Victoria ေလးအမႈ႔မွာ က်ဴးလြန္သူ ကို မမိမခ်င္း သူတို႔ ဘဝေတြ ျပန္ရဖို႔ ခက္ခဲ့ပါၿပီလို႔ ေျပာလာတဲ့ သကၠမိုးညိဳ

Posted on

သမီးေလး ကိစၥမွာ အမွန္တရားအတိုင္း ျဖစ္မွ နစ္နာသူေတြ ျပန္လည္ကုစားလို႔ ရပါမယ္။အခု အားလုံးလည္း သိေနၿပီမို႔ ပြင့္ပြင့္လင္းလင္းပဲ ေျပာပါ့မယ္။အမ်ားျပည္သူက ထင္ေနၾကတဲ့ ေဒၚဥမၼာလွိုင္ သားႏွစ္ေယာက္သည္ ေအာင္ႀကီးကို ေထာင္ခ်လိုက္႐ုံနဲ႔ သူတို႔ ဘ၀ ျပန္လည္ ကုစားလို႔ ရမွာ မဟုတ္ပါဘူး။

ေအာင္ႀကီးသည္ တရားခံ အစစ္ ျဖစ္ပါတယ္ ဆိုတာကို အမ်ားျပည္သူ ပြင့္လင္းျမင္သာစြာ သံသယ ရွင္းရွင္း ျမင္ရမွသာ သူတို႔ႏွစ္ေယာက္ရဲ့ နစ္နာမႈအတြက္ ျပည္လည္ ကုစားလို႔ ရမွာပါ။ တကယ္လို႔ သူတို႔ ႏွစ္ေယာက္ထဲက တေယာက္က တရားခံ ျဖစ္ေနရင္ပဲ ျဖစ္ျဖစ္၊ ေအာင္ႀကီးရယ္၊ သူတို႔ ႏွစ္ေယာက္ရယ္ မဟုတ္ပဲ ေနာက္ထပ္ တရားခံ တေယာက္ထပ္ေတြ႕တာပဲ ျဖစ္ျဖစ္ ထပ္ေတြ႕ေသာ တရားခံသည္ စစ္မွန္ေသာ တရားခံ ျဖစ္ကို ျဖစ္ရပါမယ္။

စစ္မွန္ေသာ တရားခံျဖစ္ေၾကာင္း ျပတ္သားတိက် အားေကာင္းေသာ သက္ေသ ျဖစ္ရပါမယ္။ ဒါမွသာ သူတို႔ ႏွစ္ေယာက္ရဲ့ ဘဝကို ျပန္ရပါမယ္အခု အခ်ိန္မွာ ဝိုးတိုးဝါးတားနဲ႔ ေအာင္ႀကီး ဟုတ္သလိုလို၊ မဟုတ္သလိုလို မျပတ္မသား သက္ေသနဲ႔ ေထာင္က်သြားရင္ ကေလး ႏွစ္ေယာက္ ဘ၀ ေသပါၿပီ။ သူတို႔အတြက္ နစ္နာပါတယ္။

အနည္းဆုံး မက်ဴးလြန္ခဲ့သူ တေယာက္ က်န္ေနတယ္ ထားဦး၊ အဲဒီ မက်ဴးလြန္သူအတြက္ နစ္နာလြန္းလွပါတယ္။ဒီလို နစ္နာေအာင္ မင္းေရးခဲ့တာေလလို႔ ေျပာလာမယ့္သူေတြ ရွိပါလိမ့္မယ္။ ကၽြန္ေတာ့္ စာ အစဥ္အဆက္ကို ဖတ္ၾကည့္ပါ။ ကေလးႏွစ္ေယာက္ အေၾကာင္း မပါပါဘူး။ ကေလးႏွစ္ေယာက္ကို ထင္တယ္လို႔ ထုတ္ေဖၚခဲ့သူက သတ္သတ္ပါ။

