ရက္ရက္စက္စက္ ေသာင္းက်န္းသြားတဲ့ LEKIMA ျပင္းအားႀကီး မုန္တိုင္းၾကီးတိုက္ခတ္အျပီး ျမင္ကြင္းမ်ား

ဒီေန႔မနက္အေစာ LEKIMA ျပင္းအားႀကီး တိုင္ဖြန္းမုန္တိုင္းဟာဖုက်န႔္ျပည္နယ္ ဝန္းလင္ၿမိဳ႕ကိုဗဟိုျပဳကာ ျပည္နယ္ ကမ္းေၿခ တေလ်ာက္ကို ဝင္ေရာက္လာပါတယ္။

မုန္တိုင္းဟာ ျပည္နယ္ ရွစ္ခု ကို ရိုက္ခတ္ပါတယ္။ထိုင္ဝမ္ ဖုက်န႔္ ရွန္ဟဲ ေလယာဥ္ခရီးစဥ္ေတြ ဖ်က္သိမ္းထားရပါတယ္။

ဒီေန႔ ရွန္ဟဲၿမိဳ႕ရွိ ေလဆိပ္ႀကီး ႏွစ္ခုရဲ့ ေလယာဥ္ ခရီးစဥ္ (၅၂ဝ) ဖ်က္သိမ္းထားရပါတယက်ည္ဆန္ရထား အျမန္ရထား အေဝးေျပး ေမာ္ေတာ္ယာဥ္ ေတြလည္း ရပ္ဆိုင္းထားရပါတယ္။

ဒီေန႔ မီးရထားခရီးစဥ္ စီးေရ (၇၆ဝ) ရပ္ဆိုင္းထားရပါတယ္။

လက္ရွိအေနအထားမွာပင္ မုန္တိုင္းေၾကာင့္ အိမ္ေၿခ သုံးသိန္းခြဲခန႔္ လၽွပ္စစ္မီး ျပတ္ေတာက္ရပါတယ္။

မိုးမ်ား ေရႀကီး ေရလၽွံ ေရလႊမ္း ေျမၿပိဳ စတာေတြ မုန္တိုင္းနဲ႔အတူ ဆက္တိုက္ ျဖစ္ေပၚလာနိုင္ပါတယ္။

၁ဝ ဩဂတ္ ၂ဝ၁၉ /Credit@MMHK / Photo@wechat moment

unicode

ဒီနေ့မနက်အစော LEKIMA ပြင်းအားကြီး တိုင်ဖွန်းမုန်တိုင်းဟာဖုကျန့်ပြည်နယ် ဝန်းလင်မြို့ကိုဗဟိုပြုကာ ပြည်နယ် ကမ်းခြေ တလျောက်ကို ဝင်ရောက်လာပါတယ်။

မုန်တိုင်းဟာ ပြည်နယ် ရှစ်ခု ကို ရိုက်ခတ်ပါတယ်။ထိုင်ဝမ် ဖုကျန့် ရှန်ဟဲ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းထားရပါတယ်။

ဒီနေ့ ရှန်ဟဲမြို့ရှိ လေဆိပ်ကြီး နှစ်ခုရဲ့ လေယာဉ် ခရီးစဉ် (၅၂ဝ) ဖျက်သိမ်းထားရပါတယ်။

ကျည်ဆန်ရထား အမြန်ရထား အဝေးပြေး မော်တော်ယာဉ် တွေလည်း ရပ်ဆိုင်းထားရပါတယ်။

ဒီနေ့ မီးရထားခရီးစဉ် စီးရေ (၇၆ဝ) ရပ်ဆိုင်းထားရပါတယ်။

လက်ရှိအနေအထားမှာပင် မုန်တိုင်းကြောင့် အိမ်ခြေ သုံးသိန်းခွဲခန့် လျှပ်စစ်မီး ပြတ်တောက်ရပါတယ်။

မိုးများ ရေကြီး ရေလျှံ ရေလွှမ်း မြေပြို စတာတွေ မုန်တိုင်းနဲ့အတူ ဆက်တိုက် ဖြစ်ပေါ်လာနိုင်ပါတယ်။

၁ဝ ဩဂတ် ၂ဝ၁၉ /Credit@MMHK / Photo@wechat moment

Facebook Comments