အိႏၵိယမွာအေဆာက္အအုံမီးေလာင္မႈအတြင္း ေက်ာင္းသူေက်ာင္းသားေပါင္း ၁၇ ဦးထက္မနည္း ေသဆုံး

Zawgyicode

အိႏၵိယမွာအေဆာက္အအုံမီးေလာင္မႈအတြင္း ေက်ာင္းသူေက်ာင္းသားေပါင္း ၁၇ ဦးထက္မနည္း ေသဆုံး

အိႏၵိယနိုင္ငံမွာ ေကာလိပ္ေက်ာင္းဖြင့္ထားတဲ့ အေဆာက္အအုံ မီးေလာင္မႈတြင္း ေက်ာင္းသူေက်ာင္းသား ၁၇ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။အိႏၵိယအေနာက္ပိုင္း စူရတ္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ အဆိုပါ မီးေလာင္မႈအတြင္း ေက်ာင္းသူေက်ာင္းသားေတြက အေဆာက္အအုံကေန ခုန္ခ်ခဲ့ၾကတာကို ဗီဒီယိုမွတ္တမ္းေတြမွာ ျမင္ခဲ့ရပါတယ္။ အေဆာက္အအုံရဲ႕ ျပတင္းေပါက္ေတြကေန မီးခိုးမ်ားစြာ ထြက္ေနခဲ့တာကို သတင္းဓာတ္ပုံေတြမွာ ေတြ႕ရပါတယ္။

ေသဆုံးခဲ့ၾကတဲ့ ေက်ာင္းသူေက်ာင္းသား အမ်ားစုဟာ ဆယ္ေက်ာ္သက္အ႐ြယ္ေတြျဖစ္ၿပီး အေဆာက္အအုံ အေပၚဆုံးထပ္မွာ စာသင္ေနၾကစဥ္ မီးေလာင္မႈျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ မီးေလာင္မႈျဖစ္ပြားရတဲ့ အေၾကာင္းရင္းကို လတ္တေလာ အတိအက် မသိရေသးေပမဲ့ အာဏာပိုင္ေတြကေတာ့ အေဆာက္အအုံ အမိုးထဲမွာ အသုံးျပဳထားတဲ့ ပစၥည္းေၾကာင့္ စာသင္ခန္းေတြကို မီးကူးစက္ေလာင္ကြၽမ္းခဲ့တယ္လို႔ သုံးသပ္ထားပါတယ္။မီးေလာင္မႈအတြင္း ဒဏ္ရာရခဲ့သူ ၂၀ ဦးထက္မနည္းရွိၿပီး ၎တို႔ကို ဂူဂ်ာရတ္ျပည္နယ္ ေဆး႐ုံမွာ ကုသေပးေနေၾကာင္း သိရပါတယ္။ “ေက်ာင္းသူေက်ာင္းသားေတြက မီးေလာင္မႈေၾကာင့္နဲ႕ အေဆာက္အအုံကေန ခုန္ခ်ခဲ့ၾကတာေၾကာင့္ ေသဆုံးခဲ့ၾကတာ ျဖစ္ပါတယ္” လို႔ ေဒသခံ မီးသတ္တပ္ဖြဲ႕အရာရွိ Deepak Sapthaley က AFP သတင္းဌာနကို ေျပာပါတယ္။

