က်ပ္ ၉၃ သိန္းျဖင့္ Hybrid ကားသစ္ မ်ား မၾကာခင္ဝယ္ယူႏိုင္ေတာ့မည္

Zawgyi ျဖင့္ဖတ္ရန္

တ႐ုပ္-ျမန္မာ ခ်စ္ၾကည္ေရး အျဖစ္ တ႐ုပ္ႏိုင္ငံ အဆင့္ျမင့္နည္းပညာနဲ႔ ျမန္မာကုပဏီတို႔ ပူးေပါင္းၿပီး အဆင့္ျမင့္ Hybrid(ဘက္ထရီ) ကားမ်ားကို ရန္ကုန္ၿမိဳ႕ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ သာဓုကန္စက္မႈဇုံတြင္ ေမာ္ေတာ္ယာဥ္မ်ား စတင္ထုတ္လုပ္ေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ KSD-V1 အမ်ိဳးအစားကား အစီးေရ ၁၀၀ ေက်ာ္ထုပ္လုပ္ထားၿပီး မတ္လမကုန္မီ က.ည.န လိုင္စင္မ်ား ရရွိေတာ့မည္ျဖစ္ေၾကာင္း Khaing Khaing Sangda ကားစက္႐ုံ၏ မန္ေနဂ်င္းဒါ႐ိုက္တာ မစၥတာ Yu Jian Chen က သတင္းမီဒီယာမ်ားႏွင့္ မတ္ ၄ ရက္က အဆိုပါစက္႐ုံတြင္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္။ တစ္ရက္လွ်င္ ကားအစီး ၄၀ ထုတ္လုပ္သြားရန္ စီစဥ္ထားၿပီး ျမန္မာအစိုးရအေနနဲ႔ ကားတာယာမ်ား ပကူညီေပးေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။

KSD- V1 အမ်ိဳးအစားသည္ ငါးေယာက္စီးျဖစ္ၿပီး တစ္နာရီလွ်င္ အျမန္ႏႈန္း ၅၀ ကီလိုမီတာျဖင့္ ေမာင္းႏွင္ ႏိုင္သည္။ လစ္သီယမ္ဘက္ထရီအမ်ိဳးအစားကို အသုံးျပဳထား ၿပီး အင္ဂ်င္ပါဝါ ၂၀၀ စီစီ ရွိကာ ဘက္ထရီအား ပုံမွန္အေနအထားရွိပါက ၅၅ ကီလိုမီတာသြားႏိုင္ၿပီး အားျပည့္ေနလွ်င္ ကီလိုမီတာ ၁၀၀ အကြာအေဝးကို တစ္ဆက္တစ္စပ္တည္း သြားႏိုင္ေၾကာင္း သိရသည္။ အဆိုပါကားအမ်ိဳးအစားအတြက္ ျမန္မာေငြ ၉၃ သိန္းက်မည္ျဖစ္ကာ ဘတ္ထရီအာမခံ တစ္ႏွစ္ခြဲေပးထားေၾကာင္း သိရွိရသည္။

ေနာက္ထပ္ ကားအမ်ိဳးအစားတစ္ခုမွာ KSD-V2 အမ်ိဳးအစား ငါးေယာက္စီးျဖစ္ၿပီး အင္ဂ်င္ပါဝါ ၈၀၀ စီစီ ရွိကာ ပုံမွန္ျမန္ႏႈန္း ၉၀ အထိ ေမာင္းႏွင္ႏိုင္ၿပီး ပုံမွန္တစ္နာရီ လွ်င္ ၅၅ ကီလိုမီတာ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္ႏိုင္ၿပီး ဘက္ထရီ အားျပည့္ခ်ိန္တြင္ ကီလိုမီတာ ၈၀၀ ေမာင္းႏွင္ႏိုင္ေၾကာင္း သိရသည္။ KSD-V2 အတြက္ ၁၃၉ သိန္း က်သင့္မည္ျဖစ္ၿပီး ဘက္ထရီအာမခံ ငါးႏွစ္ရရွိ မည္ျဖစ္သည္။

ဘက္ထရီကားမ်ားကို ထုတ္လုပ္ရျခင္းမွာ ရန္ကုန္ၿမိဳ႕တြင္း ေလထုညစ္ညမ္းမႈေလ်ာ့ခ်ကာ ပတ္ဝန္းက်င္ သန႔္ရွင္းသာယာေစရန္ႏွင့္ စြမ္းအင္ကိုလည္း ေခြၽတာႏိုင္ေစရန္ ရည္႐ြယ္ေၾကာင္း သိရွိရသည္။
ယင္းလွ်ပ္စစ္ကားမ်ားကို ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္ သာဓုကန္ စက္မႈဇုန္ အပိုင္း(၃/၄) အမွတ္ ၇၉/၈၀ တြင္ ျမန္မာႏိုင္ငံစက္႐ုံအျဖစ္ တည္ကာ ထုတ္လုပ္သြားမည္ျဖစ္သည္။ ထိုကား စက္႐ုံႀကီး တည္ေဆာက္ ထုတ္လုပ္သြားမည့္အတြက္ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေစကာ ကားထုတ္လုပ္မႈႏွင့္ ပတ္သက္သည့္ နည္းပညာ ကြၽမ္းက်င္ဝန္ထမ္းမ်ား ေမြးထုတ္ေပးႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။ ထို New Energy Car (Hybrid) လွ်ပ္စစ္ (ဘက္ထရီ)ကားမ်ား ျမန္မာႏိုင္ငံ တြင္ စတင္ထုတ္လုပ္မႈသည္လည္း ပထမဆုံးျဖစ္ ေၾကာင္း သိရသည္။

