သရုပ်ဆောင်မေသန်းနု ကို အ လုပ်နှင့် ထောင် တစ်နှစ် ချမှတ် လိုက်ပြီ

ယနေ့ ဇန် နဝါရီ ၂ရက် ရန်ကုန် လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တရားရင်ဆိုင်နေရသည့် သရုပ်ဆောင်မေသန်းနုကို ယနေ့တွင် ရန်ကင်းမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်သည် မေသန်းနုကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်း ၁၂၀၀ လိမ်လည်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာက တရားစွဲဆိုခြင်းဖြစ်သည်။

တရားရုံးက ထောင်ဒဏ်ချမှတ်ပြီးနောက် ၎င်းကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်အောင်က မေသန်းနုရဲ့ သတင်းဆိုးကို ကြားကြားပြီးချင်းမှာပဲ “စိတ်မကောင်းဘူး…အမြန်အဆင်ပြေပါစေဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

အကယ်ဒမီမင်းသားကြီး ရန်အောင်က ခေတ်သုံးခေတ်ဆက်တိုက် အားပေးသူပရိသတ်အများအပြားနဲ့ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ ရန်အောင်ဟာ အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပရိသတ်တွေအပေါ် သူရဲ့ လွှမ်းမိုးမှုကတော့ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်ပါ တယ်။

ဒီနေ့မှာတော့ ရန်အောင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ မေသန်းနု ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရတယ်ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်

Facebook Comments