မီးေလာင္မႈအတြင္း ေသဆုံးခဲ့သူအားလုံးဟာ အသက္ ၂၀ ႏွစ္ေအာက္အ႐ြယ္ေတြျဖစ္ၿပီး အမ်ားအျပားဟာ စာသင္ခန္းမ်ားအနီးရွိ ေလွခါးကို မီးကူးေလာင္မႈေၾကာင့္ ပိတ္မိခဲ့ၾကတယ္လို႔ Reuters သတင္းက ေဖာ္ျပပါတယ္။ မီးေလာင္မႈျဖစ္ပြားစဥ္ အေဆာက္အအုံအတြင္း လူ ၅၀ သို႔မဟုတ္ ၆၀ ဦးရွိေနနိုင္တယ္လို႔ မီးသတ္အရာရွိက ေျပာပါတယ္။ယခု မီးေလာင္မႈနဲ႕ပတ္သက္ၿပီး စုံစမ္းစစ္ေဆးရန္ ၫြန္ၾကားထားေၾကာင္းနဲ႕ သုံးရက္အတြင္း အစီရင္ခံစာ ရရွိနိုင္ေၾကာင္း ဂူဂ်ာရတ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဗီေဂ်း႐ူပန္နီရဲ႕ ႐ုံးခန္းမွ ေျပာခြင့္ရအမ်ိဳးသားက ဆိုပါတယ္။ အိႏၵိယမွာ ယခုႏွစ္ ေဖေဖၚဝါရီလအတြင္းကလည္း ေဒလီၿမိဳ႕ရွိ ဟိုတယ္တစ္လုံး မီးေလာင္မႈေၾကာင့္ လူ ၁၇ ဦးထက္မနည္း ေသဆုံးခဲ့ဖူးပါတယ္။
Credit Duwun

Unicode

အိန္ဒိယနိုင်ငံမှာ ကောလိပ်ကျောင်းဖွင့်ထားတဲ့ အဆောက်အအုံ မီးလောင်မှုတွင်း ကျောင်းသူကျောင်းသား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။အိန္ဒိယအနောက်ပိုင်း စူရတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ မီးလောင်မှုအတွင်း ကျောင်းသူကျောင်းသားတွေက အဆောက်အအုံကနေ ခုန်ချခဲ့ကြတာကို ဗီဒီယိုမှတ်တမ်းတွေမှာ မြင်ခဲ့ရပါတယ်။ အဆောက်အအုံရဲ့ ပြတင်းပေါက်တွေကနေ မီးခိုးများစွာ ထွက်နေခဲ့တာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

သေဆုံးခဲ့ကြတဲ့ ကျောင်းသူကျောင်းသား အများစုဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး အဆောက်အအုံ အပေါ်ဆုံးထပ်မှာ စာသင်နေကြစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို လတ်တလော အတိအကျ မသိရသေးပေမဲ့ အာဏာပိုင်တွေကတော့ အဆောက်အအုံ အမိုးထဲမှာ အသုံးပြုထားတဲ့ ပစ္စည်းကြောင့် စာသင်ခန်းတွေကို မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သုံးသပ်ထားပါတယ်။မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူ ၂၀ ဦးထက်မနည်းရှိပြီး ၎င်းတို့ကို ဂူဂျာရတ်ပြည်နယ် ဆေးရုံမှာ ကုသပေးနေကြောင်း သိရပါတယ်။ “ကျောင်းသူကျောင်းသားတွေက မီးလောင်မှုကြောင့်နဲ့ အဆောက်အအုံကနေ ခုန်ချခဲ့ကြတာကြောင့် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်” လို့ ဒေသခံ မီးသတ်တပ်ဖွဲ့အရာရှိ Deepak Sapthaley က AFP သတင်းဌာနကို ပြောပါတယ်။

မီးလောင်မှုအတွင်း သေဆုံးခဲ့သူအားလုံးဟာ အသက် ၂၀ နှစ်အောက်အရွယ်တွေဖြစ်ပြီး အများအပြားဟာ စာသင်ခန်းများအနီးရှိ လှေခါးကို မီးကူးလောင်မှုကြောင့် ပိတ်မိခဲ့ကြတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် အဆောက်အအုံအတွင်း လူ ၅၀ သို့မဟုတ် ၆၀ ဦးရှိနေနိုင်တယ်လို့ မီးသတ်အရာရှိက ပြောပါတယ်။ယခု မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ညွန်ကြားထားကြောင်းနဲ့ သုံးရက်အတွင်း အစီရင်ခံစာ ရရှိနိုင်ကြောင်း ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေးရူပန်နီရဲ့ ရုံးခန်းမှ ပြောခွင့်ရအမျိုးသားက ဆိုပါတယ်။ အိန္ဒိယမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ဒေလီမြို့ရှိ ဟိုတယ်တစ်လုံး မီးလောင်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။
Credit Duwun

Facebook Comments