ေနာက္တခု၊ ဒီလို နစ္နာမႈ ျဖစ္ေစတာသည္ ေက်ာင္းဘက္က ကုစားမႈ ေနာက္က်တာေၾကာင့္ပါ။ Wisdom Hill ဘက္က ေၾကျငာခ်က္ကို ဖတ္ရပါတယ္။ ေတာင္းပန္ထားတာလည္း ေတြ႕ပါတယ္။ ဒီအခ်ိန္မွာ နာဂစ္ကို အမွတ္ရမိပါတယ္နာဂစ္ဝင္ၿပီး တရက္အတြင္း ကယ္ဆယ္ေရး ဝင္တာနဲ႔ ခုနစ္ရက္ေလာက္ေနမွ ကယ္ဆယ္ေရး ဝင္တာ ကြာျခားလြန္းပါတယ္။

Damage Management ရဲ့ ေသာ့ခ်က္သည္ timing ပါပဲ။ ေက်ာင္းဘက္ကို ကေလးမိဘေတြ လာတုန္းက ဒီေၾကညာခ်က္ထုတ္ခဲ့ရင္လို႔ ကၽြန္ေတာ္ ေၾကေၾကကြဲကြဲ ေတြးေနမိတယ္။ တကယ္ပဲ သမီးေလးအေပၚ စာနာစြာနဲ႔ ေဖးမခဲ့ရင္လို႔ ေတြးေနမိတယ္။

တကယ္က ကၽြန္ေတာ့္ကို ေက်ာင္းဘက္က ဦးဆုံးရခဲ့တာပါ။ crisis Management လုပ္ဖို႔ ဦးဆုံး ေဒၚခိုင္သဇင္ကို အႀကံေပးခဲ့တာ ကၽြန္ေတာ္ပါ။ အေထ့အေငါ့ေတြနဲ႔ ၿခိမ္းေျခာက္ခဲ့သူ တေယာက္ မရွိခဲ့ရင္ ကၽြန္ေတာ္ ေစာင့္ၾကည့္ေနမိဦးမယ္ ထင္ပါရဲ့။ ဒါေပမယ့္လည္း အခုအခ်ိန္မွ damage management ဝင္လုပ္တဲ့အခါ အခါမ်ားစြာ ေႏွာင္းခဲ့ၿပီ။

ကေလးႏွစ္ေယာက္၊ ေအာင္ႀကီး၊ ေက်ာင္း၊ မိဘေတြ၊ နစ္နာသူေတြ အမ်ားႀကီး ျဖစ္ခဲ့ၿပီ။ က်ဴးလြန္သူ တေယာက္ကို မမိမခ်င္း သူတို႔ ဘဝေတြ ျပန္ရဖို႔ ခက္ခဲ့ပါၿပီ။ ေၾကကြဲစရာပါပဲ။

Credit-poping box / Source ; သကၠမိုးညိဳ

Unicode

Victoria လေးအမှု့မှာ ကျူးလွန်သူ ကို မမိမချင်း သူတို့ ဘဝတွေ ပြန်ရဖို့ ခက်ခဲ့ပါပြီလို့ ပြောလာတဲ့ သက္ကမိုးညို

သမီးလေး ကိစ္စမှာ အမှန်တရားအတိုင်း ဖြစ်မှ နစ်နာသူတွေ ပြန်လည်ကုစားလို့ ရပါမယ်။အခု အားလုံးလည်း သိနေပြီမို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။အများပြည်သူက ထင်နေကြတဲ့ ဒေါ်ဥမ္မာလှိုင် သားနှစ်ယောက်သည် အောင်ကြီးကို ထောင်ချလိုက်ရုံနဲ့ သူတို့ ဘဝ ပြန်လည် ကုစားလို့ ရမှာ မဟုတ်ပါဘူး။

အောင်ကြီးသည် တရားခံ အစစ် ဖြစ်ပါတယ် ဆိုတာကို အများပြည်သူ ပွင့်လင်းမြင်သာစွာ သံသယ ရှင်းရှင်း မြင်ရမှသာ သူတို့နှစ်ယောက်ရဲ့ နစ်နာမှုအတွက် ပြည်လည် ကုစားလို့ ရမှာပါ။ တကယ်လို့ သူတို့ နှစ်ယောက်ထဲက တယောက်က တရားခံ ဖြစ်နေရင်ပဲ ဖြစ်ဖြစ်၊ အောင်ကြီးရယ်၊ သူတို့ နှစ်ယောက်ရယ် မဟုတ်ပဲ နောက်ထပ် တရားခံ တယောက်ထပ်တွေ့တာပဲ ဖြစ်ဖြစ် ထပ်တွေ့သော တရားခံသည် စစ်မှန်သော တရားခံ ဖြစ်ကို ဖြစ်ရပါမယ်။

