ပွဲတက်ရင်း မထင်မှတ်ပဲ ဖက်ရှင်ဆင်တူလေး ဖြစ်နေခဲ့တဲ့ မိုးယုစံနဲ့ အိန္ဒြာ

ကည်လင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာမှာလည်း ထူးချွန်တာကြောင့် ပရိသတ်တွေ အရမ်းချစ်ကြရတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးပုံဖော်ထားတဲ့ မိုးယုစံကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး လှလာတာလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ မိုးယုစံက AFG Group AYA ကလုပ်တဲ့ Happy New Year Countdown Party 2020 မှာ ချစ်ရတဲ့ စီနီယာအမဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ ဖက်ရှင်ဆင်တူလေး ဖြစ်နေခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
မိုးယုစံကတော့ “AFG Group AYA ကလုပ်တဲ့ Happy New Year Countdown Party 2020ရဲ့အစမှာ ကံထရှင်3ယောက် ထဲပါခဲ့တာ အရမ်းဝမ်းသာလို့မဆုံးပါဘူး တခါမှကံမထူးဘူးတာ ကားမပေါက်ပေမဲ့ ‌2‌ယောက်ထဲပေးတဲ့ ဒေါ်လာ5000 ကံထူးခဲ့ပါတယ်

2020ရဲ့ ပထမဆုံးနေ့မနက်ဖြန်လည်းအလုပ်လေးနဲ့စပါမယ် Lucky Year2020သတိတရဖိတ်ကြားသောAYA Group ဆရာ John Lwinကျေးဇူးတင်ပါတယ်” ဆိုပြီး သူမရဲ့ပွဲတက်ပုံရိပ်လေးနဲ့အတူ အဆိုပါပွဲလေးမှာ ကံထူးခဲ့တဲ့အကြောင်းကိုလည်း လူမှုကွန်ယက်မှာ ဝေမျှပေးထားပါသေးတယ်။မင်းသမီးချောလေး မိုးယုစံကတော့ 2020 ရဲ့နှစ်အစလေးမှာ အနုပညာအလုပ်တွေလုပ်ရင်း ရှေ့ဆက်နေတယ်လို့ သိရပါတယ်။

Facebook Comments

Add a Comment

Your email address will not be published. Required fields are marked *