သူ့ရဲ့မွေးရပ်မြေကို ကျေးဇူးဆပ်ချင်လို့ တစ်ရွာလုံးကို တိုက်ဆောက်ပေးလိုက်ခဲ့တဲ့ သူဌေး

လောကမှာကောင်းတာ စားတိုင်း မယုတ်မာသလို၊ သူတောင်းစားတိုင်းလည်း တောင်းမစားကြပါဘူး။ ဒါပေမယ့်လည်း တချို့သော လူချမ်းသာများရဲ့ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ယှဉ်ပြီး လူတော်တော်များများက ချမ်းသာတဲ့ လူတိုင်းကို တစ်ဖက်သတ် အမြင်တွေ စောင်းနေတာတွေကို တွေ့ရပါတယ်။

ရှိပါတယ်… ကိုယ့် တစ်ဘို့ပဲကြည့်တဲ့ လူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ့်မှာ ရှိသလောက်ထဲကမှ တတ်နိုင်သလောက် ပြန်လည်း ပေးကမ်းစွန့်ကြဲနေတဲ့ ချမ်းသာတဲ့သူတွေလည်း ရှိနေပါတယ်။

Xiong Shuihua ဆိုတဲ့ တရုတ် စီးပွားရေးလုပ်ငန်ရှင် မီလျံနာတစ်ယောက်ဟာ ကိုယ် ကြီးပြင်းလာတဲ့ ရွာက တဲအိမ်တွေ၊ လမ်းတွေကို ဘူဒိုဇာနဲ့ ပြန်ထိုးခဲ့ ဖျက်စီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဇိမ်ခံတိုက်ခန်းတွေကို ပြန်ဆောက်ပေးပြီး အားလုံးကို နေစရိတ်မဲ့ ပေးနေခဲ့ပါသတဲ့။

Xiong Shihua ဟာ တရုတ်ပြည်တောင်ပိုင်း Xinyu မြို့က Xiongkeng ဆိုတဲ့ရွာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရွာက ကြင်နာတတ်တဲ့ ရွာသားတွေက သူတို့မိသားစုအပေါ် ကြည့်ရှုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။

Xiong Shuihua ရဲ့ ကနဦးလုပ်ငန်းဟာ ဆောက်လုပ်ရေးပစ္စည်း စက်ရုံဖြစ်ပြီး အဲ့ဒီ့လုပ်ငန်းနောက်မှာ သူဟာ စတီးပစ္စည်းတွေကို ကုန်သွယ်ရောင်းဝယ်တဲ့ လုပ်ငန်းကို ဆက်လုပ်ခဲ့ပါတယ်။ သူဟာ အဲ့ဒီလိုနဲ့ ကြီးပွားခဲ့တာ အခုဆို မီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ဒီလိုဖြစ်လာချိန်မှာလည်း သူဟာ ကြီးပြင်းခဲ့တဲ့ နေရာနဲ့ သူအပေါ်မှာ ရှိတဲ့ ကျေးဇူးတွေကို ပြန်ဆပ်ရမယ် ဆိုတဲ့ အသိစိတ်အပြည့်ရှိနေခဲ့ပါတယ်။ ဒါကြောင့် Xiong ဟာ ရွာကို ပြန်ပြီး ရွာက လူတွေကို အကောင်းဆုံး နေစရာနေရာတွေကို အပိုင်ရရှိဖို့ ဖန်တီးပေးခဲ့ပါတယ်။

ရွာက အိမ်တွေကို ဘူဒိုဇာနဲ့ ဖျက်၊ ရွံထူးတဲ့ လမ်းတွေကို ဖျက်ပြီး အခုလိုပဲ ပြန်လည် ပြုပြင်တည်ဆောက်ပေးခဲ့ပါတယ်။ အသက် (၅၄) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ သူဌေးဟာ ဝင်ငွေနည်းသူတွေနဲ့ သက်ကြီးရွယ်အိုများအတွက် တစ်နေ့ (၃) နပ် ကျွေးမယ်လို့ ကတိပြုထားပါသေးတယ် မကြာသေးတဲ့ နှစ်အနည်းငယ်ကမှ အဲ့ဒီ ဧရိယာကို ပြုပြင်ပြောင်းလဲခဲ့တာဖြစ်ပြီး အခုဆို အိမ်ထောင်စု (၇၂) စုဟာ နေအိမ်အသစ်တွေနဲ့ နေနိုင်နေပြီဖြစ်ပါတယ်။

Xiong Shuihua ရဲ့ ရည်ရွယ်ချက်ကလည်း သိပ်ကို ရိုးရှင်းပါတယ်။ ငယ်ငယ်က သူရဲ့ မိသားစုအပေါ် ကူညီခဲ့တဲ့ လူတွေကို ပြန်ပြီး ကျေးဇူးဆပ်ချင်တာပါတဲ့။ ဒီ သူဌေးရဲ့ အကြောင်းကို သိလိုက်ရခြင်းဖြင့် ချမ်းသာခြင်း အစစ်အမှန်ဟာ ဘယ်လိုမျိုးလဲ အားလုံး သဘောပေါက်မယ်လို့ ထင်ပါတယ်။

Source: Elite Reader

Facebook Comments

Add a Comment

Your email address will not be published. Required fields are marked *