပြီးခဲ့တဲ့ ဧပြီလ တလလုံးအတွက်လည်း မီတာခတွေကို အဲဒီအမျိုးအစားတွေအတွက် ယူနစ် ၁၅၀ အခမဲ့ပေးခဲ့ပြီး မေလအတွက် ၁၅ ရက်နေ့အထိ ကင်းလွတ်ခွင့်ပေးမယ်လို့ ကြေညာ ထားခဲ့တာပါ။

ဧပြီလအတွက် မီတာခ ယူနစ် ၁၅၀ လျှော့ပေးခဲ့ပေမဲ့ မီတာဘေလ်ထွက်လာချိန်မှာ အရင်လတွေထက် အဆမတန်ပိုများ နေတယ်ဆိုပြီး ပြည်သူလူထုရဲ့ ဝေဖန်ခံခဲ့ရသလို မီတာဖတ်သူတွေဘက်က အမှားအယွင်းရှိကောင်းရှိနိုင်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့ ဧပြီလမှာ အစိုးရက မီတာခ ယူနစ် ၁၅၀ လျှော့ကောက်ခဲ့တဲ့အတွက် မီတာယူနစ် ၁၅၀ အောက် အသုံးပြုတဲ့ သန်းနဲ့ချီတဲ့ အခြေခံလူတန်းစား ပြည်သူလူထုတွေကတော့ မီတာခပေးဆောင်စရာမလိုဘဲ အခမဲ့သုံးစွဲခွင့်ရခဲ့ ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကြောင့် ပြည်သူတွေ အိမ်မှာနေတဲ့အချိန်ပိုများနေပြီး လျှပ်စစ်ဓါတ်အားသုံးစွဲတာမြင့်ခဲ့လို့ ဧပြီလအတွင်း တနိုင်ငံလုံးမှာ တနေ့ကို ၃၆၀၀ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့ပါတယ်။

ဒါဟာ ဝန်ကြီးဌာနသမိုင်းမှာ အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ သိရပါတယ်။

DVB TV News

အခု ေမလအတြက္ မီတာခေတြကို ယူနစ္ ၁၅၀ အထိ အခမဲ့သုံးခြင့္ေပးမယ္လို႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးကို ေမ ၃၁ အထိ တိုးျမႇင့္ခဲ့တာေၾကာင့္ ဒီကာလ အတြင္းမွာ ျပည္သူေတြ၊ ဘာသာေရးအဖြဲ႕အစည္းေတြနဲ႔ ျပည္တြင္းလူမႈေရး အဖြဲ႕အစည္းေတြရဲ႕ အိမ္သုံးမီတာအမ်ိဳးအစားအတြက္ လွ်ပ္စစ္သုံးစြဲတာ ၁ ယူနစ္ကေန ယူနစ္ ၁၅၀ အထိ ကင္းလြတ္ခြင့္ေပးမယ္လို႔ ထပ္မံ ေၾကညာလိုက္တာပါ။

ဒီထဲမွာေတာ့ သံ႐ုံးေတြ၊ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြမပါဘဲ ေနအိမ္သုံး၊ အိမ္သုံးပါဝါ၊ တလုံးတခဲတည္းအိမ္သုံး၊ စီးပြားေရးလုပ္ငန္းမပါတဲ့ ဘာသာ သာသနာ အေဆာက္အအုံေတြနဲ႔ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းေတြအတြက္ပဲ ကင္းလြတ္ခြင့္ေပးတာပါ။

ၿပီးခဲ့တဲ့ ဧၿပီလ တလလုံးအတြက္လည္း မီတာခေတြကို အဲဒီအမ်ိဳးအစားေတြအတြက္ ယူနစ္ ၁၅၀ အခမဲ့ေပးခဲ့ၿပီး ေမလအတြက္ ၁၅ ရက္ေန႔အထိ ကင္းလြတ္ခြင့္ေပးမယ္လို႔ ေၾကညာ ထားခဲ့တာပါ။

ဧၿပီလအတြက္ မီတာခ ယူနစ္ ၁၅၀ ေလွ်ာ့ေပးခဲ့ေပမဲ့ မီတာေဘလ္ထြက္လာခ်ိန္မွာ အရင္လေတြထက္ အဆမတန္ပိုမ်ား ေနတယ္ဆိုၿပီး ျပည္သူလူထုရဲ႕ ေဝဖန္ခံခဲ့ရသလို မီတာဖတ္သူေတြဘက္က အမွားအယြင္းရွိေကာင္းရွိႏိုင္တယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ၿပီးခဲ့ ဧၿပီလမွာ အစိုးရက မီတာခ ယူနစ္ ၁၅၀ ေလွ်ာ့ေကာက္ခဲ့တဲ့အတြက္ မီတာယူနစ္ ၁၅၀ ေအာက္ အသုံးျပဳတဲ့ သန္းနဲ႔ခ်ီတဲ့ အေျခခံလူတန္းစား ျပည္သူလူထုေတြကေတာ့ မီတာခေပးေဆာင္စရာမလိုဘဲ အခမဲ့သုံးစြဲခြင့္ရခဲ့ ပါတယ္။

ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးေၾကာင့္ ျပည္သူေတြ အိမ္မွာေနတဲ့အခ်ိန္ပိုမ်ားေနၿပီး လွ်ပ္စစ္ဓါတ္အားသုံးစြဲတာျမင့္ခဲ့လို႔ ဧၿပီလအတြင္း တႏိုင္ငံလုံးမွာ တေန႔ကို ၃၆၀၀ မဂၢါဝပ္အထိ သုံးစြဲခဲ့ပါတယ္။ ဒါဟာ ဝန္ႀကီးဌာနသမိုင္းမွာ အျမင့္ဆုံးစံခ်ိန္ျဖစ္တယ္လို႔ သိရပါတယ္။

DVB TV News

Facebook Comments