Victoria လေးရဲ့အမေနေရာမှာဆိုရင် ကိုယ်တိုင်သတ်ပြီးမှ ထောင်ထဲဝင်မယ်ဆိုပြီး ပြောလိုက်တဲ့ ခင်ဇာခြည်ကျော်

Posted on

Zawgyi





Credit – celefamily

Unicode

နေပြည်တော်က သမီးလေးရဲ့သက်ငယ်မုဒိန်းမှုကတော့ အခုလတ်တလောမှာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေရဲ့စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံနေရတဲ့ အမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တာ အချိန်တစ်လကျော်ကြာတဲ့အထိ တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့တဲ့ ဒီအမှုက အခုတော့ တရားခံထွက်ပေါ်လာခဲ့ပြီလို့ သိရပါတယ်။ သို့ပေမယ့်လည်း ပြည်သူတစ်ရပ်လုံးက တရားခံနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အနုပညာရှင်တွေ တော်တော်များများကလည်း သမီးလေး Victoria ဘက်က မခံမရပ်နိုင်ဖြစ်နေကြပြီး ရပ်တည်ပေးနေတာ တွေ့ရပါတယ်။ အခုလည်း သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်နဲ့ သမီးလေး Victoria နဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်တွေကို ပြောပြလာခဲ့ပါတယ်။ ခင်ဇာခြည်ကျော်က သူမသာ Victoria လေးရဲ့အမေနေရာမှာဆိုရင် ကိုယ်တိုင်သတ်ပြီး ထောင်ထဲဝင်မယ်လို့ ရင်ဖွင့်ပြောပြထားတာပဲ ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်က ” သနား လိုက် တာ victoria လေးရယ်.. မိအေး ၂ ခါ နာ ဆိုတာ ဒါမျိုးပေါ့ ..သူအမေနေရာမှာ ကိုယ်သာ ဆို ရင် တော့ ကိုယ်တိုင်သတ်ပြီးမှ ထောင်ထဲဝင်မယ် .. ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ တရားခံနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြတဲ့သူတွေထဲမှာတော့ ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေလည်း ပါဝင်ကြတာ ဖြစ်ပါတယ်။ သမီးလေး Victoria အတွက်လည်း ခင်ဇာခြည်ကျော်က ခံပြင်းဒေါသတွေနဲ့ စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

Credit – celefamily

Facebook Comments