တချို့ မှန်တံတားခရီးသွားများ ဌားလာသည့် တရုတ် ကားဆရာပြန်သွားသဖြင့် ကားပြန်လည်ဌားရန် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရပါတယ်။
Credit – N.N.H(SS)
တရုတ်နိုင်ငံထဲကို သွားရောက်လည်ပတ်ခဲ့တဲ့ မြန်မာလူမျိုးတွေကို ရိုင်းပြစွာဆက်ဆံခဲ့တဲ့ တရုတ်နိုင်ငံသားများ
တရုတ်နိုင်ငံ ယူနန်ပြည်၏ နာမည်ကြီးမှန်တံတား မသွားသင့်တော့ပါ
23.2.2019ရက်နေ့ မြန်မာနိုင်ငံသားအများစု မှန်တံတားမှအပြန်ခရီးတွင် ယူနန်ပြည်နယ် မန်တုန်မြို့ တရုတ်ရဲတပ်ဖွဲ့ တခုမှ ကားများအားတားဆီးစစ်ဆေး၍ ခရီးသွားလည်ပတ်ခွင့်စာအုပ် အစိမ်းများကိုသိမ်းခါ လမ်းဘေးဝဲယာ ဆေးရွက်ကြီး စိုက်ခင်းများ သာရှိသည့် ရဲစခန်း တခုသို့ ခေါ်ဆောင်ခြင်းခံခဲ့ရပါသည်။
မြန်မာစံတော်ချိန်1:00ခန့်တွင်ရဲစခန်း ခန်းမကြီးထဲတွင် မှန်တံတားခရီးသွားများအားလုံးအား ငုတ်တုပ် ထိုင်ခိုင်း လျှက် ဓာတ်ပုံ ရိုက်ခြင်းများပြုလုပ်ပါသည်။ မည်သည့်အဓိပ္ပါယ် သက်ရောက်မှန်း မသိသော တရုတ်စာရေးထားသည့်ဆိုင်းဘုတ် ကို ကိုင်ဆောင်စေပြီး ရှေ့နောက်ဝဲယာဓာတ်ပုံရိုက်ပါသည်။
မှန်တံတားခရီးသွား မြန်မာနိုင်ငံသားအများစုအား ငါးယောက်တစ်တွဲ ဆေးရွက်ကြီးစိုက်ခင်းအတွင်း ဆေးရွက်ကြီးပင်များ ဆေးရွက်ကြီးများအား ကိုင်ခိုင်းလျှက် ဓာတ်ပုံရိုက်ယူပြီး လက်ဆယ်ချောင်းလုံး လက်ဗွေနိပ်ယူပါသည်။
ထိုသို့ ရိုက်ယူပြီးသူများ ငုတ်တုတ်ထိုင်ခိုင်းလျှက် (ကလေးအမေများအပါအဝင်)ြ မန်မာစံတော်ချိန် 6:00အချိန်ခန့်တွင် ပြန်လည်လွှတ်ပေးပါသည်။ ဖမ်းဆီးထားချိန် ph ခေါ်ဆိုခွင့်ပိတ်ပင်ထား၍ မြန်မာနိုင်ငံဖွား တရုတ်လူမျိူး တွေအပါအဝင် ကြောက်ရွံ့စွာ ကြုံတွေ့ခံစားရမှုက မှန်တံတားခရီးစဉ် အပျော်ခရီးဟာ ဂုဏ်သိက္ခာကျဆင်းပြီးခန္ဓာကိုယ်ပါပင်ပန်း
အောင် နိပ်စက်မှုခံခဲ့ရတယ်လေ။
တချိူ ့မှန်တံတားခရီးသွားများ ဌားလာသည့် တရုတ် ကားဆရာပြန်သွားသဖြင့် ကားပြန်လည်ဌားရန် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရပါတယ်။
နာမည်ကျော်မှန်တံတားမှ အပြန်စိတ်နှလုံးမချမ်းစေရာကြုံတွေ့ခဲ့ရသော ခရီးသွားတွေရိုက်ကူးခဲ့သော ပုံလေးသာ ဖြစ်ပါတယ်။
မှန်တံတားခရီးစဉ်ကို နိုင်ငံကူး အလည်အပါတ် စာအုပ်စိမ်းပါလည်း မသွားသင့်တော့ပါ ခင်ဗျာ။ တရုတ်ခရီးသွားမှန်သမျှ မြန်မာနိုင်ငံသားတွေလေးစား တန်ဖိုးထားခဲ့တယ်။
Credit – N.N.H(SS)
Facebook Comments