Credit : popolay

Zawgyi ဖြင့်ဖတ်ရန်

တရုပ်-မြန်မာ ချစ်ကြည်ရေး အဖြစ် တရုပ်နိုင်ငံ အဆင့်မြင့်နည်းပညာနဲ့ မြန်မာကုပဏီတို့ ပူးပေါင်းပြီး အဆင့်မြင့် Hybrid(ဘက်ထရီ) ကားများကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်စက်မှုဇုံတွင် မော်တော်ယာဉ်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် KSD-V1 အမျိုးအစားကား အစီးရေ ၁၀၀ ကျော်ထုပ်လုပ်ထားပြီး မတ်လမကုန်မီ က.ည.န လိုင်စင်များ ရရှိတော့မည်ဖြစ်ကြောင်း Khaing Khaing Sangda ကားစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ Yu Jian Chen က သတင်းမီဒီယာများနှင့် မတ် ၄ ရက်က အဆိုပါစက်ရုံတွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ တစ်ရက်လျှင် ကားအစီး ၄၀ ထုတ်လုပ်သွားရန် စီစဉ်ထားပြီး မြန်မာအစိုးရအနေနဲ့ ကားတာယာများ ပကူညီပေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

KSD- V1 အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး တစ်နာရီလျှင် အမြန်နှုန်း ၅၀ ကီလိုမီတာဖြင့် မောင်းနှင် နိုင်သည်။ လစ်သီယမ်ဘက်ထရီအမျိုးအစားကို အသုံးပြုထား ပြီး အင်ဂျင်ပါဝါ ၂၀၀ စီစီ ရှိကာ ဘက်ထရီအား ပုံမှန်အနေအထားရှိပါက ၅၅ ကီလိုမီတာသွားနိုင်ပြီး အားပြည့်နေလျှင် ကီလိုမီတာ ၁၀၀ အကွာအဝေးကို တစ်ဆက်တစ်စပ်တည်း သွားနိုင်ကြောင်း သိရသည်။ အဆိုပါကားအမျိုးအစားအတွက် မြန်မာငွေ ၉၃ သိန်းကျမည်ဖြစ်ကာ ဘတ်ထရီအာမခံ တစ်နှစ်ခွဲပေးထားကြောင်း သိရှိရသည်။

နောက်ထပ် ကားအမျိုးအစားတစ်ခုမှာ KSD-V2 အမျိုးအစား ငါးယောက်စီးဖြစ်ပြီး အင်ဂျင်ပါဝါ ၈၀၀ စီစီ ရှိကာ ပုံမှန်မြန်နှုန်း ၉၀ အထိ မောင်းနှင်နိုင်ပြီး ပုံမှန်တစ်နာရီ လျှင် ၅၅ ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီ အားပြည့်ချိန်တွင် ကီလိုမီတာ ၈၀၀ မောင်းနှင်နိုင်ကြောင်း သိရသည်။ KSD-V2 အတွက် ၁၃၉ သိန်း ကျသင့်မည်ဖြစ်ပြီး ဘက်ထရီအာမခံ ငါးနှစ်ရရှိ မည်ဖြစ်သည်။

ဘက်ထရီကားများကို ထုတ်လုပ်ရခြင်းမှာ ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှုလျော့ချကာ ပတ်ဝန်းကျင် သန့်ရှင်းသာယာစေရန်နှင့် စွမ်းအင်ကိုလည်း ချွေတာနိုင်စေရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ယင်းလျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် အပိုင်း(၃/၄) အမှတ် ၇၉/၈၀ တွင် မြန်မာနိုင်ငံစက်ရုံအဖြစ် တည်ကာ ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုကား စက်ရုံကြီး တည်ဆောက် ထုတ်လုပ်သွားမည့်အတွက် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေကာ ကားထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာ ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထို New Energy Car (Hybrid) လျှပ်စစ် (ဘက်ထရီ)ကားများ မြန်မာနိုင်ငံ တွင် စတင်ထုတ်လုပ်မှုသည်လည်း ပထမဆုံးဖြစ် ကြောင်း သိရသည်။

Credit : popolay

Facebook Comments