စစ်မှန်သော တရားခံဖြစ်ကြောင်း ပြတ်သားတိကျ အားကောင်းသော သက်သေ ဖြစ်ရပါမယ်။ ဒါမှသာ သူတို့ နှစ်ယောက်ရဲ့ ဘဝကို ပြန်ရပါမယ်အခု အချိန်မှာ ဝိုးတိုးဝါးတားနဲ့ အောင်ကြီး ဟုတ်သလိုလို၊ မဟုတ်သလိုလို မပြတ်မသား သက်သေနဲ့ ထောင်ကျသွားရင် ကလေး နှစ်ယောက် ဘဝ သေပါပြီ။ သူတို့အတွက် နစ်နာပါတယ်။

အနည်းဆုံး မကျူးလွန်ခဲ့သူ တယောက် ကျန်နေတယ် ထားဦး၊ အဲဒီ မကျူးလွန်သူအတွက် နစ်နာလွန်းလှပါတယ်။ဒီလို နစ်နာအောင် မင်းရေးခဲ့တာလေလို့ ပြောလာမယ့်သူတွေ ရှိပါလိမ့်မယ်။ ကျွန်တော့် စာ အစဉ်အဆက်ကို ဖတ်ကြည့်ပါ။ ကလေးနှစ်ယောက် အကြောင်း မပါပါဘူး။ ကလေးနှစ်ယောက်ကို ထင်တယ်လို့ ထုတ်ဖေါ်ခဲ့သူက သတ်သတ်ပါ။

နောက်တခု၊ ဒီလို နစ်နာမှု ဖြစ်စေတာသည် ကျောင်းဘက်က ကုစားမှု နောက်ကျတာကြောင့်ပါ။ Wisdom Hill ဘက်က ကြေငြာချက်ကို ဖတ်ရပါတယ်။ တောင်းပန်ထားတာလည်း တွေ့ပါတယ်။ ဒီအချိန်မှာ နာဂစ်ကို အမှတ်ရမိပါတယ်နာဂစ်ဝင်ပြီး တရက်အတွင်း ကယ်ဆယ်ရေး ဝင်တာနဲ့ ခုနစ်ရက်လောက်နေမှ ကယ်ဆယ်ရေး ဝင်တာ ကွာခြားလွန်းပါတယ်။

Damage Management ရဲ့ သော့ချက်သည် timing ပါပဲ။ ကျောင်းဘက်ကို ကလေးမိဘတွေ လာတုန်းက ဒီကြေညာချက်ထုတ်ခဲ့ရင်လို့ ကျွန်တော် ကြေကြေကွဲကွဲ တွေးနေမိတယ်။ တကယ်ပဲ သမီးလေးအပေါ် စာနာစွာနဲ့ ဖေးမခဲ့ရင်လို့ တွေးနေမိတယ်။

တကယ်က ကျွန်တော့်ကို ကျောင်းဘက်က ဦးဆုံးရခဲ့တာပါ။ crisis Management လုပ်ဖို့ ဦးဆုံး ဒေါ်ခိုင်သဇင်ကို အကြံပေးခဲ့တာ ကျွန်တော်ပါ။ အထေ့အငေါ့တွေနဲ့ ခြိမ်းခြောက်ခဲ့သူ တယောက် မရှိခဲ့ရင် ကျွန်တော် စောင့်ကြည့်နေမိဦးမယ် ထင်ပါရဲ့။ ဒါပေမယ့်လည်း အခုအချိန်မှ damage management ဝင်လုပ်တဲ့အခါ အခါများစွာ နှောင်းခဲ့ပြီ။

ကလေးနှစ်ယောက်၊ အောင်ကြီး၊ ကျောင်း၊ မိဘတွေ၊ နစ်နာသူတွေ အများကြီး ဖြစ်ခဲ့ပြီ။ ကျူးလွန်သူ တယောက်ကို မမိမချင်း သူတို့ ဘဝတွေ ပြန်ရဖို့ ခက်ခဲ့ပါပြီ။ ကြေကွဲစရာပါပဲ။

Credit-poping box / Source ; သက္ကမိုးညို

Facebook Comments