သူမရဲ့ နေထိုင်တဲ့ ပုံစံအစစ်အမှန် ကို ပညာသားပါပါ ချပြလိုက်တဲ့ မြတ်သူသူ

သူမရဲ့ နေထိုင်တဲ့ ပုံစံအစစ်အမှန် ကို ပညာသားပါပါ ချပြလိုက်တဲ့ မြတ်သူသူ

“တို့မမနဲ့တို့” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ ပြင်ဆင်နေသူတစ်ယောက်ဖြစ်တဲ့ မြတ်သူသူဇင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကို ပိုင်ဆိုင်ရရှိထားတဲ့ သူတစ်ယောက်ပါ။ “ပျားရည်အိုင်”ဇာတ်လမ်းတွဲကနေ မြညိုကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

သူမကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့ နာမည်အရင်းထက် မြညိုလေးဆိုပြီး ချစ်စနိုးနဲ့ခေါ်ကြတာပဲဖြစ်ပါတယ်။ ရိုးသားဖြူစင်မှု မာန်မာနမရှိဟန်ဆောင်မှုကင်းတဲ့ သူဖြစ်တဲ့ မြတ်သူသူဇင်ကတော့ သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကို ရင်းရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံတဲ့ ချစ်စရာကောင်းတဲ့ သူလေးပဲဖြစ်ပါတယ်။

အမြဲရိုးရိုးယဉ်ယဉ်လေးနဲ့ မြန်မာဆန်ဆန် လှနေတတ်တဲ့ မင်းသမီးလေး မြတ်သူသူကတော့ ” လမ်းထွက်ရင် သနပ်ခါးနဲ့ထွက်တဲ့မိန်းကလေးရှိသေးလား ဘာလားဆိုပြီး FB ပေါ်ဘဝကြီးလုပ်တင်မနေနဲ့ဗျို့ ။

တကယ့်ဘဝအစစ်လမ်းတွေပေါ်မှာ မြန်မာသနပ်ခါးလိမ်းပြီး ခုထိရိုးသားတဲ့မြန်မာမလေးတွေ တပုံကြီးရယ် တကယ့်ဘဝအစစ်ထဲမြင်အောင်ကြည့် ” ဆိုတဲ့ စာသားလေးနဲ့အတူ သနပ်ခါးဘကွက်ကြားလေးနဲ့ လှနေတဲ့ သူမရဲ့ပုံရိပ်တွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး မြန်မာဆန်ဆန်လှနေတဲ့ မြတ်သူသူကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Facebook Comments

Add a Comment

Your email address will not be published. Required fields are marked *